လူအများစုက ငါးအစားအစာကို ရွေးချယ်မှု နည်းပါးကြသည်။ အမှန်စင်စစ် ငါးစားသုံးခြင်းဖြင့် ကုန်ကျစရိတ်သက်သာသည့် ကျန်းမာရေးနှင့် ညီညွတ်သော အကျိုးကျေးဇူး မြောက်မြားစွာရရှိနိုင်ပါသည်။ ထို့ကြောင့် ရက်သတ္တပတ်လျှင် အနည်းဆုံး တစ်ကြိမ် သို့မဟုတ် ရက်ခြား ငါးစားသုံးပေးကြရန် လိုပါသည်။ ငါးတွင် လူသားတို့အတွက် အရေးအပါဆုံး ဓာတ်တစ်မျိုးမှာ ပရိုတင်းဖြစ်သည်။ ငါးဟင်းလျာတစ်ခွက်မှ လူသားတို့ တစ်နေ့တာ လိုအပ်လျက်ရှိသော ပရိုတင်းဓာတ် ၁၅ ရာခိုင်နှုန်းကျော် ရရှိနိုင်ပါသည်။ ပရိုတင်းဓာတ်သည် ကိုယ်တွင်းအင်္ဂါများ၊ အမှေးပါးများ၊ ဆဲလ်များ၊ ကြွက်သားများနှင့် ထိုက်သင့်သည့် ဖွံ့ဖြိုးကြီးထွားမှုကို ဖြည့်ဆည်းပေးပါသည်။ ငါးသည် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများအတွက် အသင့်တော်ဆုံးဖြစ်သည်။