Skip to main content

Sep 20, 2024

မသန့်ရှင်းသောအစားအစာတစ်ခုခုကို စားသောက်မိရာမှ အစာအဆိပ်သင့်ခြင်းဖြစ်ပေါ်လာရသည်။ မသန့်ရှင်းသော အစားအစာဆိုသည်မှာ ရာသီဥတုစိုထိုင်းဆများချိန်၊ အပူချိန်မြင့်မားချိန်တို့တွင် ပေါက်ပွားသည့် ရောဂါပိုးများပါဝင်နေသည့် အစားအစာပင်ဖြစ်သည်။ အစာအဆိပ်သင့်စေသည့် ရောဂါပိုးများတွင် ဗိုင်းရပ်စ်ပိုးများ၊ ဗက်တီးရီးယားများနှင့်ကပ်ပါး ပိုးများ၊ မှိုများ စသည်တို့ပါဝင်ပြီး သားစိမ်း၊ ငါးစိမ်းများ၊ ဟင်းသီးဟင်းရွက်များ၊ မသန့်ရှင်းသောလက်နှင့် ပြင်ဆင်ချက်ပြုတ်ရာတွင် အသုံးပြုသည့် ပစ္စည်း၊ အိုးခွက်များ စသည်တို့တွင် တွယ်ကပ်ပါရှိနေနိုင်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 19, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 19, 2024

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ရွာသစ်ကလေးကျေးရွာမှ အမျိုးသား ၂၀ ဦးကျော်ကို စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် တပ်မတော်နှင့် ကျေးရွာအုပ်ချုပ်ရေးပူးပေါင်းအဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများမှ သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 19, 2024

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ စက်တင်ဘာလ ၁၉ ရက်နေ့၊ ညနေ (၅)နာရီခွဲအချိန် ထုတ်ပြန်သည့် အထူးမိုးလေဝသသတင်းအနေဖြင့် အပူပိုင်းမုန်တိုင်း “ဆိုးလစ်ခ်(SOULIK)”သည် ယနေ့ညပိုင်းတွင် ဗီယက်နမ်နိုင်ငံကမ်းခြေကို ဒါနန်းမြို့ (Da Nang)၏ မြောက်ဘက်မှ ဖြတ်ကျော်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 19, 2024

တိုင်ဖွန်းမုန်တိုင်း“ရာဂီ”၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးတို့နှင့်ဆက်စပ်သည့် ရန်ကုန်-မန္တလေးရထားလမ်းမကြီး၏ အချို့ရထားလမ်းတာဘောင်နေရာများနှင့် တံတားများအား ရေတိုက်စား၍ ပျက်စီးခဲ့မှုများကြောင့် ယာယီရပ်ဆိုင်းထားရသည့် ရထားခရီးစဉ်များကို အမြန်ဆုံးပြန်လည်ပြေးဆွဲနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိရာ ၁၈.၉.၂၀၂၄ ရက်နေ့မှစ၍ တပ်ကုန်းနှင့် သာစည်အကြား ရေတိုက်စားခံခဲ့ရသည့် နေရာအချို့ကို ပြုပြင်ပြီးနောက် တစ်လမ်းမောင်းစနစ်ကို အသုံးပြုနိုင်ပြီဖြစ်သဖြင့် သာစည်ဘူတာတွင် ယာယီရပ်တန့်ထားရသော အစုန်ကုန်ရထားတွဲဆိုင်း (၄)ဆိုင်းနှင့် ညောင်ရမ်းဘူတာ၌ ရပ်တန့်ထားရသည့် အမှတ် ၂ အစုန် စာပို့ရထားတို့ကို ရန်ကုန်ဘက်သို့ ဆက်လက်စေလွှတ် ၂ ပေးနိုင်ပြီဖြစ်သည်။ ထို့အတူ ပျော်ဘွယ်ဘူတာ၊ ပျဉ်းမနားဘူတာနှင့် ရေနီဘူတာတို့၌ ရပ်တန့်ထားသော အဆန်ကုန်ရထား ၄ စင်းတို့ကို သာစည်ဘူတာသို့ ရွှေ့ပြောင်းပို့ဆောင်ထားပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 19, 2024

နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့များက ရေများပြန်လည်ကျဆင်းသွားသည့် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်တို့တွင်လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်တွင်လည်းကောင်း၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်နှင့် လွိုင်လင်လေးမြို့နယ်တို့တွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင်လည်းကောင်း ရပ်ကွက်၊ ကျေးရွာများမှ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ ဌာနဆိုင်ရာအဆောက်အဦများတွင် လိုအပ်သည်များ ကူညီရွှေ့ပြောင်းပေးခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ လမ်း၊ တံတားများ၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တင်ကျန်ခဲ့သည့်နှုန်းများ၊ သစ်ပင်သစ်ကိုင်းများဖယ်ရှားပေးခြင်းအပါအဝင် အခြားလိုအပ်သည်များကို ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ တက်ကြွစွာ ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 19, 2024

မုန်တိုင်းရာဂီ၏ သက်ရောက်မှုနှင့် ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းတို့၏ အရှိန်ကြောင့်ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများတွင် ရေဘေးသင့်ခဲ့ရသည့် ပြည်သူလူထုအား ကူညီထောက်ပံ့နိုင်ရန်အတွက် လှူဒါန်းငွေများကို ၂၁-၉-၂၀၂၄ ရက် (စနေနေ့) မွန်းလွဲ(၂)နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ လှူဒါန်းမှုများကို အခမ်းအနားဖြင့် လက်ခံသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 19, 2024

၁။ နိုင်ငံအတွင်း လတ်တလောဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများကြောင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် ခေတ္တလာရောက်နေထိုင်နေသူများနှင့် ရေဘေးသင့်ကျေးရွာ၊ ရပ်ကွက်များရှိ မိမိတို့၏ နေအိမ်များတွင် နေထိုင်လျက်ရှိသည့် ပြည်သူများအတွက် အလှူရှင်များက စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် အစားအသောက်များ လာရောက်လှူဒါန်းနေမှုများအား ဝမ်းမြောက်ဝမ်းသာစွာ တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 19, 2024

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းပြီး ချောင်းရေ၊ မြစ်ရေများလျှံတက်၍ လူနေအိမ်မျာအတွင်း ရေဝင်ရောက်မှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းများကို ဘုန်းတော်ကြီးကျောင်းအသီးသီးတွင် ဖွင့်လှစ်ထားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 19, 2024

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံကွပ်ကဲမှုအဖွဲ့ရုံးမှကြီးကြပ်၍ ဒေသအသီးသီးမှ ပရဟိတအသင်းအဖွဲ့များ၊ ပြည်သူများက လာရောက်လှူဒါန်းသည့် ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ အဝတ်အစား၊ စားသောက်ဖွယ်ရာများနှင့် သောက်ရေသန့်ဗူးများကို ယနေ့နံနက်ပိုင်းက ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ဖြန့်ဝေပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်