Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig နှင့် အဖွဲ့ကို လက်ခံတွေ့ဆုံ

နေပြည်တော် ဩဂုတ် ၂၅

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (United Nations Population Fund-UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig နှင့်အဖွဲ့ကို ယနေ့ မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အမြင်ချင်းဖလှယ်ဆွေးနွေး

တွေ့ဆုံစဉ် ဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူပြီးစီးမှု၊ ရှေ့ပြေးလူဦးရေစာရင်းထုတ်ပြန်ပြီးစီးမှုနှင့် မကြာမီ ပြည်ထောင်စုအဆင့် ပင်မအစီရင်ခံစာထုတ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှု၊ ဝန်ကြီးဌာနနှင့် UNFPA တို့အကြား ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းအပါအဝင် လူဦးရေဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့မှုနှင့် လက်ရှိအခြေအနေတွင် UNFPA အနေဖြင့် ဝန်ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ ထပ်မံပူးပေါင်းဆောင်ရွက်နိုင်ရေးအခြေအနေ၊ UNFPA ၏ နိုင်ငံခြားသားဝန်ထမ်းများ ပြည်ဝင်ဗီဇာနှင့် နေခွင့်ဆိုင်ရာကိစ္စရပ်များ အဆင်ပြေစေရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးမှု၊ မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေအား UNFPA ရုံးချုပ်သို့ အသိပေးပြောကြားနိုင်ရေးနှင့် UNFPA အနေဖြင့် လာမည့်ကာလများအတွင်း ဝန်ကြီးဌာနနှင့် ဆက်လက်လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်