Skip to main content

Sep 13, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Rossiya Segodnya သတင်းအေဂျင်စီ၊ RIA သတင်းဌာနမှ အထူးသတင်းထောက် Ms. Kukushkina Tatiana အား စက်တင်ဘာ ၆ ရက်၌ ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University (FEFU) ၌ တွေ့ဆုံ၍ သိရှိလိုသည့် မေးမြန်းမှုများအား လက်ခံဖြေကြားခဲ့သည်။ အဆိုပါ မေးမြန်းမှုများနှင့် ဖြေကြားမှုများကို ဖော်ပြလိုက်ရပါသည် -

ဆက်လက်ဖတ်ရှုရန်

Sep 13, 2022

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိရာ စက်တင်ဘာ ၇ ရက်နှင့် ၈ ရက်တို့တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဝေါမြို့နယ် ညောင်ခါးရှည်လမ်းဆုံ အနီးရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ X-ray Station (ညောင်ခါးရှည်) မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်တစ်စီးပေါ်တွင် ‌ရော်ဘာထင်းချောင်းများဖြင့် ဖုံးအုပ်တင်ဆောင်လာသော ထိန်းချုပ် ဓာတုပစ္စည်းများဖြစ်သည့် အမိုနီယမ်နိုက်ထရိတ် ၈,၂၅၀ ကီလိုဂရမ်အား ဖမ်းဆီးရမိခဲ့သဖြင့် ကွင်းဆက်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်ဘူတာကြီး ထပ်မံ၍ အမိုနီယမ် နိုက်ထရိတ် ၇၄၃၅၀ ကီလိုဂရမ်၊ စုစုပေါင်း အမိုနီယမ်နိုက်ထရိတ် ၈၂၆၀၀၀ ကီလိုဂရမ်၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၃၉၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2022

ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်းအပေါ်ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှုတရားပင်ဖြစ်သည်နှင့်အညီ တပ်မတော်တွင်တာဝန်ထမ်းဆောင် လျက်ရှိသည့် အရာရှိ၊ စစ်သည်အဆင့်အတန်းအားလုံး ရဲဘော်စိတ်အပြည့်ထားရှိပြီး အထက်အောက်ညီညွတ်မျှတသည့် အုပ်ချုပ်မှုစနစ်ရှိရန်လိုအပ်ကြောင်း တပ်မတော်အကြီးအကဲမှ လမ်းညွှန်မှာကြားထားသည်ဖြစ်ရာ အုပ်ချုပ်မှုညီညွတ်မျှတစေရန်အတွက် ကွပ်ကဲအုပ်ချုပ်ရာ၌ တပ်မှူးကောင်းစိတ်ဓာတ် (Commander Spirit)၊ ဖခင်သဖွယ်စိတ်ဓာတ် (Fatherly Spirit)တို့ဖြင့် ကွပ်ကဲအုပ်ချုပ် ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2022

ပြည်တွင်းစားသုံးဆီ ဖူလုံမှုရှိစေရန်၊ ပြည်ပမှ စားသုံးဆီတင်သွင်းမှု လျှော့ချနိုင်စေရန်နှင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ပြည်သူတို့၏ လူမှုစီးပွားဘဝ တိုးတက်ဖွံ့ဖြိုးစေရန် နိုင်ငံတော်က ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2022

လူကုန်ကူးမှုသည် လူသားအချင်းချင်း စာနာမှုကင်းမဲ့စွာဖြင့် ခေါင်းပုံဖြတ်အမြတ်ထုတ်သော ခေတ်သစ်ကျေးကျွန်စနစ်အသွင် ပြဿနာတစ်ခုဖြစ်ပါသည်။ လူကုန်ကူးမှုပြဿနာကို တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ခံစားနေရပြီး အထူးသဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနောက်ကျသော နိုင်ငံများသည် လူကုန်ကူးမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများကို ပိုမိုခံစားနေကြရပါသည်။ မျက်မှောက်ခေတ်တွင် လူကုန်ကူးမှုပြဿနာသည် နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် ဆက်နွှယ် လာသဖြင့် ကမ္ဘာ့နိုင်ငံများက နည်းလမ်းမျိုးစုံဖြင့် ထိရောက်စွာ ကြိုးပမ်းအားထုတ် တားဆီးကာကွယ်ကြသော်လည်း ဖြစ်ပွားမှု မြင့်မားနေဆဲဖြစ်ကြောင်း နိုင်ငံတကာမှ အသိအမှတ်ပြုဖော်ပြလျက် ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2022

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ၏ သား/သမီး ၃၄၄၉ ဦး အတွက် ပညာသင် ထောက်ပံ့ကြေးများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်