May 25, 2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်ရှိ နေပြည်တော်ဗဟိုသင်တန်းကျောင်းဝင်းအတွင်း ဝန်ကြီးဌာနမှ ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ ယာယီပြောင်းရွှေ့နေထိုင်နိုင်ရန်အတွက် Container House များ တည်ဆောက်နိုင်ရန်ပစ္စည်းများ ရောက်ရှိမှု၊ တပ်ဆင်တည်ဆောက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
May 25, 2025
ရခိုင်တိုင်းရင်းသားအသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမင်္ဂလာခန်းမ၌ ကျင်းပသည်။
May 25, 2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ဗုဒ္ဓဥယျာဉ် (ပန်ကွဲ) ဝတ္ထုကံတော်အတွင်း တည်ထားကိုးကွယ်သည့် လောကသရဖူစေတီတော်မြတ်ကြီး ဌာပနာတော်သွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဩဝါဒါစရိယ ကျိုင်းတုံမြို့ တူးယားကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပညာသာမိ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
May 25, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ လိုက်ပါ၍ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ စစ်ဦးစီး၊ စစ်ရေးနှင့် စစ်ထောက်ဆိုင်ရာ ဆောင်ရွက်ထားရှိမှုအခြေအနေများအား စစ်ဆေးသည်။
May 25, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများအား ကျိုင်းတုံမြို့ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။
May 25, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့တာဝန်များကို စတင်တာဝန်ယူဆောင်ရွက်ခဲ့ရချိန်တွင် နိုင်ငံရေးအရသဘောထားကွဲလွဲမှုများကြောင့် ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုကာလသည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေသည့်ကာလဖြစ်သည့်အပြင် သစ္စာမဲ့သည့်နိုင်ငံ့ဝန်ထမ်းအချို့၏ လုပ်ငန်းခွင်စွန့်ခွာမှုများနှင့် ကြုံတွေ့ရသည်။ သို့သော် အခက်အခဲအကျပ်အတည်းများကို နိုင်ငံတော်တွင် ရှိသမျှအင်အားစုများဖြင့် ရင်ဆိုင်ကျော်လွှားခဲ့ရသည်။
May 25, 2025
အတတ်ပညာနှင့် အနုပညာတို့ ပေါင်းစပ်ပါဝင်သည့် ရုပ်ရှင်လုပ်ငန်း ကမ္ဘာပေါ်၌ စတင်ပေါ်ပေါက်ခဲ့သည်မှာ နှစ်ပေါင်းတစ်ရာကျော်ခဲ့ပြီဖြစ်သည်။ စတင်ပေါ်ပေါက်ခဲ့စဉ်ကတည်းကပင် လူသားတို့၏ စိတ်နှလုံးကို ဆွဲဆောင်နိုင်ခဲ့သည့်ရုပ်ရှင်သည် ယနေ့ထိတိုင် ဆက်လက်ရှင်သန်လျက်ရှိကာ လူတို့ကို ဆက်လက်ဆွဲဆောင်နိုင်စွမ်းရှိနေဆဲ ဖြစ်သည်။ ထို့အပြင် ရုပ်ရှင်သည် နိုင်ငံအချို့၏ ပြည်ပပို့ကုန်အဖြစ် နိုင်ငံခြားဝင်ငွေ ရှာဖွေနိုင်သောလုပ်ငန်းဖြစ်သလို မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိယဉ်ကျေးမှုကို ကမ္ဘာက သိနားလည်လာစေရေး၊ မိမိတို့၏ အယူဝါဒများ၊ မိမိတို့၏ထုတ်ကုန်များကို ကမ္ဘာက လက်ခံလာစေရေးတို့အတွက် ကျယ်ကျယ်ပြန့်ပြန့်အသုံးချသည့် ဆော့ဖ်ပါဝါမီဒီယာတစ်ခုလည်း ဖြစ်သည်။
May 24, 2025
အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
May 24, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
May 24, 2025
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးသည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးငလျင်ကြောင့် ငလျင်ဒဏ်သင့်ခဲ့သည့် ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ ယာယီနေထိုင်နိုင်ရေးအတွက် Modular House များ ရောက်ရှိလာပြီး ကွန်တိန်နာပေါ်မှ သယ်ချနေမှုနှင့် တပ်ဆင်တည်ဆောက်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးသည်။