Skip to main content

Feb 11, 2026

လယ်ယာသုံးစက်ပစ္စည်းကိရိယာများကို အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပလျက်ရှိသည့် နေပြည်တော်ရင်ပြင် ကွပ်ကဲရေးရုံး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2026

​​​​​​​၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှ စတင်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲ၍ နိုင်ငံတော်တစ်ဝန်းအတွင်းရှိ မြို့နယ် ၂၆၃ မြို့နယ်တွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့သည်။ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပရေးအတွက် အဓိကတာဝန်ရှိသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအားလုံး၊ သက်ဆိုင်ရာမြို့နယ်အလိုက် ပါဝင်ဆောင်ရွက်ခဲ့ကြသူများအားလုံးကို အသိအမှတ်ပြုကြရမည်ဖြစ်သလို ရွေးကောက်ပွဲများ၌ တက်တက်ကြွကြွ လာရောက်မဲပေးခဲ့ကြသည့် မဲဆန္ဒရှင်ပြည်သူများအားလုံးကိုလည်း အသိအမှတ်ပြု ကျေးဇူးတင်ရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2026

​​​​​​​ဒုတိယကမ္ဘာစစ်အတွင်း ဓာတုလက်နက်များ စမ်းသပ်တီထွင်ကြရင်းက ဒီဒီတီကဲ့သို့သော ဟိုက်ဒရိုကာဗွန်များနှင့် ပါရာသွန်(parathon) ကဲ့သို့သော အော်ဂင်နိုဖော့စ်ဖောရပ်စ် ဓာတုပစ္စည်းများကို တွေ့ရှိခဲ့ကြသည်။ ၎င်းဓာတ်ပစ္စည်းများသည် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ၏ မူလအစပင်ဖြစ်ပြီး စစ်ကြီးပြီးသည့်အခါ ဓာတုလုပ်ငန်းရှင်များက စီးပွားဖြစ်ထုတ်လုပ်ရောင်းချခဲ့ကြသလို သစ်တောပိုင်ရှင်၊ ဥယျာဉ်ခြံပိုင်ရှင်၊ စိုက်ကွင်းပိုင်ရှင် စသည့် စိုက်ပျိုးထုတ်လုပ်သူများကလည်း တွင်တွင်ကျယ်ကျယ် သုံးစွဲခဲ့ကြသည်။ ပိုးသေပေါင်းရှင်းရန်အလို့ငှာ ဓာတုဆေးများကို အလွယ်တကူ သုံးစွဲခဲ့ကြရာမှ သဘာဝပတ်ဝန်းကျင်နှင့် လူအပါအဝင် အခြားသော သက်ရှိသတ္တဝါများအပေါ် ရေတိုရေရှည်တွင် ဆိုးရွားသည့်အန္တရာယ် ကျရောက်စေကြောင်း သိရှိလာခဲ့ကြသည့်အခါ အချို့ပိုးသတ်ဆေး များ ထုတ်လုပ်မှုကို ရပ်ဆိုင်းစေခြင်း၊ အချို့ကိုကန့်သတ်ခြင်း၊ နည်းလမ်းများပြောင်းလဲခြင်းတို့ ပြုလုပ်ခဲ့ကြရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2026

၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို နေပြည်တော်ရင်ပြင်၌ ကျင်းပပြုလုပ်လျက်ရှိရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နေ့လယ်ပိုင်းတွင် သွားရောက်ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2026

နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ Naypyitaw State Academy (ဘွဲ့နှင်းသဘင်ခန်းမ) ဘက်စုံသုံးခန်းမဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2026

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Feb 10, 2026

လူသိနည်းပါးသော (လျစ်လျူရှုခံ) မျိုးစိတ်များအပေါ် အခြေခံသည့် အပင်မျိုးဗီဇအရင်းအမြစ်များ ထိန်းသိမ်းခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2026

ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့၌ ကျင်းပသည့် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် (၂၀၂၆) တွင် အာဆီယံခရီးသွားလုပ်ငန်းဆိုင်ရာ စံနှုန်းဆုရရှိခဲ့သူများအား ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ဆုတံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များ ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဟိုတယ်ဇုန်ရှိ Hotel Max ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2026

မြန်မာနိုင်ငံစာရင်းကောင်စီမှ ကြီးမှူးဖွင့်လှစ်သည့် ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း) အွန်လိုင်းသင်တန်းအမှတ်စဉ်-၄၅ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2026

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် အိန္ဒိယသမ္မတနိုင်ငံ အစိုးရတို့အကြား Naypyitaw State Academy တွင် ဓာတ်ခွဲခန်းသုံးပစ္စည်းကိရိယာများ ထောက်ပံ့နိုင်ရေးနားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့နံနက် ၉‌ နာရီတွင် Naypyitaw State Academy အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2026

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် နိုင်ငံကူးလက်မှတ် (Passport for Job-PJ) ကိုင်ဆောင်ထားပြီး ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများ ပြည်ပနိုင်ငံသို့ ရောက်ရှိသည့်အချိန် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေပါခံစားခွင့်များ ရရှိနိုင်စေရန်နှင့် အလုပ်သမားရေးရာကိစ္စရပ်များ ဖြစ်ပေါ်လာသည့်အချိန် လွယ်ကူလျင်မြန်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ် (Overseas Worker Identification Card-OWIC) ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အတူ လယ်ဝေးမြို့နယ် ရှားတောကျေးရွာသို့ သွားရောက်၍ ခေတ်ရှေ့ဆောင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်း (လီမိတက်) ၏ လယ်ယာသုံးစက်ကိရိယာပစ္စည်းအရောင်းပြခန်းနှင့် အလုပ်ရုံဖွင့်ပွဲသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2026

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ Honorary Doctor of Public Administration (D.P.A. honoris causa) ကို အထူးဘွဲ့နှင်းသဘင်အခမ်းအနားဖြင့် ချီးမြှင့်အပ်နှင်းခဲ့ကြောင်းသိရှိရပါသဖြင့် မြန်မာ-ဗီယက်နမ် ချစ်ကြည်ရေးအသင်းအနေဖြင့် အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2026

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်) ကို ပြခန်းပေါင်း ၁၂၀ ကျော်နှင့် ပြင်ပကုမ္ပဏီ ၂၉ ခုတို့က ပါဝင်ပြသရောင်းချလျက်ရှိရာ ယနေ့ပြပွဲ ဒုတိယနေ့တွင် ကျောင်းသား ကျောင်းသူများ၊ လူငယ်များနှင့် ဒေသခံပြည်သူအများအပြားလာရောက်ကြည့်ရှုလေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2026

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ နေပြည်တော် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၂ ရက်တွင် ဥတ္တရသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၀ ဒသမ ၈၄၄ တန်၊ အခြားသစ် ၂ ဒသမ ၄၅၀ တန် စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၆၃၆၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2026

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2026

နေပြည်တော်ရင်ပြင်၌ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်မှ ၁၃ ရက်အထိ ကျင်းပသည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်၌ ပါဝင်ပြသလျက်ရှိသည့် လုပ်ငန်း/စီးပွားချိတ်ဆက် (Business Matching) ပြခန်းတွင် တိုင်းဒေသကြီး/ ပြည်နယ်များမှ MSME လုပ်ငန်းရှင်များ၏ ထုတ်ကုန်များကို လုပ်ငန်းစတင်တည်ထောင်သည့် အချိန်မှစ၍ ပြည်တွင်းစျေးကွက်တွင် ရောင်းချခြင်း၊ ပြည်ပစျေးကွက်သို့ တင်ပို့ရောင်းချနိုင်သည်အထိ ချိတ်ဆက်နိုင်မည့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2026

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (၈၈) ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2026

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ဖေဖော်ဝါရီ ၈ ရက်မှ ၁၃ ရက်အထိ နေပြည်တော်ရင်ပြင်၌ ကျင်းပလျက်ရှိပြီး ပြပွဲကျင်းပနေစဉ်အတွင်း လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးပွဲ၊ ဝန်ကြီးဌာန၊ ပုဂ္ဂလိကဆွေးနွေးပွဲ၊ စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်မှု ဆွေးနွေးပွဲများကို ထည့်သွင်းကျင်းပလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2026

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပင်စင်ဦးစီးဌာန ပင်စင်လုပ်ငန်းဆိုင်ရာ အထောက်အကူပြုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်