Aug 04, 2022
တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
Aug 04, 2022
“လက်ရှိ ၆ လတာကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးနယ်မြေအချို့၊ မကွေးတိုင်းဒေသကြီး(မြောက်ပိုင်း) နယ်မြေအချို့၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ် နယ်မြေအချို့တို့မှာ နောက်ကွယ်က ကေအိုင်အေနဲ့ ကေအင်န်ယူ သောင်းကျန်းသူတွေရဲ့ လူအင်အားနဲ့ လက်နက်၊ ခဲယမ်းအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းတွေကို ယခင်ကထက် ပိုမိုပါဝင်ကူညီမှုတွေကြောင့် တာဝန်ယူပြီးခဲ့တဲ့ ၁ နှစ်တာ သက်တမ်းကာလနဲ့ နှိုင်းယှဉ်ပါက အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ ဖျက်ဆီးမှုတွေပိုမိုများပြားလာခဲ့တဲ့အတွက် တရားဥပဒေစိုးမိုးရေးကို အလေးထားပြီး မူလအခြေအနေအတိုင်း ပြန်လည်တည်ငြိမ်အေးချမ်းဖို့ ဆက်လက်ဆောင်ရွက်သွားဖို့ လိုအပ်လျက်ရှိပါတယ်”ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁ နှစ်နှင့် ၆ လ (၁၈လပြည့်)တွင် ပြောကြားခဲ့သည်။
Aug 04, 2022
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုသည် ၁၉၃၀ ပြည့်နှစ် ကမ္ဘာ့စီးပွားပျက်ကပ်ဖြစ်ပွားခဲ့ပြီးနောက် အကြီးမားဆုံး အပြင်းထန်ဆုံးဖြစ်သည်ဟု ဆိုကြသည်။ ကမ္ဘာ့နိုင်ငံအသီးသီးတို့၏ အစိုးရများဘဏ္ဍာရေးအကျပ်ဆိုက်ခဲ့ကြပြီး ငွေကြေးဈေးကွက် ချည့်နဲ့သွားခဲ့သလို ကုန်သွယ်ရေးကဏ္ဍ လေးလံနှေးကွေးသွားခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုများ တုံ့ဆိုင်းသွားခဲ့ပြီး ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများမှ လူသန်းပေါင်းများစွာ အလုပ်အကိုင်များကို စွန့်လွှတ်ခဲ့ကြရသည်။
Aug 03, 2022
တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးတို့ကိုရည်ရွယ်၍ ဧပြီ ၂၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ရာ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ဒုတိယဥက္ကဋ္ဌ(၁) စဝ်ခေးတိုင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မော်တော်ယာဉ်များဖြင့် နေပြည်တော်ရှိ Horizon Lake View Resort သို့ရောက်ရှိကြသည်။
Aug 03, 2022
မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ်အဖြစ် လာရောက်သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂျီလတ်ဗ်ရော့သည် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃ ရက်၊ နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ရောက်ရှိခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များက နေပြည်တော်လေဆိပ်၌ ကြိုဆိုခဲ့ကြသည်။
Aug 03, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Sergey Lavrov ကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Aug 03, 2022
NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်သမားများသည် အနာဂတ်လူငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့အား အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်းစသည့် နည်းလမ်းမျိုးစုံအသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။
Aug 03, 2022
ပဲခူးတို်ငးဒေသကြီး၊ ပြည်မြို့နယ်၊ မှော်ဇာရွာမကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှော်ဇာ၌ လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော တပ်ဖွဲ့ဝင်တစ်ဦးအား ယနေ့နံနက် ၉ နာရီခန့်တွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
Aug 03, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Aug 03, 2022
အစိုးရ၏ ပညာရေးစနစ်ပျက်ပြားစေရန် ရည်ရွယ်၍ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် NUG မှ အဖွဲ့ဝင် တရားခံပြေး ဇော်ဝေစိုးနှင့် ဂျာထွယ်ပန်တို့သည် Kaung For You တရားမဝင်ပညာသင်ကြားမှုအစီအစဉ်အား Online စနစ်ဖြင့် သင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သည်။