Skip to main content

ဒုတိယသမ္မတ ဦးညိုစော ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ H.E. Mr. Alexander EGOROV ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် မေ ၂၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစောသည် ဘယ်လာရုစ်သမ္မတနိုင်ငံဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ H.E. Mr. Alexander EGOROV ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံဗဟိုဘဏ်များအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့မှုနှင့် ဗဟိုဘဏ်အချင်းချင်း နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အထောက်အကူပြုနိုင်မည့် ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

တက်ရောက်

တွေ့ဆုံပွဲသို့ ဒုတိယသမ္မတ ဦးညိုစောနှင့်အတူ ဒုတိယဝန်ကြီး ဦးခင်လတ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ဘယ်လာရုစ်သမ္မတနိုင်ငံဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌနှင့်အတူ ဟနွိုင်းမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Uladzimir BARAVIKOU နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်