Nov 06, 2025
မြန်မာနိုင်ငံ၌ရောက်ရှိနေသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး H.E.Mr. Andrey Aleksandrovich Travnikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ တပ်မတော်အထူးလေယာဉ်ဖြင့်ထွက်ခွာရာ ရန်ကုန်မြို့သို့ ရောက်ရှိကြသည်။ ထို့နောက် နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံးအစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကာ အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။
Nov 06, 2025
မဲခေါင်-လန်ချန်းစီမံကိန်း၏ အထောက်အပံ့ဖြင့်ဆောင်ရွက်သည့် နေပြည်တော်ခွာနာလျှာနာရောဂါ ထိန်းချုပ်ဇုန် ကာကွယ်ဆေးထိုးနှံခြင်းနှင့်သုံးသပ်ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနရုံးအမှတ်(၃၆) စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။
Nov 06, 2025
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျောက်ဆည်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းနှင့်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့သို့ ရောက်ရှိပြီး Grade-12 သင် ဆရာ ဆရာမများ၊ ကျောင်းသား မိဘများနှင့် တွေ့ဆုံသည်။
Nov 06, 2025
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်သည် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme) ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr.Samir Sudhir Wanmali နှင့် ဘန်ကောက်မြို့အခြေစိုက်ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (United Nations Office for Project Services- UNOPS)၏ အာရှဒေသဆိုင်ရာရုံး ညွှန်ကြားရေးမှူး Mr. Sanjay Mathur တို့အား ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) နေပြည်တော်၌ သီးခြားစီလက်ခံတွေ့ဆုံသည်။
Nov 06, 2025
ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ(၂၀၂၅ ခုနှစ်)(မူကြမ်း)နှင့်စပ်လျဉ်းသည့်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 06, 2025
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)၏အကြီးအကဲ Mr. Justin Brady အား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Nov 06, 2025
ရေကြောင်းသတိပေးချက်နှင့်ရေကြောင်း သတိပေးချက် ထုတ်ပြန်ကြေညာခြင်း
Nov 06, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Nov 06, 2025
အမျိုးသားဟူသော စကားရပ်နှင့်ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုမှုအမျိုးမျိုးရှိသည်။ အမျိုးသားဟူသည် တူညီသည့်ကံကြမ္မာဖြင့် စုစည်းလျက်ရှိသည့် လူထုတစ်ရပ်၊ တူညီသည့်သမိုင်းကြောင်း၊ တူညီသည့်အမျိုးသားစရိုက်လက္ခဏာ၊ တူညီသည့်ဘာသာစကားတို့နှင့်အတူ နေထိုင်ကြသူများဟူသော ဖွင့်ဆိုချက်မျိုးရှိသကဲ့သို့ ကိုယ်ပိုင်နိုင်ငံရှိသော လူမျိုးဟူ၍ အနက်အဓိပ္ပာယ် ဖွင့်ဆိုမှုမျိုးလည်းရှိသည်။
Nov 06, 2025
မြန်မာနိုင်ငံသည် တိုင်းရင်းသားမျိုးနွယ်စုပေါင်းတစ်ရာကျော်ဖြင့် အေးချမ်းစွာအတူလက်တွဲနေထိုင်ခဲ့ကြသောနိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံသည် စေတီ၊ ပုထိုး၊ ကျောင်း၊ ကန်၊ ဇရပ်များ၊ အထင်ကရယဉ်ကျေးမှုအမွေအနှစ်များ၊ သာယာလှပသည့်ရှုမျှော်ခင်းများ၊ ဘာသာတရားကိုအခြေခံသည့် ၁၂ လရာသီပွဲတော်များနှင့် ရှုမငြီးဖွယ်အစုံအလင်ပါဝင်ကာ စိတ်ချမ်းမြေ့ပျော်ရွှင်ဖွယ်ကောင်းသော နိုင်ငံဖြစ်သည်။ သီတင်းကျွတ်၊ တန်ဆောင်မုန်း ဤရာသီကာလများသည် ပွင့်လင်းရာသီကာလဖြစ်၍ ပျော်ရွှင်ချမ်းမြေ့မှုအပေါင်းကို ဆောင်ကြဉ်းပေးသောကာလဖြစ်သည်။
Nov 05, 2025
ရှေ့တန်းစစ်မျက်နှာများတွင် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ပြီး အောင်ပွဲအလီလီရယူနိုင်ခဲ့သော အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယမန်နေ့ညနေပိုင်းတွင် မိုင်းပွန်မြို့ရှိ နယ်မြေခံတပ်၌ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်နှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ ဆရာ/ဆရာမများ တက်ရောက်ကြသည်။
Nov 05, 2025
၂၀၂၅ ခုနှစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ ရေ၊ လေ) ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော်အားကစားရုံ(A)ရုံ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား တပ်မတော်အားကစားနှင့်ကာယပညာအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်တက်ရောက်သည်။
Nov 05, 2025
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိသည်။
Nov 05, 2025
PDF အမည်ခံအကြမ်းဖက်သမားများနှင့်ပူးပေါင်းအဖွဲ့များသည် ဒေသကောင်းစားရေးဟုသုံးနှုန်း၍ အမှန်တကယ်တွင် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့်ဒေသတွင်းကုန်စည်စီးဆင်းမှုများ ပျက်ပြားစေရန်ရည်ရွယ်၍ အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် လမ်း၊တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများနှင့်မီးရှို့ဖျက်ဆီးခြင်းများစသည့် အဖျက်အမှောက်လုပ်ငန်းများကို ယုတ်မာရိုင်းစိုင်းစွာဥပဒေမဲ့ ကျူးလွန်လျက်ရှိသည်။
Nov 05, 2025
ရှမ်းပြည်နယ်၏ အထင်ကရပွဲတော်တစ်ခုဖြစ်သည့် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သော်လည်း လက်ရှိမိုးလေဝသ ရာသီဥတုအခြေအနေများကြောင့် ပွဲတော်ရက်အား ၃ ရက်တိုးကာ နိုဝင်ဘာ ၈ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Nov 05, 2025
ရှေ့တန်းစစ်မျက်နှာများတွင် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ပြီး အောင်ပွဲအလီလီရယူနိုင်ခဲ့သော အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့နံနက်ပိုင်းတွင် နယ်မြေခံတပ်၌ ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက အောင်သပြေခက်ကမ်း၍ ပန်းကုံးစွပ်ပြီး အိုးစည် ဒိုးပတ်၊ အတီးအမှုတ်အကအခုန်များဖြင့် သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
Nov 05, 2025
ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီဥက္ကဋ္ဌ ဦးယန်ကျင်ကန်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို နိုဝင်ဘာ ၄ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
Nov 05, 2025
China Media Group (CMG) နှင့် ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအစိုးရတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် အာဆီယံမိတ်ဖက်မီဒီယာပူးပေါင်းဆောင်ရွက်မှု သီတင်းပတ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသော ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၃ ရက် ညနေပိုင်းတွင် ကွမ်ရှီ ရှမ်းဟိုင်ရှင်းချန်ယဉ်ကျေးမှုမီဒီယာကုမ္ပဏီလီမိတက်၊ China-ASEAN Artificial Intelligence Collaborative Innova-tion Center နှင့် မိုင်းယွဲနည်းပညာ ကုမ္ပဏီလီမိတက်သို့ သွားရောက်လေ့လာခဲ့ကြသည်။
Nov 05, 2025
ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး (၂) နော်သဇင်တုပ်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် စောမင်းမင်းမြိုင်တို့က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို နိုဝင်ဘာ ၄ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
Nov 05, 2025
ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်များအနက် တစ်ရက်ဖြစ်သည့် တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့ဖြစ်သည်နှင့်အညီ တန်ဆောင်တိုင်ပွဲတော်၊ မီးထွန်းပွဲတော်တို့ကို မြန်မာ့ယဉ်ကျေးမှုအစဉ်အလာကောင်းတစ်ရပ်အဖြစ် လက်ဆင့်ကမ်းထိန်းသိမ်းပြီး နှစ်စဉ်ကျင်းပပြုလုပ်ကြသည်။
