နေပြည်တော် ဒီဇင်ဘာ ၁၆
COVID-19 ရောဂါဖြစ်ပွားမှုကာလအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်လည်ပတ်နိုင်ရန် ရည်ရွယ် ချက်ဖြင့် ပြည်သူကို အသိပညာ မျှဝေပေးမည့် “ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်”ကို နိုဝင်ဘာ ၂၅ ရက်မှစ၍ အပတ်စဉ် ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် ညနေ ၆ နာရီခွဲမှ ည ၇ နာရီအထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသ လျက် ရှိသည်။
ဒီဇင်ဘာ ၁၆ ရက်(ဗုဒ္ဓဟူးနေ့) ညနေတွင် ဒစ်ဂျစ်တယ်နည်းပညာဖြစ် သည့် E-Commerce စနစ်ကိုသုံးပြီး ကုန်စည် စီးဆင်းမှု၊ ဝန်ဆောင်မှု လုပ်ငန်းများနှင့်ပတ်သက်ပြီး ဗဟုသုတမျှဝေပေးမည့် ဒစ်ဂျစ်တယ် စီးပွားရေး အကြောင်း သိကောင်းစရာအစီအစဉ်အား City Holdings Ltd (Group CEO) ဒေါ်ဝင်းဝင်းတင့်နှင့် Online travel Company flymya.com and IT Company BOD Tech Ventures (Founder) ဦးသန်းထွန်းဝင်း တို့က ဆွေးနွေး ကြမည်ဖြစ်ရာ ၎င်းဆွေးနွေးချက်များကို ညနေ ၆ နာရီခွဲ တွင် ထုတ်လွှင့် သွားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်