Skip to main content

မြန်မာနှင့်ကမ္ဘာ

ယနေ့နိုင်ငံတကာအသိုင်းအဝိုင်းတွင် မြန်မာနိုင်ငံ၏ အခန်းကဏ္ဍ နှင့် ပတ်သက်၍ သိလိုမှုများ ရှိနေကြသည်။ မြန်မာနိုင်ငံကို (ဝါ) လက်ရှိမြန်မာအစိုးရကို နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ် မပြုကြောင်း အမနာပပြောကြားမှု အချို့ကလည်း ရှိနေသည်။ ။
“နိုင်ငံတော်အစိုးရအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပြဋ္ဌာန်း ထားသည့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ရည်ရွယ်သည့် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးသွား မည်ဖြစ်ပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးမူကို ဆက်လက်လိုက်နာ ကျင့်သုံး သွားမည်ဖြစ် သည်”ဟူ၍ နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့စွဲဖြင့် ထုတ်ပြန် ခဲ့ပြီးဖြစ်ရာ လက်ရှိ အစိုးရအဖွဲ့ အနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒကို ယခင် အတိုင်း အပြောင်း အလဲမရှိ ဆက်လက်ကျင့်သုံးသွားမည်ဖြစ်
ကြောင်း ကြေညာခဲ့ခြင်းပင်ဖြစ်သည်။ ထို့အပြင် ကမ္ဘာ့နိုင်ငံများနှင့် ရင်းနှီးချစ်ကြည်သည့် ဆက်ဆံရေး အထူးသဖြင့် အိမ်နီးချင်း နိုင်ငံများနှင့် ရင်းနှီးချစ်ကြည်သည့် ဆက်ဆံရေးကို ရေရှည် တည်တံ့အောင် အပြန်အလှန်လေးစားမှုနှင့် နားလည်မှုပေါ် အခြေခံ ၍ ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။ ဒေသ တွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများတွင်လည်း တက်ကြွစွာ ဆက်လက်ပါဝင်လျက် ရှိသလို ချုပ်ဆို ထားသည့် နိုင်ငံတကာဆိုင်ရာ သဘောတူညီချက် များကိုလည်း စာချုပ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆက်လက်ဆောင် ရွက်သွားမည်ဟု ထပ်လောင်းအတည်ပြုထားသည်။

နိုင်ငံတကာဆက်ဆံရေးဟူသည် နိုင်ငံတိုင်းက မိမိတို့ နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကိုသာ ဦးတည်ဆောင်ရွက်ကြခြင်း ဖြစ်သည်။ သဘောတရားရေး၊ ဝါဒရေးရာစသည်တို့မှာ အပေါ်ယံအဖုံးအကာ မျှသာဖြစ်ပြီး “အမျိုးသားအကျိုးစီးပွား”သည်သာ အစစ်အမှန် နိုင်ငံရေး၊ လက်တွေ့နိုင်ငံရေး ဖြစ်သည်ဟူ၍ ဆိုကြသည်။ မြန်မာနိုင်ငံနှင့်ပတ်သက်လာလျှင် နိုင်ငံတကာမျက်နှာစာ၌ အုပ်စု ဖွဲ့၍ ဖိအားပေးမှုများ၊ သူ့ဘက်ကိုယ့်ဘက်ရပ်တည်မှုများမှာ ဤသဘောအတိုင်းပင်ဖြစ်သည်။ နိုင်ငံသေး ငယ်ခြင်း၊ နိုင်ငံရေး အင်အား၊ စီးပွားရေးအင်အား ချည့်နဲ့ခြင်းတို့က မြေနိမ့်ရာ လှံစိုက် ခံရသည့် အခြေအနေသို့ရောက်ရှိစေခြင်းဖြစ်သည်။ “နိုင်ငံပေါင်းစုံ ကုလသမဂ္ဂသည် ကမ္ဘာ့ငြိမ်းချမ်းရေး၊ ကမ္ဘာ့ လုံခြုံရေးအတွက် ထိထိရောက်ရောက်ဆောင်ရွက်နိုင်သော အဖွဲ့ကြီးဖြစ်လိုခဲ့ပါလျှင် နိုင်ငံကြီး၊ နိုင်ငံငယ် စက်ဆုပ်ဖွယ်ကောင်းသော အတန်းအစား ခွဲခြင်းတို့ကို ပပျောက်အောင်ပြုလုပ်သင့်ကြပေပြီ” ဟူ၍ ဗိုလ်ချုပ်အောင်ဆန်းက အလယ်ပစ္စယံ ညီလာခံမိန့်ခွန်းတွင်
ပြောကြားခဲ့ရာ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်လာပြီဖြစ်သည့် မျက်မှောက်ကာလတိုင်အောင် ကမ္ဘာ့နိုင်ငံရေးတွင် “အင်အားသည် သာ အမှန်တရား” ဖြစ်နေဆဲဖြစ်သည်။ စင်စစ်နိုင်ငံကြီးဆိုသည်မှာ ခေတ်မီအောင်ကြီးပွားတိုးတက်သောနိုင်ငံကို ဆိုလိုသည်ဟူ၍ ဗိုလ်ချုပ်က အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။
နိုင်ငံတကာအလယ်တွင် ကိုယ့်နိုင်ငံ ကိုယ်ပြန် အပုပ်ချ၍ အတွင်းထရံအပြင်ကာ အကူအညီ လက်ဖြန့်တောင်းခံနေမှုများ၊ တိုင်းပြည်အစိတ်စိတ်အမြွာမြွာပြိုကွဲရေး၊ ပြည်တွင်းစစ်မီးတောက်
လောင်ရေးအတွက် ကြံစည်အားထုတ်နေမှုများ၊ နိုင်ငံချစ်စိတ် နှင့် မျိုးချစ်စိတ်တို့ကို ခေတ်မမီဟု ယူဆကာ လစ်ဘရယ်အိပ်မက် မက်ပြီး ကယောင်ကတမ်းအော်ဟစ်နေမှုများက မိမိတို့နိုင်ငံရေး ချည့်နဲ့ နေခြင်းကို ပြသနေသည့် ပြယုဂ်များပင်ဖြစ်သည်။ နိုင်ငံရေး အင်အားချည့်နဲ့ နေသရွေ့ စီးပွားရေး တောင့်တင်း ခိုင်မာလာအောင်
ဆောင်ရွက်နိုင်ရန်မှာလည်း အလှမ်းဝေးနေလိမ့်မည်။ နိုင်ငံတကာ အလယ်တွင် ခေါင်းမော့ရင် ကော့နိုင်သည့်၊ ခေတ်မီကြီးပွားတိုးတက် သည့်နိုင်ငံကြီးဘဝသို့ရောက်ရန် မိမိတို့၏ အခြေခံအကျဆုံး လိုအပ်ချက်မှာ စည်းလုံးညီညွတ်ရေးကို ခိုင်ခိုင်မာမာ တည်ဆောက် နိုင်ရန်ပင်ဖြစ်သည်ဟု ရှုမြင်ပါ ကြောင်း။ ။