Feb 07, 2025
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ပြုလုပ်ရာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ဟန်နှင့် အဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
Feb 07, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ကလောမြို့နယ် ကလောဘူတာအနီးတွင် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားသည့် ကလောချောင်း မူလနယ်နိမိတ်မြေတိုင်းတာပြီးစီးမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Feb 07, 2025
မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှုစံ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ ကျင်းပသည်။
Feb 07, 2025
(၇၈) နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ကြီးမြို့ ရွှေဘုန်းပွင့်ဘုရား အတက်လမ်း ၂၂ ပေအကျယ် ကတ္တရာကွန်ကရစ် (AC) လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ ရွှေဘုန်းပွင့်ဘုရားအတက် လမ်းသစ်ဖွင့်ပွဲမုခ်ဦး၌ ကျင်းပသည်။
Feb 07, 2025
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (United Nations Office for Project Services-UNOPS) ၏ ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူး Ms. Kirstine Damkjaer ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Feb 07, 2025
အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီအစည်းအဝေး (၁/၂၀၂၅) ကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်အမှာစကား ပြောကြားသည်။
Feb 07, 2025
စက်မှုဖွံ့ဖြိုးရေးကော်မရှင်၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာနရုံး အမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Feb 07, 2025
မန္တလေး နန်းမြို့အတွင်းရှိ မြနန်းစံကျော်ရွှေနန်းတော် နန်းမြင့်မျှော်စင်ကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) က ကြံ့ခိုင်ပြီး ရေရှည်တည်တံ့စေရန်အတွက် ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ လုပ်ငန်းများ ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
Feb 07, 2025
ယနေ့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် ကျရောက်သည့် (၇၈) နှစ်မြောက် ရှမ်းပြည်နယ်နေ့ နေ့ထူး နေ့မြတ်အခါသမယ၌ ရှမ်းပြည်နယ်နှင့် နိုင်ငံတစ်ဝန်းရှိ ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။
Feb 07, 2025
မြန်မာနိုင်ငံနိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိသည်။ လတ်တလောတွင် အချို့သောနယ်စပ်ဒေသများ၌ ဖြစ်ပေါ်နေသော အခြေအနေများကို အခွင့်ကောင်းယူပြီး ပြည်ပနိုင်ငံသားအချို့သည် EAO လက်နက်ကိုင်အဖွဲ့များအပါအဝင် ဆက်စပ်နေရာများမှ ကိုယ်ကျိုးစီးပွားရှာဖွေနေသူများ၏ ပါဝင်ပတ်သက်မှုများဖြင့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများကို ကျယ်ပြန့်စွာဆောင်ရွက်လျက်ရှိသဖြင့် စိစစ်ဖော်ထုတ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်းလုပ်ငန်းစဉ်များကို အလေးထားဆောင်ရွက်လျက်ရှိသည်။
Feb 07, 2025
နိုင်ငံ့စီးပွားမြင့်မားအောင်ဆောင်ရွက်ရာတွင် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ကုန်ထုတ်လုပ်မှုကဏ္ဍ၏ အဓိကအင်အားစုဖြစ်သော အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များကို အားပေးမြှင့်တင်လျက်ရှိသည်။ မြန်မာ့စီးပွားရေးလုပ်ငန်းများ၏ ၉၉ ရာခိုင်နှုန်းခန့်သည် MSME များပင်ဖြစ်ရာ မြန်မာ့စီးပွားရေးမြင့်မားစေရန် MSME များမြင့်မား ရမည်ဖြစ်သည်။
Feb 06, 2025
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော် (ရေ) မှ တပ်ဖွဲ့ဝင်များသည် ဂွမြို့၏အနောက်တောင်ဘက်ရေမိုင် ၁၈.၅ မိုင်အကွာ၌ ရွှေကြယ်လင်း ၁ အမည်ရှိ ကုန်တင်လှေတစ်စီးသည် လှိုင်းပုတ်၍ လှေဝမ်းပျဉ်ချပ်များပြုတ်ထွက်ပြီး
Feb 06, 2025
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်ရှိ ရုံးစည်ကြီးရွာနှင့် ရွာသစ်ရွာရှိ ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် သံယာတော် ၁ ပါးနှင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာတစ်ခုက မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေလျက်ရှိကြောင်း သိရသည်။
Feb 06, 2025
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် မိဘပြည်သူများ ဇာတ်သဘင်ဖျော်ဖြေတင်ဆက်မှုဖြင့် စိတ်အပန်းပြေစေရန်၊ သဘင်ပညာရှင်များ၏ အနုပညာစွမ်းရည်များ ဖော်ထုတ်ပြသနိုင်ရန် ရည်ရွယ်ပြီး “ပွဲညရဲ့ ဇာတ်ခုံ” အစီအစဉ်ဆန်းသစ်တင်ဆက်မှုကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV HD Channel မှ ဇန်နဝါရီ ၂၅ ရက် စနေနေ့မှစ၍ အပတ်စဉ်ထုတ်လွှင့်ပြသပေးလျက်ရှိသည်။
Feb 06, 2025
“ချစ်စရာ့အရွယ်ကစားကြမယ်” ကလေးအစီအစဉ်ကို MRTV HD Channelမှ အပတ်စဉ် စနေနေ့တိုင်းထုတ်လွှင့်ပြသလျက်ရှိရာ ဖေဖော်ဝါရီ ၈ ရက် စနေနေ့ မွန်းလွဲ ၁၁ နာရီတွင် ရန်ကုန်မြို့ တောင်ဥက္ကလာပ မူလတန်းကြိုကျောင်းနှင့် လှိုင်(၁)မူလတန်းကြိုကျောင်းတို့မှ ကလေးငယ်များ ပါဝင်ကစားကြပုံများကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channelမှ ဆက်လက်ထုတ်လွှင့်ပြသမည်ဖြစ်သည်။
Feb 06, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Feb 06, 2025
မြိတ်မြို့တွင် ငွေကျပ်သိန်း ၆၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Feb 06, 2025
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၇ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း ၁၆ ဒသမ ၆၂၂၄ တန်၊ သစ်မာ ၉ ဒမသမ ၄၁၇၄ တန်၊ အခြား ၆၂ ဒသမ ၂၃၀၆ တန် စုစုပေါင်း ၈၈ ဒသမ ၂၇၀၄ တန်၊ ယာဉ်/ယန္တရားသုံးစီး၊ ပြစ်မှုကျူးလွန်သူ ၁၇ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
Feb 06, 2025
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် အင်းယားကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ပြင်ဦးလွင်တပ်နယ်မှ နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
Feb 06, 2025
ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ်ရှိ ရောင်နီဦးလယ်ယာနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း၊ တောင်ကြီးမြို့နယ် ပန့်ပုန်းကျေးရွာရှိ ပန်းချယ်ရီစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းနှင့် ပင်းတယမြို့နယ် ပွေးလှကျေးရွာရှိ ပွင့်လန်းစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းများရှိ အသင်းသားပိုင်ယာမြေများတွင် အသင်းသားတောင်သူများက ဆီနေကြာများစိုက်ပျိုးထားရှိသည်။
