နေပြည်တော် ဒီဇင်ဘာ ၁၃
“ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွှေညောင်မြို့ အမှတ်(၉)အထက်တန်းကျောင်းတွင် ကျောင်း မတက်ကြရန် လှုံ့ဆော်ထားသည့်စာရွက်များ အကပ်ခံရကြောင်းနှင့် ကျောင်းဝန်းထဲ ဗုံးတွေ့တယ်ဟုဆိုကာ ကျောင်းတွေကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်သည်” ဟု ပြည်ဖျက်မီဒီယာအချို့မှ မဟုတ်မမှန်ကောလာဟလ သတင်းများဖြန့်ဝေရေးသားလျက်ရှိသည်ကို တွေ့ရှိရပါသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ “ကျောင်းများပိတ်ထားခြင်းမရှိပါကြောင်း၊ ကျောင်းဝန်းအတွင်း ဗုံးတွေ့ရှိသည်ဟုဆိုသည်မှာလည်း သတင်းအမှားသာဖြစ်ကြောင်း”ကို ရွှေညောင်မြို့နယ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
အကြမ်းဖက်အားပေးမီဒီယာများသည် ယခုကဲ့သို့ ကောလာဟလသတင်းအမှားများ ထုတ်လွှင့်ကာ ကျောင်းသူကျောင်းသား၊ မိဘဆရာများ စိုးရိမ်ပူပန်မှုဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
