Sep 20, 2024
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့၌ ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် အာဆီယံ-မဲခေါင်မြစ်ကော်မရှင် ရေဖူလုံရေးဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ပြီး ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိရာ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
Sep 20, 2024
၁။ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ဝါးတီးကျေးလက်ကျန်းမာရေးဌာနအပိုင် ဝက်ဖြူကုန်းကျေးရွာ ရွှေဖြူရတနာစာသင်တိုက်တွင် (၁၈-၉-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်း၌ အလှူရှင်များမှ လာရောက်လှူဒါန်းသော ကြာဆံကြော်၊ အချဉ်နှင့် ထမင်း၊ ကြက်ဥမန်ကျည်းမှည့်ချက်များအား ကျေးရွာနေပြည်သူများက စားသုံးပြီးနောက် ည(၈:၀၀)နာရီခန့်တွင် ဗိုက်နာခြင်း၊ အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းစသည့် အစာအဆိပ်သင့်ရောဂါလက္ခဏာများဖြစ်ပွား၍ ပြည်သူ့ဆေးရုံကြီး တောင်ငူမြို့သို့ ပြင်ပလူနာအဖြစ် ၆၈ ဦး၊ အတွင်းလူနာအဖြစ် ၆၅ ဦး လာရောက်ကုသမှုခံယူခဲ့ပြီး ပြည်သူ့ဆေးရုံကြီး၊ တောင်ငူမြို့မှ အထူးကုဆရာဝန်ကြီးများက အနီးကပ်ကြည့်ရှုကုသမှုပေးခဲ့ရာ လူနာများအခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိပါသည်။
Sep 20, 2024
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်စက်မှုနယ်မြေရှိ မီးခံအုတ်စက်ရုံ၊ စက်ဘီးစက်ရုံ၊ အပ်ချုပ်စက်စက်ရုံ၊ ဖိနပ်စက်ရုံ၊ အမှတ်(၉)အထည်စက်ရုံတို့တွင် ကုန်ပစ္စည်းထုတ်လုပ်နေမှု လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်တွင်း၌လိုအပ်သော ထုတ်ကုန်ပစ္စည်းများထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရန်၊ ဒေသခံပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရေးအတွက် အထည်ချုပ်လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ရန်၊ ဖိနပ်ချုပ်လုပ်သည့်လုပ်ငန်းများကိုလည်း အရည်အသွေးကောင်းမွန်စွာဖြင့် တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရန် မှာကြားသည်။
Sep 20, 2024
နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ရတနာစံကျောင်းတိုက်၌ ရေဘေးရှောင်နေသော ဘုန်းတော်ကြီးကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် သီလရှင်ကျောင်းများမှ ဆရာတော် သံဃာတော်များနှင့် သီလရှင်များအား သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရတနာစံပရိယတ္တိစာသင်တိုက် ရတနာဘိမတဓမ္မဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Sep 20, 2024
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ယနေ့နံနက်ပိုင်းတွင် တောင်ငူခရိုင်အတွင်း ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ခဲ့ရသည့် ဒေသခံပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့သည်။
Sep 20, 2024
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့၏ အမျိုးသားအဆင့်လူမှုဖူလုံရေးအဖွဲ့အစည်းအဝေး (၂/၂၀၂၄)ကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာနစုဝေးခန်းမ၌ ကျင်းပသည်။
Sep 20, 2024
နီပေါနိုင်ငံ၏ အခြေခံဥပဒေရေးဆွဲခြင်း (၁၀)နှစ်မြောက်အထိမ်းအမှတ်နေ့နှင့် အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားကို ယနေ့ ည ၆ နာရီခွဲတွင် ရန်ကုန်မြို့ Pan Pacific Hotel ၌ ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်သည်။
Sep 20, 2024
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုတရားလွှတ်တော်ချုပ် စုဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ်တရားသူကြီးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ် အရာထမ်း၊ အမှုထမ်းများ၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။
Sep 20, 2024
ယုံမှတ်အပ်နှံမှုအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း
Sep 20, 2024
ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက မမျှော်မှန်းနိုင်သော ရုတ်တရက်ဖြစ်ပေါ်လာသည့် ရေကြီးရေလျှံမှုသဘာဝဘေးအန္တရာယ်ကို နိုင်ငံတစ်ဝန်း၌ ကြုံတွေ့ခံစားခဲ့ကြရသည်။ ပတ်ဝန်းကျင်နိုင်ငံများ၌ဖြစ်ပေါ်ခဲ့သော သဘာဝဘေးအန္တရာယ်ကို မြန်မာနိုင်ငံတွင်လည်း ဖြစ်ပေါ်လာမည်ဟု မထင်မှတ်ထားခြင်း၊ ညပိုင်းအချိန်တွင် ဖြစ်ပေါ်လာခဲ့ခြင်းတို့ကြောင့် ကြိုတင်ပြင်ဆင် ရှောင်ရှားနိုင်ခြင်းမရှိခဲ့သဖြင့် ထိခိုက်ဆုံးရှုံးမှုများပြားခဲ့သည်။