Skip to main content

တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော် ဩဂုတ် ၃

တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာယနေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့ရှိ အောင်မင်္ဂလာ မဟာဝိဟာရကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ထန်းပင်ကုန်းရပ်ကွက်ရှိ ဒေးဒရဲဓမ္မဝါဒီကျောင်းတိုက်၊ မှော်ဘီမြို့နယ် ကံကလေးကျေးရွာရှိ ဓမ္မရင်အေးကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ဘုံကျော်မဟာစည် သာသနာ့ရိပ်သာနှင့် နှဲကြိုးကျောင်း ပရိယတ္တိစာသင်တိုက်၊ ရခိုင် ပြည်နယ်ဘူးသီးတောင်မြို့ရှိ ဂန္ဓာရီ ပရဟိတကျောင်းနှင့် အေးစေတီဘုန်းတော်ကြီးကျောင်းတိုက်၊ တောင်ကုတ်မြို့ရှိ မဟာသန္တိသုခ ဘုန်းတော်ကြီးကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက်၊ စဉ့်ကိုင်မြို့ရှိ အောင်ဆုပန် တပ်ဦးဘုန်းတော်ကြီးကျောင်းနှင့် စဉ့်ကိုင်မြို့နယ် အင်းကုန်းကျေးရွာရှိ အင်းကုန်းသာသနမာမက ဘုန်းတော်ကြီးကျောင်းတို့မှ သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နဝကမ္မအလှူငွေ များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းကြပြီး နယ်မြေခံဆေးအဖွဲ့များကလိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်