နှစ်ပေါင်းထောင်ချီကြာမြင့်သော ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ဆက်လက်ပုံဖော်မည့် စာမျက်နှာသစ်များ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီကျင့်ဖျင်
အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် သမိုင်းဝင်ခရီးစဉ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ရဲ့ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်ဟာ မြန်မာနိုင်ငံကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၁၈ ရက်နေ့ အထိ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည် ရေးခရီးစဉ် (State Visit) လာရောက်တော့ မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ တို့ဟာ ၁၉၅၀ ပြည့်နှစ်မှာ သံတမန်အဆက် အသွယ် စတင်ထူထောင်ခဲ့ကြတာဖြစ်တဲ့ အတွက် အခု သမ္မတ မစ္စတာရှီကျင့်ဖျင် လာရောက်မယ့်ခရီးစဉ်ဟာ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံမှု နှစ် (၇၀) ပြည့်မြောက်တဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေ တာကို တွေ့မြင်ရပါတယ်။
ရန်ကုန်တက္ကသိုလ်၏ အမှတ်တရပုံရိပ်စကားသံများ
မြင့်မြတ်သစ္စာ
သာစွဌာနီ ကန္ဒရဝတီ
ဆန်းနွေဦး
ကယားပြည်နယ်၌ ကယားတိုင်းရင်းသား ကိုးမျိုးတို့အပြင် ဗမာ၊ ရှမ်း၊ ကရင်၊ ပအိုဝ်း၊ အင်းသား စသည့်တိုင်းရင်းသားများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လျက်ရှိသည်။ ဇန်နဝါရီ ၁၅ ရက်ကို ကယားပြည်နယ်နေ့အဖြစ် သတ်မှတ်၍ တိုင်းရင်းသားများ ရင်းနှီးချစ်ကြည်စွာဖြင့် အခမ်းအနားကို နှစ်စဉ်ကျင်းပ လာခဲ့သည်မှာ ယခုနှစ်ဆိုလျှင် (၆၈)နှစ် ပြည့်မြောက်ပြီ ဖြစ်သည်။
ကယားပြည်နယ်
လွိုင်ကော် ဇန်နဝါရီ ၁၁ (၆၈)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အက ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ည (၇) နာရီတွင် လွိုင်ကော်မြို့၊ ကယားပြည်နယ်နေ့ ပွဲတော် ကျင်းပရာကွင်း၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကစင်မြင့်၌ ကျင
မြေအောက်ရေစီမံခန့်ခွဲမှုဥပဒေကြမ်းကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်ထုတ် မြန်မာ့ အလင်းသတင်းစာနှင့် ကြေးမုံသတင်းစာတို့တွင် နှစ်ရက်ဆက်ဖော်ပြထားသည်ကို ဖတ်ရှုရပါသည်။ မြေအောက်ရေစီမံခန့်ခွဲမှု ဥပဒေကြမ်း၏ ပထမဆုံးစာကြောင်းမှာ“ ပြည်သူအများ လေ့လာသိရှိအကြံပြုနိုင်ရန် ဖော်ပြခြင်းဖြစ်သည်။ အကြံပြုစာများကို ပြည်ထောင်စုလွှတ်တော်ရုံးသို့ လိပ်မူပေးပို့နိုင်သည်”ဟု စကားဦး ဖွင့်ဆိုရေးသားထားသည်။
အင်မတန်ကောင်းသော အစီအစဉ်ဖြစ်သည်။ လွှတ်တော်၏ သဘောထား ကို စာရေးသူကတော့ ကြိုဆိုပါသည်။
ရှေ့နေနှင့် နှစ်သစ်ရှေ့သို့
နိဒါန်း
"ဆရာ"
"ဗျာ "
"ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ "
"ရှေ့နေနှင့် နှစ်သစ်ရှေ့သို့ပါတဲ့။”
"ဘာကို ဆိုလိုပါသလဲဆရာ"
"ဖတ်ကြည့်ကြစို့"
နှစ်သစ်
၂၀၁၉ ဖြတ်ကျော်ခဲ့ပြီ။ ၂ဝ၂ဝ နှစ်သစ်ရောက်ပြီ။ ရှေ့သို့ ချီမည်။ နောက်ကို ပြန်မလှည့်။ ပြီးခဲ့ပြီးသော အတိတ်။ ကုန်ဆုံးပြီးသောအချိန် ပြန်ယူ၍မရ။ ပြန်လည်တမ်းတနေ၍မရ။ နောင်မှရသော နောင်တ။ ပြီးခဲ့သောကာလက ဘာအမှားတွေလုပ်ခဲ့သလဲ။ ထိုအမှားများ၏ သင်ခန်းစာကို ပြန်လည်သုံးသပ်။ ၂၀၂၀ မှာ ထပ်မမှားစေနှင့်။ စွဲမြဲ သတိရှိသင့်ပြီ။
ရှေ့သို့
၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ (၂) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲများ
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲသည် တတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲဖြစ်သည်။ ရွေးကောက်ပွဲကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဦးဆောင်၍ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်က ကြီးကြပ်ကာ ကျင်းပပေး သွားမည်ဖြစ်သည်။ သို့ဖြစ်ရာ ရွေးကောက်ပွဲကော်မရှင်ဆိုတာဘာလဲ၊ ဘယ်လိုဖွဲ့စည်းထားသလဲ၊ ဘာတာဝန်တွေရှိသလဲ၊ ရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်အကြောင်း လေ့လာမိသည်။ အနှစ်ချုပ် မျှဝေပါရစေ။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုဖွဲ့စည်းခြင်း