နေပြည်တော် မေ ၂၈
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် ဟနွိုင်းမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သံအမတ်ကြီး H.E. Mr. Uladzimir BARAVIKOU အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား အပြန်အလှန်ခရီးစဉ်များမှတစ်ဆင့် နှစ်နိုင်ငံထိတွေ့ဆက်ဆံမှုများတိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား ညှိနှိုင်းဆောင်ရွက်လျက်ရှိသည့် သဘောတူစာချုပ်များ အကောင်အထည်ဖော်ဆောင်နိုင်ရေး၊ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသောဆက်ဆံရေး ပိုမိုခိုင်မာရေး၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနှင့် နေပြည်တော်တွင် ဘယ်လာရုစ်သံရုံး ဖွင့်လှစ်နိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်
