ကမ္ဘာမြေကြီးပေါ်တွင် မှီတင်းနေထိုင်ကြသော လူ၊ ကျေးငှက်တိရစ္ဆာန်နှင့် သစ်တောသစ်ပင်များသည် ခွဲခြားမရနိုင်သော လက်တွဲဖော်များဖြစ်ကြသည်။ ထိုသူအားလုံးတို့သည် ကမ္ဘာမြေ၏ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်နေကြသည့် သယံဇာတအရင်းအမြစ်များပင် ဖြစ်ကြသည်။ ကမ္ဘာ့ရာသီဥတု ညီညွတ်မျှတမှုသည် သစ်တောသစ်ပင်များ ပေါက်ရောက်မှုနှင့် ရေရှည်ထိန်းသိမ်းမှုအပေါ်တွင် မူတည်နေပါသည်။ သစ်ပင်များ ပြုန်းတီးမှုများပြားလာပါက ကမ္ဘာ့ရာသီဥတုကို ထိခိုက်နိုင်ပေသည်။