Sep 19, 2024
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် တက္ကသိုလ်ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများနှင့် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
Sep 19, 2024
ရေကြီးမှုဖြစ်စဉ်များနှင့်ပတ်သက်၍ တိုင်းဒေသကြီး၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနရုံး အမှတ် (၄) နေပြည်တော်၌ကျင်းပသည်။
Sep 19, 2024
ရာဂီမုန်တိုင်းအကြွင်းအကျန် လေပွေလှိုင်းနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်ဖြစ်ပေါ်သော မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ ကျောက်ဆည်ခရိုင်တို့ရှိ သီးနှံများပျက်စီးခဲ့သည့် ဧရိယာများ၌ ရာသီအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး၊ ထိခိုက်ခဲ့သည့်စိုက်ခင်းများ ပြန်လည်ကုစားနိုင်ရေးနှင့် ရေဘေးလွတ်ကင်းခဲ့သည့် စိုက်ခင်းဧရိယာရှိသီးနှံများ ပန်းတိုင်အထွက်ရရှိရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 19, 2024
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ကျင်းပသည့် (၅၆)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်သည်။
Sep 19, 2024
စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် စက်တင်ဘာ ၁၁ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့သည့် (၅) ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆုချီးမြှင့်ပွဲနှင့် ဆက်စပ်အခမ်းအနားများသို့ အလုပ်သမားဝန်ကြီးဌာန အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
Sep 19, 2024
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်နှင့်အညီ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်ရှိ ဆားမလောက် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Sep 19, 2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ စက်တင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်းက ယာယီရေဘေးရှောင်စခန်း ရွှေဝက်တိုးဘုန်းတော်ကြီးကျောင်း၌ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးခဲ့သည်။
Sep 19, 2024
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ပြည်ထောင်စုနယ်မြေနေပြည်တော် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့သည် ယနေ့မွန်းလွဲပိုင်းတွင် ကလေးရောဂါ အထူးကုဆေးရုံကြီး (နေပြည်တော်)၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀)နှင့် ပြည်သူ့ဆေးရုံ (တပ်ကုန်းမြို့) များသို့သွားရောက်ကာ တပ်ကုန်းမြို့နယ် ကြက်သွန်ခင်းကျေးရွာအုပ်စု ချောင်းခြားကျေးရွာမှ အစာအဆိပ်သင့် ရောဂါလက္ခဏာများဖြစ်ပွား၍ အတွင်းလူနာအဖြစ် ဆေးရုံတက်ရောက်ကုသနေသော လူနာများအား သွားရောက်ကြည့်ရှုအားပေး စကားပြောကြားကာ လက်ဆောင်ပစ္စည်းများပေးအပ်သည်။
Sep 19, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရမည်းသင်းနှင့် ပျော်ဘွယ်မြို့နယ်များရှိ ရေထိန်းတမံနှင့် ရေလှောင်ကန်များ အခြေအနေကို ကွင်းဆင်းစစ်ဆေးသည်။