Skip to main content

ဆူပူအကြမ်းဖက်မှုများ ဆောင်ရွက်ရာတွင်အသုံးပြုသည့် လက်နက်များနှင့် ဆက်စပ် ပစ္စည်းများနှင့် အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်သူများအား ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ - ၁၈

ဆူပူအကြမ်းဖက်သူများအသုံးပြုလျက်ရှိသည့် လက်နက်များနှင့် ပစ္စည်းများ သိုဝှက်ထားမှုနှင့် ကိုင်ဆောင်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေ သတင်းဖော်ထုတ် ဖမ်းဆီးထိန်းသိမ်း ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၇ ရက်တွင် မြိတ်မြို့၊ မြိတ်တောင်ကျေးရွာ အုပ်စု၊ ရာပြည့်ရပ်ကွက်၊ ရာပြည့်(၃)လမ်း၌ မသင်္ကာဖွယ် ဆိုင်ကယ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ အောင်ကျော်ဦး(ဘ) ဦးနောင်ကြီး၊ ရဲဇင်မောင်(ဘ)ဦးဘကြွယ်နှင့် မောင်မောင်ဝင်း(ဘ)ဦးစံတင်တို့ ၃ ဦးအား လက်လုပ်မိုင်း ၁၄ လုံး၊ အခြားဆက်စပ် ပစ္စည်းများနှင့်လည်းကောင်း၊ အဆိုပါလမ်း အနီးတစ်ဝိုက်ရှိ ချုံပုတ်အတွင်းမှ ဝေယံကို (ဘ)ဦးမြင့်စိုးနှင့် အောင်နိုင်ဝင်း(ဘ)ဦးထွန်းတို့ ၂ ဦးအား လက်လုပ်မိုင်း ၁၉ လုံး၊ အခြားဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဆ/က ရပ်ကွက်၊ ကြိုးစက်လမ်း၊ အိမ်အမှတ်၂၈(က)၌ သန့်ဇင်ထွန်း(၂၄)နှစ်(ဘ)ဦးသိန်းနိုင်ပါ ၂ ဦးအား မီးပုလင်း ၄၀ လုံး၊ အခြားဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ သီရိမြတ်လမ်းရှိ “ဖြူစင်” ၌ CDMပြုလုပ်ထားသူရဲတပ်သား ၂ ဦးအပါ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အားလက်လုပ်ဗုံး ၆ ဗုံး၊ ပြုလုပ်ဆဲလက် လုပ်ဗုံး ၅ လုံးတို့နှင့် လည်းကောင်း၊ ည ၁၀ နာရီခွဲအချိန်တွင်ရန်ကင်းမြို့နယ်၊အမှတ်(၄)ရပ်ကွက်နေခင်ငြိမ်းသူ(၃၁)နှစ် (ဘ)ဦးမြတ်ချယ်၏နေအိမ်အားသတင်းအရဝင်ရောက်ရှာဖွေခဲ့ရာ ခင်ငြိမ်းသူ ပါအမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၂ ဦးတို့အားတွေ့ရှိရသဖြင့် ထိန်းသိမ်းခဲ့ပြီး ဆက်လက်ရှာဖွေခဲ့ရာနေအိမ်အတွင်းမှ လက်လုပ်ဗုံး၄၃လုံး၊ Neogle 90စာတမ်းပါ ယမ်းပျော့ ၂၀ ချောင်း၊ ကတ်သီး Steel (လက်ပစ်ဗုံးပြုလုပ်ရာတွင် အသုံးပြုသောအစပျိုးယမ်း) ၂၀ တောင့်၊ ယမ်းကြိုး(စနစ်တံကြိုး) ၁၀ ပေ၊ ဂျင်ကလိမြှားတံ ၅၀၂ ချောင်း၊ လေးခွ ၁၈ လက်၊ စမုတ်တံ ၆ ချောင်း၊ တာပင်တိုင်(၄လီတာပါ) ၁၂လုံး၊ ဓာတ်ဆီ ၃ ဘူး၊ နိုင်ငံတော်ဆန့်ကျင်ရေးစာသားပါ ပိုစတာ ၁ ခု၊ သံစကူ ၂ ကျပ်သားတို့ကို လည်းကောင်း၊ ရွှေလင်ပန်းကျေးရွာ၊ ရွှေဘုံသာလမ်းသွယ်(၆)လမ်း၊ အမှတ်(၆၁၁)ရှိအဆောင် တစ်ဆောင်အား ဝင်ရောက်စစ်ဆေးခဲ့ရာ ၃ လွှာရှိအခန်း(၁)အတွင်းမှ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီး စံပြကျေးရွာနေပိုင်စိုးကျော်(ခ)ပိုင်စိုး(၂၈)နှစ်၊ (ဘ)ဦးမင်းသူပါ အမျိုးသား ၃ ဦးအားလက်လုပ်ဗုံး ၉ လုံး၊ လက်လုပ်ဗုံးအခွံ ၆ လုံး၊ ဗျောက်အိုး ၁၅ လုံး၊ ဓာတ်ငွေ့ကာမျက်မှန် ၁၀ ခု၊ ဖိုက်ဘာဦးထုပ် ၁၂ လုံး၊ လေးခွ ၃ လက်၊ ဓာတ်မြေသြဇာ ၂ ပြည်ခန့် ၁ ထုပ်၊ မီးစာတပ်ဆင်ထားသည့် ဓာတ်ဆီပုလင်း ၉ လုံး၊ စနက်တံ ၄၇ ချောင်း၊ နိုင်ငံတော်ဆန့်ကျင်ရေးစာသားများပါ စာရွက် ၂၅ ရွက်တို့နှင့်လည်းကောင်း၊ အခန်း(၂)အတွင်းမှ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်နေ ရန်ပိုင်ဝင်း(ခ)ဝသန်(၂၃)နှစ်၊ (ဘ)ဦးသိန်းဝင်းပါ အမျိုးသား ၂ ဦးနှင့်အတူလက်လုပ်ဗုံး ၁ လုံး၊ နိုင်ငံ တော်ဆန့်ကျင်ရေးစာများပါ စာရွက် ၁၅ ရွက်တို့ကို လည်းကောင်း အသီးသီးဖမ်း ဆီးထိန်းသိမ်း ရမိခဲ့သည်။

အလားတူ ယနေ့တွင် ကွတ်ခိုင်မြို့နယ်၊ နမ့်ခိုင်စစ်ဆေးရေးဂိတ်၌ မူဆယ်ဘက်မှ ကွတ်ခိုင်ဘက်သို့ ယာဉ်မောင်း ဦးနော်တင်(ဘ)ဦးအိုက်ထွန်းမောင်းနှင်လာသည့် ယာဉ်အမှတ်၊ YGN 1I/--၊ WISH အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်းအတွင်းရှိ ဂျပ်ဖာအတွင်းမှ M-22 ကျည် ၁၀၀၀ တောင့်နှင့် လည်းကောင်း၊ ဝက်လက်မြို့နယ်၊ ရွာတော်ကျေးရွာရှိ ဦးစိုးမြင့်(ဘ)ဦးထွန်းစိန်၏နေအိမ်၌ ၎င်းအပါအဝင် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား လက်လုပ်သေနတ် ၅ လက်၊ မီးပုလင်း ၆ လုံး၊ အခြားဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ ဖမ်းဆီးထိန်းသိမ်း ရမိခဲ့သည်။

အထက်ပါ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် လက်နက်များ၊ ဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးထိန်းသိမ်းရမိသူများကို ဉပဒေအရထိရောက်စွာ အရေး ယူနိုင်ရန် အမှုဖွင့်လှစ် ဆောင်ရွက် လျက်ရှိကြောင်းနှင့် စစ်ဆေးရှာဖွေသတင်းဖော်ထုတ် မှုများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်