နေပြည်တော် ဇန်နဝါရီ ၁၀
နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့မှုနှင့် သင်တန်းများ တက်ရောက်ခဲ့မှုအပေါ် အတွေ့အကြုံရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်/ညွှန်ကြားရေးမှူးများ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
အတွေ့အကြုံများ ရှင်းလင်း
ရှေးဦးစွာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးလှသိန်းက ဂျပန်နိုင်ငံ တိုကျိုမြို့၊ နာဂါအိုကာမြို့နှင့် နီဂါတာမြို့များတွင် ခေါင်းဆောင် မှုစွမ်းရည် တိုးမြှင့်ရေးဆိုင်ရာ လေ့လာရေး သွားရောက်ခဲ့မှုနှင့် စပ်လျဉ်းသည့် အတွေ့အကြုံများ ကိုလည်းကောင်း၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်သဲနေနေ ကျော်က အလယ်အလတ်အဆင့် အရာထမ်း စီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့် ဒီပလိုမာသင်တန်းအမှတ်စဉ် (၆) သို့ တက်ရောက်ခဲ့မှုနှင့် စပ်လျဉ်းသည့် အတွေ့အကြုံများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဒုတိယဝန်ကြီးက ပြည်ပနိုင်ငံများနှင့် သင်တန်းများ တွင်ရရှိခဲ့သည့် အကျိုးကျေးဇူးများ၊ တွေ့ရှိခဲ့သည့် အားသာချက်၊ အားနည်းချက်များ၊ လိုက်နာ စောင့်ထိန်းရမည့် ကျင့်ဝတ်နှင့် အစဉ်အလာကောင်းများ၊ နောင်တွင်ဆောင်ရွက်သင့်သည့် အလေ့အကျင့်ကောင်းများကို ထုတ်ဖော် ဆောင်ရွက်ရေး၊ ဝန်ထမ်းများ၏ ကျန်းမာရေး၊ ပညာရေး၊ ဝန်ထမ်း သက်သာချောင်ချိရေးအတွက် ဆောင်ရွက်ပေးနေမှု၊ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရေးအတွက် သင်တန်းများ စေလွှတ်တက်ရောက်စေမှုနှင့် ဝန်ထမ်းများ၏ လိုအပ်ချက်ရှိ သည်များကို မေးမြန်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်