Skip to main content

Apr 16, 2024

ယနေ့ကျရောက်သည့် မြန်မာ့ရိုးရာမဟာသင်္ကြန် (အကြတ်နေ့)တွင် မန္တလေးမြို့ရှိ ပြည်သူများ ပိုမို ပျော်ရွှင်စွာဆင်နွှဲနိုင်ရန် ဆောင်ရွက်ပေးထားသည့် မြန်မာ့ရိုးရာလမ်းလျှောက်အတာအသင်္ကြန်များ၊ အမရပူရမြို့နယ်ရှိ ဦးပိန်တံတားနှင့် တောင်သမန်မယ်ဇယ်လွင်ပြင် အပန်းဖြေစခန်းတို့၌ လာရောက်အပန်းဖြေအနားယူကြသည့် သင်္ကြန်ချစ်သူပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။ 

ဆက်လက်ဖတ်ရှုရန်

Apr 16, 2024

၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ကူးပြောင်းမည့် မဟာသင်္ကြန်ပွဲတော်ကြီးကာလ မဟာသင်္ကြန်အကြိုနေ့နှင့် မဟာသင်္ကြန်အကျနေ့များတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မဏ္ဍပ်များနှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်များ၌ ရေသဘင်ပွဲတော်ဆင်နွှဲကြသည့် သင်္ကြန်ချစ်သူပြည်သူများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပြီးဖြစ်ရာ ယနေ့မဟာသင်္ကြန်အကြတ်နေ့တွင်လည်း ပျော်ရွှင်စွာရေသဘင်ပွဲတော်ကို ဆင်နွှဲရန်အတွက် သင်္ကြန်ချစ်သူပြည်သူများ နံနက်ပိုင်းမှစတင်၍ မိမိတို့ပါဝင်ဆင်နွှဲမည့် ရေသဘင်ပွဲတော်မဏ္ဍပ် နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်များ ရှိရာနေရာများသို့ မိသားစုအဖွဲ့လိုက်၊ မိတ်ဆွေသူငယ်ချင်း အဖွဲ့လိုက်ဖြင့် ရေသဘင်ပွဲတော်ကျင်းပရာနေရာများသို့ ရေပက်ခံကားများဖြင့် လည်းကောင်း၊ လမ်းလျှောက်၍လည်းကောင်း ပျော်ရွှင်စွာဆင်နွှဲရန် စုရုံးရောက်ရှိလာကြသည်မှာ အထူးစည်ကားများပြားလျက်ရှိပေသည်။ ရေသဘင်ပွဲသို့ရောက်ရှိလာသည့် သင်္ကြန်ချစ်သူပြည်သူများအား ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့များကလုံခြုံရေး ဆိုင်ရာကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 16, 2024

၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းမည့်အခါသမယတွင် မြန်မာ့ရိုးရာဓလေ့ထုံးစံအရ နှစ်သစ်ကူးအတာသင်္ကြန်ပွဲကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြည်သူများအေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲအပန်းဖြေနိုင်ရန် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 16, 2024

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ကူးပြောင်းမည့် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာအတာသင်္ကြန်ပွဲတော်ကို နေပြည်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ပျဉ်းမနား-တောင်ညိုလမ်းပေါ်ရှိ နေပြည်တော်လမ်းလျှောက်သင်္ကြန်၌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ရေကစားမဏ္ဍပ်ဖြင့် ဝန်ကြီးဌာနဝန်ထမ်းမိသားစုများ ယိမ်းအကအဖွဲ့များက ကပြဖျော်ဖြေခြင်း၊ ရေကစားခြင်း၊ စတုဒိသာကျွေးမွေးခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲလျက်ရှိပြီး သင်္ကြန်အကြတ်နေ့ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့်ခင်ပွန်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုးနှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ အရာရှိကြီးများနှင့် ဇနီးများ၊ အရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များက အတာရေသဘင်ပွဲကို ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 16, 2024

ကမ္ဘာလောကတစ်ခွင် လှမ်းမျှော်ကြည့်လျှင် တစ်လောကလုံးဒေါသတို့ ပိတ်ဖုံးနေသည်ဟုပင် ထင်ရသည်။ ပြည်တွင်းပြည်ပ မြင်သမျှ၊ ကြားသမျှအားလုံးတို့က အပူဓာတ်ပေးသည့် စိတ်မသက်သာစရာ သတင်းမြင်ကွင်းများသာ။ သတင်းမီဒီယာတို့၏ သဘောတရားအရလည်း ဣဋ္ဌာရုံထက် အနိဋ္ဌာရုံကသာ သတင်းတန်ဖိုးမြင့်ခြင်းကြောင့် မကောင်းသတင်းများ၊ သတင်းဆိုးများကို ပိုမိုမြင်တွေ့နေရခြင်းလည်းဖြစ်သည်။ ထို့အပြင် ကမ္ဘာ့နိုင်ငံများအကြား ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအကျိုးစီးပွားအတွက် ကြိုးပမ်းဆောင်ရွက်ကြရာတွင် ပြိုင်ဆိုင်မှုများ ပိုမိုပြင်းထန်လာခြင်းနှင့် ပွတ်တိုက်မှုများ ပိုမိုများပြားလာခြင်းတို့ကြောင့်လည်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 16, 2024

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းတော့မည့် မြန်မာ့ရိုးရာ အတာသင်္ကြန်နှစ်သစ်ကူးပွဲတော်ကို နေပြည်တော်၌ စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိရာ နိုင်ငံခြားသံရုံးများမှ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး၊ လာအို၊ သီရိလင်္ကာ၊ ထိုင်း၊ ဘင်္ဂလား​​ဒေ့ရှ်၊ ဘရာဇီးနိုင်ငံ သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများ၊ စစ်သံရုံးများမှစစ်သံမှူးများ၊ သံတမန်များနှင့် ၎င်းတို့၏မိသားစုဝင်များက ယနေ့ကျရောက်သည့် သင်္ကြန်အကြတ်နေ့၌ နေပြည်တော်မြို့တော်ဝန် ရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့တွင် ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 15, 2024

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့အတွင်းသို့ အကြမ်းဖက်သမားများက ဧပြီ ၁၄ ရက် ညပိုင်းတွင် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် အောင်မြေဇေယျာဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးနေသော သံဃာတော် ၂ ပါး ပျံလွန်တော်မူခဲ့ပြီး အပြစ်မဲ့ပြည်သူ ၂ ဦးသေဆုံးကာ ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေသည့် ကလေးငယ်များအပါအဝင် ဆေးရုံတက်လူနာ၊ ဆေးရုံဝန်ထမ်း ၁၁ ဦးနှင့် ရပ်ကွက်နေပြည်သူ ၁ ဦး၊ စုစုပေါင်း ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 15, 2024

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အကြတ်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့နယ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ယိမ်းအကအဖွဲ့များ၊ ခေတ်ပေါ်တေးဂီတအဖွဲ့များ၊ အတာရေသဘင်ပွဲဆင်နွှဲသူများဖြင့် စည်ကားသိုက်မြိုက်စွာ ဆက်လက်ဆင်နွှဲလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်