နေပြည်တော် ဩဂုတ် ၁၃
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ စုပေါင်းရုံးရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြင်ဦးလွင်မြို့နယ် ဦးစီးမှူးရုံးသို့သွားရောက်၍ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများ၊ လဲလှယ်နှင့် မိတ္တူလျှောက်ထားသူပြည်သူများကို ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားကတ်ပြားစိစစ်ဆောင်ရွက်ပေးနေမှုအခြေအနေများကိုလည်းကောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ်တစ်ပါတည်း ဆောင်ရွက်ထုတ်ပေးနေမှုအခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြို့နယ်ရုံးအတွင်း၌ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခဲ့သည့် အချက်အလက်များအားရုံးချုပ်ရှိ e-ID Sever ရှိ အချက်အလက်များနှင့် တိုက်ဆိုင်စိစစ် ပြင်ဆင်ဖြည့်စွက်ကာ မဲစာရင်းမှန်ကန်ရေးအတွက် အတည်ပြုလူဦးရေစာရင်း တိကျမှန်ကန်ရေးဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီးရုံးခန်းအတွင်း စာရွက်စာတမ်းများ ထိန်းသိမ်းထားရှိမှုနှင့် မှတ်တမ်းခန်းအတွင်း ကိုယ်ရေးဖိုင်များ စနစ်တကျထိန်းသိမ်းထားရှိမှု၊ မီးဘေးအန္တရာယ်နှင့် ပိုးမွှားအန္တရာယ်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေးသည်။
ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်ရှိ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တာဝန်ကျဝန်ထမ်းများနေထိုင်သည့် ဝန်ထမ်းအိမ်ရာများအနက် ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွားသည့် ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြင်ဆင်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းလိုအပ်ချက်များ၊ လက်ရှိယာယီတဲများဖြင့်နေထိုင်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးပြီး Container House ၌ ဝန်ထမ်းများကိုတွေ့ဆုံကာ လေဆိပ်ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြင်ဆင်ဆောင်ရွက်ရမည့်အခြေအနေ၊ လေဆိပ်လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆေးရေးလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျဆောင်ရွက်ကြရေး၊ လေဆိပ်ရုံးခန်းများ ပြန်လည်ပြင်ဆင်ပြီးပါကလုပ်ငန်းများ ပုံမှန်လည်ပတ်ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်စီစဉ်ထားရှိရေးမှာကြားကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်