စောထွန်းလှိုင်
ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း မလေးရှားနိုင်ငံ တွင် ကာလရှည်ကြာစွာ ပိတ်မိနေကြပြီး အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ပြန်လာရန် အခက်အခဲများစွာ ကြုံတွေ့နေကြရသည့် မြန်မာနိုင်ငံသားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်အရတပ်မတော်မှ စစ်ရေယာဉ်(မုတ္တမ)၊ ပင်လယ် သွား ဆေးရုံ ရေယာဉ်(သံလွင်)နှင့် စစ်ရေယာဉ်(ဆင်ဖြူရှင်)တို့ဖြင့် တင်ဆောင်ကာ ဖေဖော်ဝါရီ ၂၃ ရက်တွင် မလေးရှားနိုင်ငံ လူမွတ် (Lumut)ဆိပ်ကမ်းမှ ထွက်ခွာခဲ့ရာ ယခုအခါ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့ကြပြီဖြစ်သည်။
ထို့ကြောင့် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာ ကြသူများ၏ ရင်တွင်းစကားသံများကို ဖော်ပြလိုက်ရပါသည်။ မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသမီးတစ်ဦး ( တစ်နေ့အိမ်ပြန်မယ်ဆိုပြီး ကျွန်မတို့မိသားစုတွေ အားတင်း ဖြတ်သန်းခဲ့ရပါတယ်။ Camp ၁၁ ခုရှိတဲ့ အထဲမှာ ကျွန်မတို့ရောက်ခဲ့တဲ့ Camp ကတော့ အဆိုးဆုံး Camp ဖြစ်ပါတယ်။ မြန်မာပြည်သား အမျိုးသား ၁၀၀ လောက်နဲ့ အမျိုးသမီး ၁၅ ယောက်လောက် ကျန်နေပါ သေးတယ်။ သူတို့ကို ကျွန်မတို့လို မခံစားရအောင် အမြန်ဆုံး ပြန်ခေါ် စေချင်ပါတယ်။ ငါးလ နေခဲ့ရတဲ့အချိန်မှာ အများကြီး စိတ်ဆင်းရဲမှု
တွေ၊ ပင်ပန်းမှုတွေ အများကြီးရှိခဲ့ပါတယ်။ ဒါကြောင့် နောက်လူတွေ မခံစားရအောင် သို့ အမြန်ဆုံး ပြန်ခေါ်စေချင်ပါတယ်။ အရင်တုန်းက သူများနိုင်ငံကို အလုပ်သွား လုပ်တာ နောင်တမရပါဘူး။ ပိုက်ဆံရှာချင် တဲ့စိတ်နဲ့ ငါတို့တစ်နေ့ ကိုယ့်နိုင်ငံကို ပြန်ရမယ်ဆိုတဲ့ စိတ်ရှိပါတယ်။ ငါတို့ မိသားစုနဲ့ ပြန်နေရမယ်။ မိသားစုကို
ထောက်ပံ့လာနိုင်မယ်ပေါ့။ အဲဒီလိုပဲ တွေးပြီးတော့ဖြေတယ်။ အခုတော့ အိမ်ကိုပဲပြန်ချင်တယ်။ မထင်မှတ်တဲ့ အချိန်မှာ သင်္ဘောကြီးနဲ့ လာခေါ်မယ် ဆိုတော့မယုံဘူး။ ကျွန်မတို့ တစ်ခါမှ လည်း မကြုံဖူးပါဘူး။ ဇဝေဇဝါဖြစ်နေတဲ့ အချိန် ကျွန်မတို့ကို ဒီလိုလာခေါ်တော့ ဝမ်းသာပါတယ်။ ပျော်ပါတယ်။ ကိုယ့်နိုင်ငံ သားတွေကို ဘာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံမှာပဲ လုပ်ကိုင်စားစေချင်ပါတယ်။
မရီရီလွင်
ကျွန်မနာမည်က ရီရီလွင် ဖြစ်ပါ တယ်။ အသက်က ၂၅ နှစ်ရှိပါပြီ။ ရခိုင် ပြည်နယ် မင်းပြားမြို့နယ် မင်းလုံးကျေးရွာ မှာ နေပါတယ်။ ဆင်းဆင်းရဲရဲခံရတာတော့ အများကြီးပါပဲ။ ကလေးအမေတွေ တအား ခံရတယ်။ ကလေးအမေ တွေကကလေး အတွင်းခံတွေ တောင်းတယ်။ ဒါပေမယ့် သူတို့ကမပေးဘူး။ ဆဲတယ်၊ နှိပ်စက်တယ်။ မြန်မာတွေကို နှိပ်စက်တယ်။ စိတ်ဆင်းရဲမှု ဆိုရင် ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ် ဖြစ်မိတယ်။ တကယ်ပြောတာ။ အမေ အဖေတွေနဲ့ အဆက်အသွယ်မရဘူး။ အခုချိန်ထိလည်းအဆက်အသွယ်မရသေး ဘူး။ ရန်ကုန်ရောက်ရင်တော့ အဆက် အသွယ်ရမယ်တဲ့။ ကိုယ်ပြန်လာရတာ ပျော်ပေမယ့် ကျန်ခဲ့တဲ့လူတွေအတွက် စိတ်မကောင်း ဖြစ်မိတယ်။ သူတို့ကိုလည်း ပြန်ခေါ်စေချင်တယ်။ သူတို့ဆိုရင် ငိုနေကြ တယ်။ သူတို့ စာတွေကို ရေးပြီး ထည့်ပေး လိုက်ကြ တယ်။ အကူအညီတောင်းကြ တယ်။ တခြားနိုင်ငံ ကမ္ဘောဒီယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံတို့က လူတွေစာတွေရေးပြီးတော့ ထည့်ပေး လိုက်တာ စာအိတ်တစ်အိတ်ကြီးရှိတယ်။ ကျွန်မ ရန်ကုန်ရောက်ရင် သူတို့တောင်းတဲ့ အကူအညီကို လုပ်ပေးပါမယ်ရှင့်။ တပ်မတော်က ကျွန်မတို့ကို ကြိုဆိုတာ နွေးထွေးမှုရှိပါတယ်။ ကျွန်မအဖေလောက် ရှိတဲ့ ဦးလေးက သမီးအပေါ်တက်ရင် ဖြည်းဖြည်းတက်နော်ဆိုပြီး သူတို့ပြောတဲ့ စကားသံကြားရတော့ ကျွန်မက မြန်မာ စကားသံမကြားရတာကြာတော့ ကိုယ့်ရင် ထဲမှာ တအားလည်း ခံစားရတယ်။ ဝမ်းလည်းနည်းတယ်။
ဟိုတစ်နေ့ကဆိုရင် မုန့်ဟင်းခါး ကျွေးတာ တော်တော်ကောင်းတယ်။ မစားရတာကြာတော့ အရသာရှိပြီး ကောင်းတယ်။ အခုလိုကျွေးတဲ့အတွက် ကျေးဇူးလည်းအထူးတင်ပါတယ်။ အဖေ အမေနားမှာပဲ ဘယ်မှမသွားတော့ဘဲ အိမ်မှာပဲ မိဘနဲ့အတူ မိဘတွေလုပ်တဲ့ အလုပ်ကို လုပ်တော့မယ်လို့ ဆုံးဖြတ်ချက် ချထားတယ်။ ဘယ်မှလည်း မသွားတော့ ပါဘူး။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း အထူးကျေးဇူးတင်ပါတယ်။
ကိုစောထွန်းလှိုင်
ကျွန်တော့် အသက်ကတော့ ၃၁ နှစ် ရှိပါပြီ။ တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေ ထဲမှာ ဝမ်းနည်းစရာတွေရှိပါတယ်။ မြန်မာနိုင်ငံက လူငယ်တွေကို တခြား နိုင်ငံကြီးသားတွေက အနိုင်ကျင့်တယ်။
ပြောရမယ်ဆိုရင် နိုင်ငံကြီးသားတွေက မြန်မာတွေကို တွေ့တာနဲ့ အလုပ်ခိုင်း တယ်။ သူတို့စားဖို့ ပန်းကန်ဆေးပေးရ တယ်။ စောင်တွေခြုံပေးရတယ်။ အဝတ် အစားတွေ လျှော်ပေးရတယ်။ ကြမ်းတွေ တိုက်ပေးရတယ်။ သူတို့ခိုင်းတာမလုပ်ဘူး ဆိုရင် ရိုက်တယ်။ ကျွန်တော်တို့ထက် အရင်ရောက်သွားတဲ့သူတွေဆိုရင် ဝေဒနာ တွေနဲ့ ကြည့်မကောင်းအောင် ခံစားရ တယ်။ သူငယ်ချင်းတွေဆိုရင် ရေတောင် ချိုးလို့မရဘူး။ အစာစားလို့ မရဘူး။ လမ်းလျှောက်လို့မရဘူး။ ရဲတွေဆီက ဆေးတောင်းရင်လဲ တောင်းလို့မရဘူး။ ဘယ်အနာပဲဖြစ်ဖြစ်၊ ဘယ်ရောဂါပဲ ဖြစ်ဖြစ် Panodol ကလွဲလို့ မပေးဘူး။ အခု မြန်မာ့တပ်မတော်က လာခေါ်တယ်။ သူငယ်ချင်းတွေကျန်ခဲ့တယ်။ လာခေါ် တဲ့သင်္ဘောကြီး တကယ့်တကယ် ရောက်လာပါလားဆိုပြီး စိတ်ထဲမှာ လှိုက်လှိုက်လှဲလှဲ ဝမ်းသာမိတယ်။
သဘောကြီးပေါ်ရောက်ပြီး နေထိုင်ရေးက အစ၊ စားသောက်ရေးအဆုံး ပျော်ရွှင်မှု တွေ အများကြီးရခဲ့တယ်။ ခြိမ်းခြောက်မှု တွေမရှိဘူး။ ဆက်ဆံရတာကအစ ရဲမေ တွေ၊ ဗိုလ်ကြီးတွေက လှိုက်လှိုက်လှဲလှဲ ကြိုဆို ဆက်ဆံကြတယ်။ ထူးခြားလိုက် တာပါလားဆိုပြီး ကျွန်တော်ထင်မိတယ်။ စားသောက်ရေး ကိစ္စတွေမှာလည်း လူအများကြီးကို အခုလိုကျွေးလိမ့်မယ်လို့ မထင်ထားမိဘူး။ ကျွေးမွေးတာတွေက တကယ့်ကို ပြည့်စုံပါတယ်။ ဝမ်းလည်း ဝမ်းသာတယ်။ မြန်မာနိုင်ငံရောက်ရင် အဖေနဲ့အမေဆီပြန်မယ်။ အလုပ်တစ်ခုခု လုပ်မယ်လို့ စဉ်းစားထားပါတယ်။ ကျန်ခဲ့ တဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို ပြန်ခေါ်စေချင်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆောင်ရွက်ပေးလို့ ကျွန်တော်တို့ အခုလို ပြန်ရောက်လာခဲ့ရ တာပါ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သက်တော်ရာကျော် ရှည်ပါစေလို့ ဆုတောင်းပေးပါတယ်။
သား။ ။ အတိုင်းအဆမသိအလွန်ဝမ်းသာ ပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံကို အခုလို ခြေချခွင့်ရတဲ့အတွက်ကြောင့် ဝမ်းသာပါတယ်ခင်ဗျာ။
မိခင်။ ။ ကျွန်မသားလေးကို သေပြီလို့ အောက်မေ့ထားတာပါ။ ကိုဗစ် အတွင်းမှာ ရှစ်လ အဖမ်းခံထားရတယ်။ ကျွန်မမှာ စိတ်တွေမအေးရဘူး။ ညတွေဆို အိပ်လို့လည်းမပျော်ဘူး။ အဲဒါနဲ့ စစ်သင်္ဘောကြီးနဲ့ခေါ်မယ်ဆိုတာ ကျွန်မ Line ပေါ်မှာတွေ့တော့ အကုန် save ပြီး တော့ အကုန်ဖတ်ကြည့်တယ်။ အဲဒါ တောင်မယုံသေးဘူး။ မလေးမှာရှိတဲ့တူမတွေကို လှမ်းမေးတယ်။ သူတို့ကို ပိုက်ဆံ မပေးလို့ငါ့သားလေးမလွတ်တာလားပေါ့။ တူမတွေက ပြောတယ် မဟုတ်ပါဘူး။ သူတို့လည်းပေးပါတယ်။ ဒါပေမယ့်လည်း မရဘူးပေါ့။ အဲဒါနဲ့ စစ်သဘောကြီးနဲ့ပါလာ ပြီဆိုပြီး Line ပေါ်ကနေလှမ်းပြောတယ်။ အဲဒါနဲ့ သတင်းမှာလည်းတွေ့တယ်။ ကြည့်တော့တွေ့တယ်။ ထမင်းစားနေတာ တွေ့တယ်။ ၂၅ ရက်နေ့က တွေ့လိုက် တာလေ။ ရင်ထဲမှာဘယ်လိုဖြစ်သွားမှန်း မသိဘူး။ တော်တော်လည်း ဝမ်းသာပါ တယ်။ တပ်မတော်ကိုလည်း ကျေးဇူး အထူးတင်ပါတယ်။
သား။ ။
ကျွန်တော်လည်း အတိုင်းအဆမရှိ ဝမ်းသာပါတယ်။ ကျွန်တော် တို့ ကျန်ခဲ့တဲ့လူတွေအတွက်ကိုလည်း ပြန်ခေါ်နိုင်ပါစေလို့ ဆုတောင်းနေမိပါ တယ်။ တပ်မတော်ကြီးကို အထူးကျေးဇူး တင်မိပါတယ်။
မိခင်။ ။ လှိုက်လှိုက်လှဲလှဲလည်း ကျေးဇူးတင်ပါတယ်။ ကျွန်မလည်း လှိုက်လှိုက်လှဲလှဲနဲ့ ဝမ်းသာပါတယ်။ ဘယ်လိုပြောရမှန်းကို မသိဘူး။ အတိုင်း ထက်ကိုလွန်ပြီး ဘယ်လိုပြောရမှန်း မသိအောင် ဝမ်းသာပါတယ်။ ကျွန်မတို့ မိသားစု မတွေ့ရတော့ဘူးလို့ ထင်ထားတာ။ ကျွန်မတို့မှာ မိသားစုလေး သုံးယောက်ပဲရှိတာမှ သားအမိလေး နှစ်ယောက်ပဲကျန်ခဲ့တာ။
သား။ ။ ပြန်ရမယ်လို့မမျှော်လင့်ထားဘူး။ မမျှော်လင့်ထားဘဲနဲ့ ပြန်ရတဲ့ အတွက် တော်တော်ဝမ်းသာပါတယ်။ ဂုဏ်ယူမိပါတယ်။ အားလုံးလည်း အဆင် ပြေပါတယ်။ အားလုံး ချောချောမွေ့မွေ့နဲ့ ဘာအခက်အခဲမှမရှိဘဲ လှိုက်လှိုက်လှဲလှဲ နဲ့ အားလုံးကလည်း ကြိုဆိုတယ်။ အစား အသောက် အနေအထိုင် အသွားအလာက အစ အားလုံးအဆင်ပြေပါတယ်။ ကျန်းမာ ရေးကအစ အားလုံးအဆင်ပြေပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျ။
သတင်းစဉ်