Skip to main content

Aug 10, 2020

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်သည် ဩဂုတ် ၈ ရက် နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်၀န်းကျင်ထိန်းသိမ်းရေး ၀န်ကြီး ဦးတင်အောင်၀င်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဓနုဖြူမြို့နယ် အလမျိုးကျေးရွာ အုပ်စုအတွင်း Cash For Work စီမံကိန်းနှင့် ကျေးလက်ဖွံ့ဖြိုး ရေးစီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး သည်။

ဆက်လက်ဖတ်ရှုရန်

Aug 10, 2020

နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် အာရှ ဖောင်ဒေးရှင်း (The Asia Foundation)တို့ ပူးပေါင်းဖွင့်လှစ်သည့် စကားပြန်သင်တန်း အမှတ်စဉ် (၄/၂၀၂၀)၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန စတုရင်္ဂဗလခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 10, 2020

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းများကို သက်ဆိုင်ရာစာစစ် ဌာန ကျောင်းများ၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်၊ စည်းမျဉ်း စည်းကမ်း များနှင့်အညီ လာရောက် ကြည့်ရှုနိုင်ရန် ပညာရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ကြေညာ သည်။

ဆက်လက်ဖတ်ရှုရန်

Aug 10, 2020

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်သည် ဩဂုတ် ၉ ရက် နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်ကမ်းခြေသို့ သွားရောက်ပြီး ငွေဆောင် ကမ်းခြေခရီးစဉ်ဒေသ စီမံခန့်ခွဲမှုကော်မတီ (DMO) အဖွဲ့များ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် Bay of Bengal Resort ၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 10, 2020

ကယားပြည်နယ် အစိုးအဖွဲ့ အနေဖြင့် ပြည်နယ် အတွင်းရှိ မြို့နယ် အသီးသီးသို့ သွားရောက်ပြီး ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ၍ လိုအပ်ချက်များ

ဆက်လက်ဖတ်ရှုရန်

Aug 10, 2020

ကယားပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ နိုင်ငံတော်၏ ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှုသက်သာရေး စီမံချက် (Economic Relief Plan-CERP) Action Plan အရ ပြည်နယ်အတွင်း ငါးမွေးမြူရေးလုပ်ငန်း ပြန်လည်ထူထောင်ရာတွင် အထောက်အပံ့ဖြစ်စေရန်အတွက် နိုင်ငံတော်မှ ငါးသားပေါက်များ ဖြန့်ဖြူး ထောက်ပံ့ပေး အပ်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ဒီးမော့ဆိုမြို့နယ် ဖောင်းတောကျေးရွာ ခန်းမ ဆောင်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 10, 2020

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလွင်အနောက်ခြမ်းကျေးရွာများနှင့် ရေလယ်ကျွန်းကျေးရွာများတွင် လျှပ်စစ် မီးလင်း ရေးအတွက်

ဆက်လက်ဖတ်ရှုရန်

Aug 10, 2020

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ စည်သူခမ်းမ၌ ယနေ့နံနက် ၈ နာရီအချိန်က ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း(VRFP)ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက် မှတ်ပုံစံ(၇)ပေးအပ်ပွဲအခန်းအနားကိုကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 10, 2020

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်သည် ဆည်မြောင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဘိုဘိုကျော်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယ​ညွှန်ကြားရေးမှူး ချုပ် ဦးသန့်ဇင်မောင်၊ တိုင်းဒေသကြီးအဆင့် ညွှန်ကြားရေးမှူးများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ကန်ကြီးထောင့် မြို့နယ် ကွင်းယားအရှေ့ကျေးရွာအုပ်စု၊ ကွင်းယားကြီးကျေးရွာ၌ " ပေါ်ဆန်းမွှေး " မျိုးစေ့ထုတ် သမဝါယမ အသင်းသား ၁၀ ဦးနှင့်တွေ့ဆုံပြီး၊ မျိုးသန့် စပါး ၃၀ ဧက စိုက်ပျိုးထားရှိသည်ကို ကြည့်ရှုကြပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 10, 2020

ပဲခူးမြို့နယ် လှော်ကားကျေးရွာအုပ်စု၊ လှော်ကားကျေးရွာတွင် ယမန်နေ့ ညနေ ၄ နာရီက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(Village Development Plan) ဖြင့် ဆောင်ရွက်သည့် လှော်ကားကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 10, 2020

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်‌သည် ရွေဘိုခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုအောင် နှင့် မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသောင်းဟိန်းတို့ နှင်အတူ ယမန်နေ့ မွန်းတည့်(၉)နာရီက ရွှေဘိုမြို့နယ်အတွင်းရှိ သံပရာခြံကျေးရွာနှင့် ထူးကြီးကျေးရွာတို့မှ ကျောင်းထိုင် ဆရာတော်များအားဖူးမြှော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ပြည်သူလူထုနှင့် ရင်းရင်းနှီးတွေ့ဆုံနှုတ်ဆက်ပြီး သွေးလွန်တုတ်ကွေးရောဂါကာကွယ်ရန် တစ်ရွာ လုံးကျွတ် ခြင်ဆေးမှုတ်ဖျန်းပေးရေးအား အလေးထားဆောင်ရွက်စေရေးအတွက် ထောက်ပံ့ငွေများကို တာဝန်ရှိ သူထံ သို့ပေးအပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 10, 2020

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများတို့သည် ဩဂုတ်လ ၈ ရက် မွန်းလွဲပိုင်းက သထုံမြို့နယ်၊ စခန်းကြီးကျေးရွာ ညောင်ချောင်း ဘုန်းတော်ကြီး ကျောင်း၌ သထုံမြို့နယ်အတွင်းမှ လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာ ၁၀ ရွာမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းသည်။

ဆက်လက်ဖတ်ရှုရန်

Aug 10, 2020

၂၀၂၀ ပြည့်နှစ် မတ်လအတွင်းက ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများအား ဩဂုတ် ၉ ရက် နံနက် ၀၀ : ၃၀ မိနစ်တွင် မြန်မာ နိုင်ငံစာစစ်ဦးစီးဌာနက online မှ ထုတ်ပြန် ကြေညာခဲ့ရာ မန္တလေးတိုင်း ဒေသကြီးမှ ဖြေဆိုသူဦးရေ ၁၂၇၅၆၀ အနက် ၄၇၈၄၉ ဦး အောင်မြင် ကာ အောင်ချက်ရာခိုင်နှုန်း ၃၇ ဒသမ ၅၁ ဖြင့် တစ်နိုင်ငံလုံးတွင် အောင်ချက် ရာခိုင်နှုန်း အကောင်း ဆုံး ပထမရရှိ ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 10, 2020

မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၈၈ ရွာ တွင် ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ပြီဖြစ်ကြောင်း မြင်းခြံခရိုင် လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 10, 2020

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၁၀ နာရီက ဟင်္သာတ ကမ်းနားတာ (အိပ်ပျက်)တွင် တာပုံစံကျ ပြုပြင်ခြင်းလုပ်ငန်းနှင့် ဖြတ်တာသစ်တွင် ရေဝင်ရောက်မှုအခြေအနေများ၊ မြစ်ကမ်း ကာကွယ်ခြင်း လုပ်ငန်း၊ လှိုင်းကာတန်းရိုက်ခြင်းလုပ်ငန်း၊ ကမ်းပြိုကမ်းစားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး သည်။

ဆက်လက်ဖတ်ရှုရန်

Aug 10, 2020

နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ထိုင်းနိုင်ငံမှ အခက်အခဲကြုံနေရသည့် မြန်မာနိုင်ငံသား ၈၃ ဦးတို့အား မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် (၆) ကြိမ်မြောက်အဖြစ် ခေါ်ဆောင်ခဲ့ရာ ယနေ့ညပိုင်းတွင် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 10, 2020

ရှမ်းပြည်နယ် (အရှေ့ပိုင်း) သို့ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား စတင်ပို့လွှတ်ခြင်း အခမ်းအနားကို သြဂုတ်လ ၈ ရက်နေ့က ကျိုင်းတုံပင်မ ဓာတ်အားခွဲရုံတွင် ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်တို့က စက်ခလုတ်နှိပ်၍ လျှပ်စစ်ဓာတ်အား စတင်ပို့လွှတ်ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 10, 2020

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ထုတ်ပြန်လိုက်ပြီဖြစ်ရာ တစ်နိုင်ငံလုံးတွင် ကျောင်းသား ကျောင်းသူ ၉၁၀၂၂၉ ဦး ဝင်ရောက်ဖြေဆိုသည့်အနက် ၂၉၁၇၉၈ ဦး အောင်မြင်ခဲ့သည်။ တစ်နိုင်ငံလုံး အောင်ချက်ရာခိုင်နှုန်းအားဖြင့် ၃၂ ဒသမ ၀၆ ရာခိုင်နှုန်းရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 09, 2020

ငါးမွေးတောင်သူများထံသို့ ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်းကို မင်္ဂလာဒုံမြို့နယ် လှော်ကားငါးလုပ်ငန်းစခန်းတွင် ယနေ့နံနက် ၈ နာရီ၌ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟံထွန်း၊ ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်နှင့် တာဝန်ရှိသူများ ငါးမွေး တောင်သူများ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 09, 2020

၁။ (၉-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -

ဆက်လက်ဖတ်ရှုရန်