ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ကျေးလက်လမ်းတံတားများ အရည်အသွေးပြည့်မီစွာတည်ဆောက်နိုင်ရေး ကွင်းဆင်းစစ်ဆေး
Jul 05, 2025
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ကျေးလက်လမ်းခင်းပစ္စည်းများ ဓာတ်ခွဲခန်းရုံးသို့သွားရောက်၍ မြေသားလမ်း၊ ကျောက်ချောလမ်း၊ ကတ္တရာလမ်း၊ ကွန်ကရစ်လမ်းများ တည်ဆောက်ရာတွင် အသုံးပြုသော ဒေသအလိုက် မြေအမျိုးမျိုး၏အရည်အသွေးများ စမ်းသပ်ခြင်း၊ ကျောက်၊ သဲ၊ ကတ္တရာ၊ ကွန်ကရစ်အရည်အသွေးများ စမ်းသပ်ခြင်းနှင့် အသုံးပြုလျက်ရှိသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Jul 05, 2025
တရုတ်ပြည်သူ့သမ္မတနိုင်ငံက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနသို့ ဝူရှူးအားကစားပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ တွင် ရန်ကုန်တိုင်းဒေသကြီး တာမွေ မြို့နယ်ရှိ ကျိုက္ကဆံကွင်းအားကစား နှင့် ကာယပညာသိပ္ပံ(ရန်ကုန်)၌ ကျင်းပသည်။
Jul 05, 2025
မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရုံးအမှတ် (၃၁) ရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက်၊ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်း ကော်မတီအတွင်းရေးမှူး၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာများမှ လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Jul 05, 2025
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ မန္တလေးငလျင်ကြီးဘေးသင့် အာမခံအလုပ်သမားများအား သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀ ရာနှုန်း ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
Jul 05, 2025
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့ နံနက်ပိုင်းက မဟာမုနိဘုရားကြီး ဂန္ဓကုဋိကျောင်း တော်ကြီးနှင့် သာသနိကအဆောက်အအုံများ ပြန်လည် ပြုပြင်တည်ဆောက်နေမှုများ၊ မြစ်ငယ်-ထုံးဘို တိုးဂိတ်မန္တလေးမြို့အဝင်လမ်းမကြီးအား ဆေးကြောသန့်ရှင်းခြင်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးသည်။
ငလျင်ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းစီမံချက်ရေးဆွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 05, 2025
မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသောဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ငလျင်ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး လုပ်ငန်းစီမံချက် (Recovery Plan) ရေးဆွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနစုပေါင်းအစည်း အဝေးခန်းမ၌ကျင်းပသည်။
Jul 05, 2025
နိုင်ငံတကာမူပိုင်ခွင့် ညီလာခံ-၂၀၂၅ ဒုတိယနေ့ အခမ်းအနားများကို ယနေ့တွင် နေပြည်တော် Jasmine Naypyitaw Hotel ရှိ ဒုဋ္ဌဝတီခန်းမ၊ ကစ္ဆပနဒီခန်းမနှင့် ဧရာဝတီခန်းမတို့၌ ဆက်လက်ကျင်းပရာစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံနှင့် ဒုတိယဝန်ကြီး ဦးမင်းမင်းတို့ တက်ရောက်ကြပြီး ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ပြည်တွင်း/ပြည်ပမှ မူပိုင်ခွင့်ကျွမ်းကျင်သူပညာရှင်များ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် ပါရဂူကျမ်းပြုကျောင်းသား ကျောင်းသူများ၊ ဥပဒေအကျိုးဆောင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်တွင်း/ပြည်ပ မူပိုင်ခွင့်ပညာရှင်များနှင့် စာတမ်းရှင်များ တက်ရောက်ကြသည်။
Jul 05, 2025
အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နိုင်ငံတော်ပိုင်ရုံးအဆောက်အအုံများနှင့် နိုင်ငံတော်ပိုင်ဝန်ထမ်းအိမ်ရာများသို့သွားရောက်၍ အဆောက်အအုံများ ဖြိုချဖျက်သိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Jul 05, 2025
အစဉ်အလာကြီးမားသော မန္တလေးတက္ကသိုလ်ကြီး၏ နှစ် ၁၀၀ ပြည့်မြောက်ခဲ့သည့် နှစ်ပတ်လည်နေ့အား ဂုဏ်ပြုသောအားဖြင့် မန္တလေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲကို ယနေ့ညပိုင်းတွင် နေပြည်တော်တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV Auditorium) ခန်းမ၌ ကျင်းပသည်။