Skip to main content

ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း (ပြည်)

ကမ္ဘာ့နေရာဒေသ အသီးသီးနေထိုင်ကြသည့် လူမျိုးအသီးသီး၏ ယဉ်ကျေးမှုထွန်းကားခဲ့သည့် ဖြစ်စဉ်များတွင် ကြွင်းကျန်ရစ်ခဲ့သော ဒြပ်ရှိ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်လာချိန်တွင် ရှေးဟောင်းသုတေသနပညာရပ်သည် အရေးပါသော ဘာသာရပ်တစ်ခု ဖြစ်လာခဲ့သည်။

ထို့ကြောင့်မြေပေါ်မြေအောက် အထောက်အထားများကို တူးဖော်ကာ သမိုင်းကွင်းဆက်နှင့် ယဉ်ကျေးမှုဖြစ်စဉ်များကို ဖော်ထုတ်သည့် ရှေးဟောင်းသုတေသနပညာကို ကမ္ဘာတစ်ဝန်း၌ စိတ်ဝင်စားစွာ သင်ယူသူများလည်း တိုးတက်များပြားလာခဲ့သည်။

စီးပွားရေးဝန်းကျင်ကောင်းကို ဖန်တီးခြင်း စကားဝိုင်း ကျင်းပ

စီးပွားရေးဝန်းကျင်ကောင်းကို ဖန်တီးခြင်း စကားဝိုင်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ အဆိုပါ စကားဝိုင်းတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဦးသူရိန်လွင်က အစီအစဉ်မှူးအဖြစ် ဆောင်ရွက်ပြီး စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး (စီးပွားရေး လုပ်ငန်းများလုပ်ကိုင်ရန် လွယ်ကူမှုတိုးတက်ရေးလုပ်ငန်းအဖွဲ့၊ အတွင်းရေးမှူး)၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ငြိမ်းအောင် (ပိုင်ဆိုင်မှု မှတ်ပုံတင်

မြန်မာ (၄.၀) - စတုတ္ထစက်မှုတော်လှန်ရေးနှင့် အနာဂတ်မြန်မာနိုင်ငံတော်

မြန်မာ (၄.၀) ဆိုသည်မှာ စတုတ္ထစက်မှုတော်လှန်ရေးကို ရည်မှန်းသော အနာဂတ်မြန်မာနိုင်ငံတော်ကို ဆိုလိုခြင်း ဖြစ်ပါသည်။ အာဆီယံ (၄.၀) သို့ ဦးတည်သော မြန်မာနိုင်ငံဟုလည်း ဆိုနိုင်ပါသည်။ ၁၇၆ဝ ပြည့်နှစ်နောက်ပိုင်းတွင် စက်ယန္တရားများကို (Mechanization) အခြေခံသည့် ပထမစက်မှုတော်လှန်ရေး စတင်ပေါ်ပေါက်လာခဲ့ပါသည်။ ၁၈ ရာစုတစ်လျှောက်တွင် ရေနွေးငွေ့ သုံး မီးသင်္ဘောများ၊ မီးရထားများနှင့် အလားတူ စက်ယန္တရားများ၏ အကျိုးကျေးဇူးကြောင့် အနောက် တိုင်းနိုင်ငံကြီးများ တစ်ဟုန်ထိုး တိုးတက်လာခဲ့ကြပါသည်။ ဒုတိယစက်မှုတော်လှန်ရေးအဖြစ် ၁၉ ရာစုနောက်ပိုင်းတွင် လျှပ်စစ်မီး (Electricity) ကို တီထွင် အသုံးပြု၍ စက်ပစ္စည်းများ စနစ်တကျတပ်ဆင

စာဖတ်ခြင်းနှင့် အိမ်တွင်းစာအုပ်စင်

စာဖတ်ခြင်းသည် မိမိဘဝနှင့် အလုပ်ခွင်တွင် အရည်အသွေးမြင့်မားစွာ နေထိုင်လုပ်ကိုင်နိုင်ခြင်း အတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခုပင် ဖြစ်သည်။ အမှန်တကယ် ချမ်းသာခြင်းဆိုသည်မှာ မိမိဘဏ်ထဲတွင် ငွေမည်မျှ ထည့်ထားသည်မဟုတ်ဘဲ မိမိဦးနှောက် အသိဉာဏ်ကို ဖွံ့ဖြိုးတိုးတက်စေခြင်း သည်သာလျှင် အမှန်တကယ် ချမ်းသာခြင်း ဖြစ်ပေသည်။

လူတိုင်း ဝါသနာအသီးသီး ရှိကြသည့်အနက် စာရေးသူ၏ စိတ်ကျေနပ်မှုအရှိဆုံး ဝါသနာတစ်ခုမှာ စာအုပ်ကောင်းများ တဖြည်းဖြည်းချင်း စုဆောင်းခြင်း ဖြစ်သည်။

စီးပွားရေးဝန်းကျင်ကောင်းကို ဖန်တီးခြင်း စကားဝိုင်း ကျင်းပ

စီးပွားရေးဝန်းကျင်ကောင်းကို ဖန်တီးခြင်း စကားဝိုင်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ အဆိုပါ စကားဝိုင်းတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဦးသူရိန်လွင်က အစီအစဉ်မှူးအဖြစ် ဆောင်ရွက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး (စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန် လွယ်ကူမှုတိုးတက်ရေး လုပ်ငန်းအဖွဲ့၊ အတွင်းရေးမှူး)၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ငြိမ်းအောင် (ပိုင်ဆိုင်မှု မှတ်ပုံတင်ခြင

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ ( ၇ ) ရွေးကောက်ပွဲ၊ တာဝန်နှင့် ကတိကဝတ်

နိုင်ငံတော်တည်ဆောက်ရာတွင် နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေး ဟူသည့် မဏ္ဍိုင်ကြီးသုံးရပ်ဖြင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းဆောင်ရွက်သည်ဟု ဆိုထားရာ ဥပဒေဆိုင်ရာ အကြောင်းအရာများကို ပြည်သူများ သိရှိလေ့လာနိုင်ရန် စာရေးသူ မောင်စာဂ၏ ဥပဒေနှင့်စပ်ဆိုင်သော ဆောင်းပါးများကို ဖော်ပြပေးသွားပါမည်။ ဆောင်းပါးတွင်ပါရှိသည့် အကြောင်းအရာများသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။

(စာတည်းအဖွဲ့)

ပြည်ထောင်စု၏ ဗိသုကာ

နေရာအားဖြင့် နေပြည်တော် ပျဉ်းမနား-တောင်ညိုလမ်းနှင့် ရာဇသင်္ဂဟလမ်းဆုံရာ သပြေကုန်းအဝိုင်းတွင်ဖြစ်၏။ သပြေကုန်း အဝိုင်းသည် နေပြည်တော်ရှိအဝိုင်းများတွင် အမြင်အားဖြင့် နေ့နေ့ညည အလှဆုံးအဝိုင်းဖြစ်၏။ အဝိုင်း၏ ပတ်လည်ကို ကုန်းမြင့်များက ကာရံထားသကဲ့သို့ရှိ၏။ ထိုကုန်းမြင့်များရှိ သဘာဝပေါက်ပင်များနှင့် လူတို့ဖန်တီးထားသည့် ပန်းအလှပင်တို့၏ ရောနှောနေသည့်အလှမှာ အဝိုင်း၏အလှကို အရည်တက်စေသကဲ့သို့ရှိ၏။ ဤနေ့တွင်ကား သပြေကုန်းအဝိုင်း၏အလှသည် အလှတွင် အယဉ်ဆင့် ဆိုသကဲ့သို့ တင့်တယ်ခြင်းအကြောင်းက ထပ်ပိုး၍လာပြန်ချေသည်။

ရန်ကုန်မြို့ လေထုအရည်အသွေးနှင့် ပတ်သက်သည့် အခြေအနေနှင့် စပ်လျဉ်း၍ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးနှင့် တွေ့ဆုံမေးမြန်းခြင်း

ပြည်သူတွေ လေအရည်အသွေးနဲ့ပတ်သက်ပြီး စိုးရိမ်မှုဖြစ်နေမှာစိုးတဲ့အတွက် တိုင်းတာရရှိမှုကို ဖေဖော်ဝါရီ ၆ ရက်ကစပြီး ထုတ်ပြန်ခဲ့ ရရှိတဲ့အချက်အလက်အရလည်း ၅၀ နဲ့ ၁၀၀ ကြားမှာ ရှိတဲ့အတွက် ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အနေအထား မရှိပါဘူး (မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦး)

ခွင့်တူညီမျှ ဝါဒဖြူစင် ဖက်ဒရယ်လစ်ဇင် စကားဝိုင်း(၄)

တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်သည့် မြန်မာနိုင်ငံတွင် ပြည်ထောင်စုကြီး အဓွန့်ရှည်ရန်၊ တိုင်းရင်းသားများ စည်းလုံးချစ်ခင်စွာ အတူတကွနေထိုင်နိုင်ရန် ငြိမ်းချမ်းရေးသည် မရှိမဖြစ်လိုအပ်လှသလို ဖက်ဒရယ်စနစ်ကို ကျင့်သုံးနိုင်ရန်အတွက်လည်း ကြိုးပမ်းလျက်ရှိသည်။ ထို့ကြောင့် ပြည်ထောင်စုနေ့ဂုဏ်ပြုအထူးအစီအစဉ်အနေဖြင့် ခွင့်တူညီမျှ ဝါဒဖြူစင် ဖက်ဒရယ်လစ်ဇင် စကားဝိုင်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ရိုက်ကူးထုတ်လွှင့်ခဲ့သည်။

(ယမန်နေ့မှ အဆက်)

ပြည်ထောင်စုစိတ်ဓာတ်ကို ဖော်ညွှန်းသည့် တိုင်းရင်းသားများ၏ ရိုးရာအစဉ်အလာများနှင့် ထူးခြားသော ဝိသေသလက္ခဏာများ

ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ရှေးပဝေသဏီကတည်းက အတူတကွ လက်တွဲမှီတင်းနေထိုင်ကြကုန်သော ညီနောင်များ၊ တိုင်းရင်းသားညီအစ်ကိုများတွင် အစဉ်အလာကြီးသည့် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း ယုံကြည်ကိုးကွယ်မှု အနုပညာ၊ အထိမ်းအမှတ်ပွဲတော်၊ ဘာသာစကား၊ စာပေများ၊ စကားပုံများအသီးသီး ရှိကြသည်။ ၎င်းတို့သည် တိုင်းရင်းသားတို့၏ ထူးခြားသည့် အမှတ်လက္ခဏာများ ဖြစ်သကဲ့သို့ ပြည်ထောင်စုကြီး၏ သင်္ကေတတစ်ခုလည်းဖြစ်သည်။ တိုင်းရင်းသားအသီးသီး၏ မူပိုင်သီးခြားလက္ခဏာ တစ်ခုအဖြစ်လည်း မြင်နိုင်ပါသည်။ အချို့သော ယဉ်ကျေးမှုအမွေအနှစ်များသည် ပြည်ထောင်စု စိတ်ဓာတ် ကို ဖော်ညွှန်းသကဲ့သို့ ရှိကြပြီး အေးအတူပူအမျှ ကောင်းတူဆိုးဖက် မျှဝေခံစားလျက်

Subscribe to