Skip to main content

တရားမဝင် သစ်မျိုးစုံ၊ ထိန်းချုပ်ဓာတုပစ္စည်း၊ စားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် စက်တင်ဘာ  ၁၂

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့်  တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ  ထိရောက်စွာတားဆီးအရေးယူနိုင်ရေး   ဆောင်ရွက် လျက်ရှိရာ စက်တင်ဘာ ရက်နှင့် ရက်တို့တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဝေါမြို့နယ် ညောင်ခါးရှည်လမ်းဆုံ အနီးရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ X-ray Station (ညောင်ခါးရှည်) မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  မော်တော်ယာဉ်တစ်စီးပေါ်တွင်  ရော်ဘာထင်းချောင်းများဖြင့် ဖုံးအုပ်တင်ဆောင်လာသော ထိန်းချုပ် ဓာတုပစ္စည်းများဖြစ်သည့် အမိုနီယမ်နိုက်ထရိတ် ,၂၅၀ ကီလိုဂရမ်အား ဖမ်းဆီးရမိခဲ့သဖြင့် ကွင်းဆက်စစ်ဆေးမှုများ  ဆောင်ရွက်ခဲ့ရာ  ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်ဘူတာကြီး ထပ်မံ၍ အမိုနီယမ် နိုက်ထရိတ် ၇၄၃၅၀ ကီလိုဂရမ်၊ စုစုပေါင်း အမိုနီယမ်နိုက်ထရိတ် ၈၂၆၀၀၀   ကီလိုဂရမ်၊   (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၃၉၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် စက်တင်ဘာ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး   အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားသည်ထက်  ပိုမိုပါရှိလာသော ကွန်ပျူတာ ဆက်စပ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ်    ၆၆၅၉၁၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ စက်တင်ဘာ ၁၀ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပဲခူးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးမှ တာဝန်ကျ စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘုရားကြီး  ရွှေသံလွင်တိုးဂိတ်အနီး၌  သထုံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်တွင် တရားဝင်စာရွက်စာတမ်း  အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် စားသုံးဆီနှင့် အချိုရည်များ (ခန့်မှန်းတန်ဖိုးငွေကျပ်  ၆၂၈၈၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter  အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀) စုစုပေါင်း  (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၂၈၈၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့ က   တောင်ကြီးမြို့မှ မန္တလေးမြို့သို့ ဝင်ရောက်လာသော ယာဉ်များတွင် တရားမဝင် အကောက်ခွန်မဲ့ပစ္စည်းများ သယ်ဆောင်နေကြောင်း သတင်းအရ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်-မန္တလေးလမ်းဟောင်း ထုံးဘိုလမ်းခွဲအနီးတွင် မော်တော်ယာဉ်နှစ်စီးပေါ်၌  တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းမျိုးစုံနှင့်   လူသုံးကုန်ပစ္စည်းများ   (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၁၃၅၈၀၀၀)  နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသည့် မော်တော်ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉၅၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ်     ၁၀၀၈၅၈၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက် ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်းချောင်အမြဲတမ်း    စစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကုန်တင်ယာဉ် တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းများ  (ခန့်မှန်းတန်ဖိုးငွေကျပ်   ၂၆၄၆၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့်  ၁၂ ဘီး  ကုန်တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ်    ၄၂၆၄၆၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ စက်တင်ဘာ ၁၂ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ စီမံခန့်ခွဲမှုဖြင့် ကျိုင်းတုံမြို့နယ် အကောက်ခွန်ဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ  နောင်နွန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင်  တာချီလိတ်မှ  ကျိုင်းတုံသို့   မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်၌ တရားဝင်စာရွက် စာတမ်းအထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့်  ထိုင်းနိုင်ငံထုတ် စားသုံးဆီ ၁၆၅ ပုံး (ခန့်မှန်းတန်ဖိုးငွေကျပ်   ၁၃၂၀၀၀၀၀) နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသည့် Nissan Vanette အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ်    ၁၈၀၀၀၀၀၀)  စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ်  ၃၁၂၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။

ယင်းအပြင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မကွေးခရိုင် နတ်မောက်မြို့နယ် စိုင်ကောင်းကြိုးဝိုင်းအတွင်း တရားမဝင်သစ်မျိုးစုံ ဒသမ ၆၉၅၂ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၈၆၆၄) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ စက်တင်ဘာ ရက်၊ ရက်၊ ရက်၊ ၁၀ ရက်နှင့် ၁၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၁ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၁ ၅၉၉၇၆၄) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။   

သတင်းစဉ်