Skip to main content

ပုံမှန်ပြေးဆွဲနေသော ရထားများ အမြန်ပြန်လည်ပြေးဆွဲပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ ၂၈ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် မြန်မာ့ မီးရထားမှ တာဝန်ရှိသူများ၊ စီမံကိန်းရှိ တာဝန်ရှိသူ များနှင့်အတူ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း အဆင့်(၁)ဖြစ်သည့် ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်းကို ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်း အဆင့်မြှင့်တင် ရေးစီမံကိန်း၏ တောင်ငူ-ညောင်လေးပင်လမ်းပိုင်း (CP-103) စီမံကိန်း (အုတ်တွင်း) ရှင်းလင်းဆောင်သို့ ရောက်ရှိရာ မြန်မာ့ မီးရထား၊ တိုင်းအမှတ် (၅) တောင်ငူ မှ တိုင်းအရာရှိများ၊ တိုင်းအမှတ် (၆) ရန်ကုန်မှ တိုင်း အရာရှိများနှင့် တွေ့ဆုံသည်။ ရှင်းလင်းတင်ပြ တွေ့ဆုံစဉ် စီမံကိန်းအင်ဂျင်နီယာများနှင့် တာဝန်ရှိသူများကလုပ်ငန်းဆောင်ရွက်ထားရှိမှုများ၊ ဆောင်ရွက်ရန် ကျန်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရထား လမ်းစီမံကိန်း ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ (လိုအပ်ချက်များရှိပါက သိရှိ ဖြည့်ဆည်းပေးနိုင်ရေး လာရောက်ခြင်းဖြစ် ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး တွင် မီးရထားကဏ္ဍဖွံ့ဖြိုးရေးသည် အရေးကြီးပြီး ရထားပို့ဆောင်ရေးလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ကြသော ဝန်ထမ်းများ အဆင့်အတန်း အားလုံးသည် နိုင်ငံတော်၏ အဓိကအရေးပါသည့် လုပ်ငန်းကို ဆောင်ရွက်နေကြသူများဖြစ်ကြောင်း၊ ယခုလိုအားထုတ်ဆောင်ရွက်နေမှုများကိုဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊ ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းများသည် နှစ်ရှည်ပင်မစီမံကိန်းရေးဆွဲ ခြင်း၊ စီမံကိန်းများအတွက် အသေးစိတ်လေ့လာမှု ဆောင်ရွက်ခြင်း၊ လေ့လာမှု ရလဒ်အပေါ် အခြေခံ၍ အကောင်အထည်ဖော်ခြင်း အချိန်ကာလကြာမြင့်စွာ ပြင်ဆင်ရသည်ကို သိရှိကြမည်ဖြစ်ကြောင်း၊ အခြေခံ အဆောက်အအုံများကို ရေရှည် တည်တံ့ရန်အတွက် ဆောင်ရွက်ရမည်ဖြစ်၍ အရည်အသွေးစံချိန်စံညွှန်း ပြည့်မီစွာ ဆောင်ရွက်ကြရန် စီမံကိန်းများကို အကောင် အထည်ဖော်ရာတွင် ပြည်တွင်းပုဂ္ဂလိကများ၏ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှု၊ ပြည်ပမိတ်ဆွေနိုင်ငံများ၏ ချေးငွေများနှင့် အကောင်အထည်ဖော်ရခြင်း ဖြစ်၍ တာဝန်ရှိသူအဆင့် အဆင့်အနေဖြင့် စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ ဆောင်ရွက်ရေး၊ ဘဏ္ဍာငွေများ ကို အကျိုးရှိစွာဆောင်ရွက်ရေး၊ ပြည်ပနိုင်ငံ နည်း ပညာများရရှိရေးအတွက် ကြိုးစားလေ့လာသင်ယူ ဆောင်ရွက် ကြရေး၊ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်း ကောင်းပီသစွာ ကဏ္ဍအလိုက် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြစေရေး၊ ပုံမှန် ပြေးဆွဲနေသော ရထား များ အမြန်ပြန်လည် ပြေးဆွဲပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရေး၊ လက်ရှိတွင် ကိုဗစ်-၁၉ ကာလ ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များ ရင်ဆိုင်ကြုံတွေ့ နေရသော်လည်း မြန်မာ့မီးရထားမှ အရာထမ်း၊ အမှုထမ်းများနှင့်လုပ်ငန်းကန်ထရိုက်တာ များ၊ ကုမ္ပဏီများအနေဖြင့် သတ်မှတ်ချက်အတိုင်း လုပ်ငန်းများ အချိန်မီ ပြီးစီးရေး ကြိုးပမ်းဆောင်ရွက် မှုများအပေါ် အသိအမှတ်ပြုပါကြောင်း ပြောကြားသည်။ လိုအပ်သည်များမှာကြား ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှင်းလင်းဆောင်ဝင်းအတွင်းရှိ သံလမ်း(၈)ချောင်း ဂဟေဆက်လုပ် ငန်းခွင်သို့ ရောက်ရှိပြီး သံလမ်းဆက် လုပ်ငန်းများနှင့် ပတ်သက်၍ အထွေထွေ မန်နေဂျာ ဦးမောင်မောင်လွင်က ရှင်းလင်းပြသခဲ့ရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အုတ်တွင်းဘူတာမှ မော်တော်ယာဉ်များ ဖြင့် ဆက်လက်ထွက်ခွာရာ ပိန်းဇလုတ်ဘူတာသို့ ရောက်ရှိပြီးနောက် ပိန်းဇလုတ်ဘူတာမှ တောကျွဲ အင်း ဘူတာအထိ ၁၇ ဒသမ၂၅ မိုင်အား သံလမ်း ပြေးယာဉ် (RGC) ဖြင့် သံလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။ ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် တောကျွဲအင်းနှင့် ကညွတ်ကွင်းဘူတာကြားရှိ တံတားအမှတ် (၁၈၃)သို့ ရောက်ရှိ၍ တံတား တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုကို လည်းကောင်း၊ မြေသားလုပ်ငန်း ဆောင်ရွက်နေမှု ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူ များက ရှင်းလင်းတင်ပြချက်များအပေါ် လုပ်ငန်း လိုအပ်ချက်များကို မှာကြားသည်။ မှာကြား ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် ဖြူးဘူတာသို့ ရောက်ရှိပြီး ဖြူးဘူတာတည် ဆောက်ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ဖြူးဘူတာရှိ ဝန်ထမ်းများကို တွေ့ဆုံ၍ ဖြူးဘူတာ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်း စောင့်ရှောက်ပေးရန်နှင့် ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကိုလိုက်နာပြီး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရေး မှာကြားပြီး စားသောက်ဖွယ်ရာများပေးအပ်သည်။ ထို့နောက်တိုင်းအမှတ် (၆)မှ တာဝန်ရှိသူများကို ရန်ကုန်-မန္တလေး ရထားလမ်းများ ပုံမှန်ပြန်လည် ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ရန် မှာကြားသည်။ ထိုမှ ( တစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာရာ တံတားအမှတ် (၂၀၃)သို့ ရောက်ရှိ၍ တံတားကြီး တည်ဆောက်နေမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေး ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများ ကို ရှင်းလင်းတင်ပြရာ လုပ်ငန်းလိုအပ်ချက်များကို မှာကြားခဲ့ကြောင်း သိရသည်။ သတင်းစဉ်