Skip to main content

နေရပ်ပြန် ပြည်သူများအတွက် သယ်ယူပို့ဆောင်စရိတ်လှူဒါန်း

ပဲခူး ဒီဇင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၏ ဧည့်ခန်းမသို့ ယမန်နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးအတွင်း ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြည်သူများအတွက် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွင် အသုံးပြုရန် Max-Highway Co., Ltd (ဧရာဝတီဖောင်ဒေးရှင်း)မှ အလှူငွေနှင့် ကျန်းမာရေးသုံး ပစ္စည်းများ လာရောက်ထောက်ပံ့လှူဒါန်းခဲ့သည်။

ရှေးဦးစွာ Max-Highway Co., Ltd (ဧရာဝတီဖောင်ဒေးရှင်း)မှ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ပဲခူးတိုင်း ဒေသကြီးအတွင်း ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများအတွက် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွင် အသုံးပြုရန် ငွေကျပ်သိန်း(၅၀)နှင့် Mask အခုရေ(၅၀၀၀)အား ထောက်ပံ့လှူဒါန်းခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေတို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ် တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)