ပြည်ထောင်စုသမိုင်းအစ.. ပင်လုံမြေမှ
ပင်လုံမြို့၏ အနောက်တောင်ဘက်တွင် ကျောက်တိုင်တစ်ခုရှိသည်။ ထိုကျောက်တိုင်မှာ တစ်ချိန်က ထုံးဖြူဖွေးဖွေးနှင့်ရှိခဲ့ပြီး ယနေ့အချိန်၌ လှပသော ပန်းဥယျာဉ်အတွင်း တည်ငြိမ်ခံ့ညာစွာဖြင့် ပြည်ထောင်စု တိုင်းရင်းသားတို့ ဥမကွဲသိုက်မပျက် စည်းလုံးညီညွတ်စွာနေထိုင်လာမှုကို ဂုဏ်ယူဖွယ်ပြသလျက်ရှိသည်။ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့သော တိုင်းရင်းသားကိုယ်စားလှယ် ၂၃ ဦး၏ ရုပ်ပုံ နှင့် မှတ်တမ်းကိုပြသထားရာ ပင်လုံစာချုပ်၏ သွေးစည်းညီညွတ်မှု သည် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ၇၃ နှစ်တိုင်ပြည့်ခဲ့ပြီဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ လက်မှတ်ရေးထိုး ခ