Skip to main content

‌ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနတို့၏ သက်ကြီး ပူဇော်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ ဧပြီ ၁၇

          ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနတို့၏ သက်ကြီး ပူဇော်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁  နာရီက နေပြည်တော်၊ ရုံးအမှတ်(၈)၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ကျင်းပခဲ့ရာ အဆိုပါ အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်ဇနီး ဒေါ်နီလာစိန်၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများနှင့် ဇနီးများ၊ အမြဲတမ်းအတွင်းဝန်နှင့်ဇနီး၊ တပ်ဖွဲ့/ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ နှင့်ဇနီးများ၊ အရာရှိကြီးများနှင့်ဇနီးများ တက်ရောက်ခဲ့ကြသည်။

          အခမ်းအနားတွင် အသက် (၈၀)နှင့်အထက် အတူနေမိသားစုဝင် အဘိုးအဘွား (၆၀)ကို အသုံးအဆောင်ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများနှင့် ငွေသား များကို တက်ရောက် လာသည့် တာဝန်ရှိပုဂ္ဂိုလ်များနှင့် ၎င်းတို့၏ဇနီးများမှ အသီးသီးပေးအပ် လှူဒါန်းခဲ့ကြပြီး ဂါရဝပြု ကန်တော့ခဲ့ကြောင်း သတင်းရရှိ ပါသည်။