အများပြည်သူ နှောင့်ယှက်မှုများ
ဦးဟန်ညွန့် (ဥပဒေ)
▲တရားဥပဒေ ▲
“တရားဥပဒေအကြောင်း အနှစ်သာရ” ဆွေးနွေးမှု ကို ကျွန်တော်၏ ရုံးခန်း၌ ကျင်းပပါသည်။ အမှုလိုက်တာဝန်သာမက ဥပဒေအကြံပေးကိစ္စ၊ အများပြည်သူကိစ္စ၊ ဥပဒေအထောက်အကူ ကိစ္စများကိုလည်း အလုပ်သင်ရှေ့နေများအား ဆွေးနွေးပို့ချပါသည်။ ရှေ့နေတစ်ယောက်သည် အမှုလိုက်တတ်ရုံနှင့် ပြည့်စုံမှုမရှိသေး။ ဘက်စုံ ထူးချွန်ဖို့လိုသည်။ တရားဥပဒေ၏ သဘော သဘာဝ၊ အနှစ်သာရကို သိဖို့လိုသည်။ သိရုံနှင့် မပြီးသေး။ ထပ်ဆင့်ဖြန့်ဝေဖို့၊ မျှဝေဖို့၊ အသိပေးဖို့၊ ပညာပေးဖို့လိုသေးသည်ဟု ကျွန်တော်ခံယူသည်။ အလုပ်သင်ရှေ့နေများကို ဤသို့သင်ကြားပေးပါ သည်။
▲ မေးခွန်း ▲