Skip to main content

Jul 05, 2025

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ မန္တလေးငလျင်ကြီးဘေးသင့် အာမခံအလုပ်သမားများအား သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀ ရာနှုန်း ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2025

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့ နံနက်ပိုင်းက မဟာမုနိဘုရားကြီး ဂန္ဓကုဋိကျောင်း တော်ကြီးနှင့် သာသနိကအဆောက်အအုံများ ပြန်လည် ပြုပြင်တည်ဆောက်နေမှုများ၊ မြစ်ငယ်-ထုံးဘို တိုးဂိတ်မန္တလေးမြို့အဝင်လမ်းမကြီးအား ဆေးကြောသန့်ရှင်းခြင်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2025

မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသောဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ငလျင်ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး လုပ်ငန်းစီမံချက် (Recovery Plan) ရေးဆွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနစုပေါင်းအစည်း အဝေးခန်းမ၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2025

နိုင်ငံတကာမူပိုင်ခွင့် ညီလာခံ-၂၀၂၅ ဒုတိယနေ့ အခမ်းအနားများကို ယနေ့တွင် နေပြည်တော် Jasmine Naypyitaw Hotel ရှိ ဒုဋ္ဌဝတီခန်းမ၊ ကစ္ဆပနဒီခန်းမနှင့် ဧရာဝတီခန်းမတို့၌ ဆက်လက်ကျင်းပရာစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံနှင့် ဒုတိယဝန်ကြီး ဦးမင်းမင်းတို့ တက်ရောက်ကြပြီး ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ပြည်တွင်း/ပြည်ပမှ မူပိုင်ခွင့်ကျွမ်းကျင်သူပညာရှင်များ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် ပါရဂူကျမ်းပြုကျောင်းသား ကျောင်းသူများ၊ ဥပဒေအကျိုးဆောင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်တွင်း/ပြည်ပ မူပိုင်ခွင့်ပညာရှင်များနှင့် စာတမ်းရှင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2025

အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နိုင်ငံတော်ပိုင်ရုံးအဆောက်အအုံများနှင့် နိုင်ငံတော်ပိုင်ဝန်ထမ်းအိမ်ရာများသို့သွားရောက်၍ အဆောက်အအုံများ ဖြိုချဖျက်သိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2025

အစဉ်အလာကြီးမားသော မန္တလေးတက္ကသိုလ်ကြီး၏ နှစ် ၁၀၀ ပြည့်မြောက်ခဲ့သည့် နှစ်ပတ်လည်နေ့အား ဂုဏ်ပြုသောအားဖြင့် မန္တလေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲကို ယနေ့ညပိုင်းတွင် နေပြည်တော်တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV Auditorium) ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့ညနေပိုင်းတွင် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့်အတူ နေပြည်တော် ပျဉ်းမနားစိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းသို့သွားရောက်၍ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လယ်ယာစက်မှုဌာန အဆောက်အအုံ (ရာပြည့်အဆောက်အအုံ) ပြန်လည်ပြုပြင်မှုများ ဆောင်ရွက်နိုင်ရန်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2025

ငလျင်ဒဏ်ကြောင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် တိုက်ပိ၊ တိုက်ပြားဖြစ်ပေါ်ခဲ့သော ဝန်ကြီးဌာန၊ အဖွဲ့အစည်း ၂၅ ခုမှ ဝန်ထမ်းအိမ်ရာ မြေညီထပ်အခန်း ၄၉၉ ခန်းအတွက် အခြေခံလိုအပ်သည့် မီးဖိုချောင်သုံးနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်း ခြောက်မျိုးထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးများဦးဆောင်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2025

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ရာဇဌာနီလမ်းမကြီးပေါ်ရှိ လမ်းပျက်စီးနေရာများအား နည်းပညာအသစ်ဖြစ်သည့် Regulating Course Mix Design ဖြင့် ပြန်လည်အဆင့်မြှင့်တင်ပြုပြင်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါ ၍ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2025

ပြည်ထောင်စုနယ်မြေနေပြည်တော် ၂၀၂၅ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေနေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကြိုးဝိုင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်၍ ခရေပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2025

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်၍ နိုင်အတွင်း ဆင်းရဲနွမ်းပါးသည့် လူတန်းစားများ အတိုင်းအတာတစ်ခုအထိ ရှိနေမည်ဖြစ်သည်။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ကုန်ထုတ်စွမ်းအားမြင့်မားတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်း ပေါများရေး စသည့်အစီအမံများ ဆောင်ရွက်ရမည်ဖြစ်ရာ ပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများမြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေးကို နိုင်ငံတော်က ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2025

မြန်မာမှုနယ်ပယ်တွင် “တစ်ယောက်အားဖြင့် ယူသော်မရ၊ တစ်သောင်းအားဖြင့် ယူသော်ရ၏” ဟူသော ဆိုရိုးရှိသည်။ ရပ်ရေး၊ ရွာရေး၊ လူမှုရေးတို့တွင် စုပေါင်းလုပ်ကိုင်ခြင်း၊ တစ်ဦး တစ်ယောက်လိုအပ်နေချိန်တွင် အများက စုပေါင်းကူညီခြင်းဓလေ့တို့ ကျေးလက်ဒေသအများအပြားတွင် ယနေ့တိုင်ရှိနေသည်။ သို့ဖြစ်ရာ “အများအကျိုးကို တစ်ဦးစီကဆောင်ရွက်ပြီး တစ်ဦးစီအတွက် အများကဆောင်ရွက်” ရသည့် သမဝါယမစနစ်သည် မြန်မာတို့နှင့် ကိုက်ညီသောစနစ်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 04, 2025

နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီ ညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်များကိုထမ်းဆောင်နိုင်ရန်အတွက် နိုင်ငံသားတိုင်းစစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်ခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကိုထမ်းဆောင်ရန် စိတ်အားထက်သန်စွာ လာရောက်စာရင်းပေးသွင်းကြသည့် လူငယ်များကို ပြည်သူ့စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 04, 2025

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သည့် (၃၇) ကြိမ်မြောက် ထိုင်း - မြန်မာ ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေးကို ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် ချင်းမိုင်မြို့ရှိ Green Lake Resort ၌ ပြုလုပ်ရာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ကာကွယ်ရေးဦးစီချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေနှင့် တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt. Gen. Kittipong Jamsuwan နှင့်အဖွဲ့ဝင်များတက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 04, 2025

ဇူလိုင်လ ၂ ရက်နေ့ ညနေ ၄ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ ၁၂ လမ်းအတိုင်း အရှေ့မှအနောက်သို့ ကိုကိုဝင်း(ခ)သူရဝင်း မောင်းနှင်လာသည့် ဆိုင်ကယ်အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၀၀ ပြား (တစ်ပြားလျှင် ၂,၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၂၀) ဖမ်းဆီးရမိပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ညနေ ၅ နာရီ အချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ မဟာအောင်မြေအရှေ့ရပ်ကွက်၊ ၄၀ လမ်းနှင့် ၈၂ လမ်းထောင့်တွင် ဆေးပြားများရောင်းချပေးသူ မျိုးမင်းအား ဆိုင်ကယ်(၁)စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်ဆက်လက်ဖော်ထုတ်ချက်အရ ညနေ ၆ နာရီခွဲ အချိန်တွင် ဆေးပြားများရောင်းချပေးသူ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်နေ ဖြိုးကျော်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၂,၀၀၀ ပြား (တစ်ပြားလျှင် ၂,၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၁,၈၄၀)နှင့် ဘိန်းဆီခဲ ၂၇ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၂၅ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၆၇၅ သိန်း)တို့အား ဖမ်းဆီးရမိသဖြင့် ကိုကိုဝင်း(ခ)သူရဝင်း(၄၁)နှစ်၊ မျိုးမင်း(၅၀)နှစ်နှင့် ဖြိုးကျော် (၃၁)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 04, 2025

ဒုတိယအကြိမ် တရုတ်-မြန်မာ-ထိုင်း နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးကို ဇူလိုင်လ ၄ ရက်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီခွဲအချိန်အထိ နေပြည်တော်ရှိ Jasmine Naypyitaw ဟိုတယ်၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 04, 2025

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 04, 2025

၁။ အကြမ်းဖက်လုပ်ရပ်များကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်းခံထားရသည့်အပြင် လူမှုကွန်ရက်စာမျက်နှာများတွင် လတ်တလောထွက်ပေါ်လာသည့် အချက်အလက်များအရ ၎င်းတို့၏ခေါင်းဆောင်ပိုင်း ပုဂ္ဂိုလ်များကပင် အသိအမှတ်ပြုလက်ခံထားခြင်းမရှိဘဲ ၎င်းတို့၏ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားအတွက် တရားမဝင်ဖွဲ့စည်းထားသည့် CRPH နှင့် NUG တို့က ၎င်းတို့၏ မဲမသမာမှုများနှင့် နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့်ရယူရန် ကြိုးပမ်းခဲ့မှုများကိုဖုံးကွယ်ကာ နိုင်ငံတော်အာဏာကို မတရားဆက်လက်ရယူဆုပ်ကိုင်ထားလိုသည့်အတွက် ၎င်းတို့ကပင် ရွေးကောက်ခံအစိုးရဖြစ်သကဲ့သို့ ပုံဖော်ခဲ့သည်။ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲပြန်လည်ကျင်းပပေးနိုင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်အာဏာအရပ်ရပ်ကို တာဝန်ယူဆောင်ရွက်ခဲ့ရသည့် တပ်မတော်အား ဒီမိုကရေစီနောက်ပြန်ဆွဲသည်ဟု CRPH နှင့် NUG တို့က ဝါဒဖြန့်ဆောင်ရွက်ခဲ့မှုများကို လက်ခံယုံကြည်ခဲ့၍ဖြစ်စေ၊ မိမိတို့၏ယုံကြည်ချက်၊ ခံယူချက်များသည် မှန်ကန်သည်ဟုယူဆ၍ဖြစ်စေ PDF အမည်ခံများအပါအဝင် လက်နက်ကိုင်အုပ်စုများသည် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 04, 2025

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သောအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်များနှင့်အညီ ယမန်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ရှိ ထားဝယ်အကျဉ်းထောင်ကိုလည်းကောင်း၊ ယနေ့တွင် ထားဝယ်မြို့မရဲစခန်းအချုပ်ခန်း၊ ထားဝယ်ခရိုင်တရားရုံးအချုပ်ခန်းနှင့် ထားဝယ်ဘိုးဘွားရိပ်သာကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 04, 2025

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ‌ဇော်မြင့်နှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်ထွန်းနိုင်တို့ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘရူနိုင်း ဒါရုဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့တွင် ဇူလိုင် ၁ ရက်မှ ၃ ရက်အထိ ကျင်းပသည့် (၅၃)ကြိမ်မြောက် အရှေ့တောင်အာရှ ပညာရေးဝန်ကြီးများအဖွဲ့ ဆီမီယိုကောင်စီညီလာခံသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်