Sep 25, 2023
မြန်မာနိုင်ငံ၏ ခရီးသွားရာသီမှာ မိုးလေကင်းလွတ်သည့် အောက်တိုဘာလမှစတင်၍ ပူပြင်းခြောက်သွေ့သည့်ကာလဖြစ်သော ဧပြီလအထိဟူ၍ ယေဘုယျအားဖြင့်ဆိုနိုင်သည်။ အဆိုပါကာလအတွင်း ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်ရှည်များရှိနေသကဲ့သို့ မြန်မာ့ရိုးရာယဉ်ကျေးမှုဆိုင်ရာ ပွဲတော်များ၊ ဒေသအလိုက် ထင်ရှားကျော်ကြားသည့်ပွဲတော်များလည်းရှိနေပြီး ပွင့်လင်းရာသီဖြစ်သည့်အလျောက် ခရီးသွားလာအပန်းဖြေရန် အသင့်လျော်ဆုံး၊ အကောင်းဆုံးအချိန်လည်းဖြစ်သည်။
Sep 25, 2023
ကမ္ဘာပေါ်ရှိ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားသော လူမျိုးတိုင်းသည် မိမိတို့၏ ဂန္ထဝင်မြောက်စာပေယဉ်ကျေးမှုတို့ကို ထိန်းသိမ်းစောင့်ရှောက်ထားကြသည်။ စာပေနှင့်ယဉ်ကျေးမှု ခိုင်မြဲစွာရှိကြသည့် တိုင်းပြည်နှင့် လူမျိုးတို့၏ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ဇာတိမာန်တို့သည် မီးတောက်မီးလျှံသဖွယ် အစဉ်ထွန်းလင်းတောက်ပနေမည်ဖြစ်သည်။ မိမိနိုင်ငံနှင့်လူမျိုးကိုထိလျှင် မချည့်အောင်နာတတ်သည့်စိတ်ဓာတ်သည် စာပေယဉ်ကျေးမှုကိုအကြောင်းခံ၍ ပေါ်ပေါက်လာခြင်းဖြစ်သည်။
Sep 24, 2023
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Jiangsu ပြည်နယ်၊ Lianyungang မြို့ရှိ Jinlin Haizhou Bayview Conference Center ၌ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်မှ ၂၁ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုညီလာခံ (၂၀၂၃) (Lianyungang ဖိုရမ်)သို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။
Sep 24, 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ကချင်စုကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က ယနေ့တွင် အဆိုပါကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
Sep 24, 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောင်းချပေးလျက်ရှိသည်။
Sep 24, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Sep 24, 2023
နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သားအရာရှိ၊ စစ်သည်များအား တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ အနားယူအပန်းဖြေခရီးစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေသို့ စက်တင်ဘာ ၁၉ ရက်နေ့တွင် ပို့ဆောင်ပေးခဲ့သည်။
Sep 24, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ(၂၃-၉-၂၀၂၃)ရက်နေ့၊ ည(၈:၀၀)နာရီမှ (၂၄-၉-၂၀၂၃) ရက်နေ့၊ ည(၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း(၃,၂၉၉)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၆) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၁၈)ရာခိုင်နှုန်း ဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါ။
Sep 24, 2023
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Sep 24, 2023
တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ည ဒေသစံတော်ချိန် (၈)နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟန်ကျိုးမြို့ရှိ အိုလံပစ်အားကစားကွင်း(Hangzhou Olympic Center)၌ ကျင်းပသည်။
Sep 24, 2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ် မင်းဓမ္မလမ်းပေါ်ရှိ အနုပညာဗဟိုဌာန (Myanmar Arts Center) တည်ဆောက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Sep 24, 2023
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ရောက်ရှိနေသော လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဦးဆောင်သောဖွဲ့သည် တရုတ်နိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်၊ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးဌာနကြီးမှူး ညွှန်ကြားရေးမှူးချုပ် Mr. Hu Xiaoming၊ ယူနန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာန ဒုတိယဌာနမှူး Mr. Jia Dong ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် ရွှေလီမြို့သို့ ရောက်ရှိကြပြီး တရုတ်နိုင်ငံဘက်အခြမ်းရှိ ကြယ်ဂေါင်လူဝင်မှုစစ်ဆေးဂိတ်ကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။
Sep 24, 2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၀၄၉ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၂၅၄ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Sep 24, 2023
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခု ထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Sep 24, 2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်နှင့် ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင် (သန်လျင်ခရိုင်)အတွင်း ပါတီဝင်အင်အားစာရင်းများ စစ်ဆေးမှုခံယူနေသည့် မှတ်ပုံတင်ခွင့်ပြုပြီး ပါတီသုံးပါတီမှ မြို့နယ်အဆင့် ပါတီတာဝန်ခံများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀နာရီတွင် ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင် သန်လျင်မြို့နယ်ရှိခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေး ခန်းမ၌ကျင်းပသည်။
Sep 24, 2023
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တာဝန်ရှိသူ များနှင့်အတူ စက်တင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ နည်းပညာတက္ကသိုလ်(လားရှိုး)၊ ကွန်ပျူတာတက္ကသိုလ်(လားရှိုး) နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (လားရှိုး) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Sep 24, 2023
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် အဖွဲ့သည် ကူမင်းမြို့ရှိ တရုတ်ပြည်သူ့သမ္မတ နိုင်ငံဆိုင်ရာမြန်မာနိုင်ငံကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်နှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ယူနန်ပြည်နယ် ကူမင်းမြို့နယ် ဖန်လုံမြို့ရှိ ကျင်းဆာရဲတပ်ဖွဲ့ စခန်းသို့သွားရောက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံ ရေးဝန်ကြီးဌာန နိုင်ငံတကာ ဆက်ဆံရေးဌာနကြီးမှူး ညွှန်ကြား ရေးမှူးချုပ် Mr. Hu Xiaoming ယူနန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာန ဒုတိယဌာနမှူး Mr. Jia Dongနှင့် ကျင်းဆာ ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
Sep 24, 2023
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် မှတ်ပုံတင်ခွင့်ပြု ပြီး နိုင်ငံရေးပါတီများက ပေးပို့ တင်ပြလာသည့် သတ်မှတ်ပါတီ ဝင် အင်အားစာရင်းများ မှန်ကန်မှု ရှိ/မရှိ ကျောက်ကြီးမြို့နယ်၊ တောင်ငူမြို့နယ်၊ ထန်းတပင်မြို့နယ်၊ ဖြူးမြို့နယ်၊ ရေတာရှည်မြို့ နယ်နှင့် အုတ်တွင်းမြို့နယ်တို့မှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတို့ ပူးပေါင်း၍ မြေပြင်စာရင်း တိုက်ဆိုင်စစ်ဆေးခြင်းကို ယနေ့တွင် တောင်ငူခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေးခန်းမ၌ ဆောင်ရွက်သည်။
Sep 24, 2023
ရန်ကုန်မြို့နှင့်မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Sep 24, 2023
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်နှင့်အတူ ယနေ့ နံနက်ပိုင်းက ရန်ကုန် - မန္တလေး အမြန် လမ်းမကြီး မိုင်တိုင်အမှတ် ၂၉၃ အနီး လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံ တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
