နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ ဝန်ထမ်းနှင့် ကျန်းမာရေးဝန်ထမ်းများအား CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရန် လှုံ့ဆော်ခြင်း၊ ၎င်းတို့ကိုယ်တိုင် CDM လှုပ်ရှားမှုများတွင် ပါဝင်လုပ်ဆောင်ခြင်း၊ CDM လှုပ်ရှားမှုအပေါ် ထောက်ခံအားပေးခြင်း၊ CRPH မတရားအသင်းအား ထောက်ခံ အားပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည့် အောက်ဖော်ပြပါ ဆရာဝန်များအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီး ဖြစ်ပါသည်။
- ဖော်ပြပါ ဆရာဝန်များအနက် လွိုင်ကော်ပြည်သူ့ဆေးရုံတို့မှ ဒေါက်တာ အောင်မင်းသင်(အရိုးဆရာဝန်)နှင့် ဒေါက်တာ စိုးစုစုဆွေ(ရောဂါဗေဒ) တို့သည် ချယ်ရီအထူးကုဆေးခန်း၌ လည်းကောင်း၊ သံဖြူဇရပ်မြို့ပြည်သူ့ဆေးရုံမှ ဒေါက်တာ အေးနန်းသီတာ(လက်ထောက်ဆရာဝန်)သည် ဆေးခန်းဖွင့်လှစ်၍ လည်းကောင်း၊ ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာကိုကိုဦး (လက်ထောက်ဆရာဝန်) သည် မြတ်မိခင်ဆေးခန်း၌ လည်းကောင်း၊ ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာ ဖုန်းမင်းစော (လက်ထောက်ဆရာဝန်) သည် ဖုန်းမင်းစောဆေးခန်း၌ လည်းကောင်း တာဝန်ကျရာဆေးရုံများတွင် ကုသခြင်းမပြုဘဲ CDM ပြုလုပ်၍ ပြင်ပ ပုဂ္ဂလိက ဆေးရုံ/ဆေးခန်းများတွင် သွားရောက် ကုသလျက်ရှိကြောင်း မှတ်တမ်း ဓာတ်ပုံများနှင့်အတူ အောက်ပါအတိုင်း စိစစ် တွေ့ရှိရပါသည်။
အဆိုပါအမှုဖွင့်လှစ်ထားသော ဆရာဝန်များအား ဖမ်းဆီးရမိရေးဆောင်ရွက် လျက်ရှိရာ လက်ခံထားသူများအား တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည့် အပြင် ၎င်းတို့ကိုလက်ခံ၍ ဆေးကုသခွင့်ပေးထားသည့် ပြင်ပပုဂ္ဂလိက ဆေးရုံ/ဆေးခန်း များကိုလည်း လုပ်ငန်းလိုင်စင်ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း၊ ဆေးရုံ/ဆေးခန်းပိုင်ရှင်များ ကိုလည်း တရားဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မည်သည့်ကျန်းမာရေးဝန်ထမ်းမဆို တာဝန်ကျရာ ဆေးရုံများ၌ CDM လှုပ်ရှားမှုတွင် ပါဝင်ကာ မူလတာဝန်များထမ်းဆောင်ခြင်းမရှိဘဲ အခြားပြင်ပပုဂ္ဂလိက ဆေးရုံ/ဆေးခန်း များသို့သွားရောက်၍ အခကြေးငွေရယူ ဆေးကုသခြင်း၊ ကူညီလုပ်ဆောင်ခြင်းများ ပြုလုပ်ပါက တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများအား လက်ခံထားသည့် ပုဂ္ဂလိက ဆေးရုံ/ ဆေးခန်းပိုင်ရှင်များအား CDM လှုပ်ရှားမှု၌ ပါဝင်သူများကို ထောက်ခံအားပေးခြင်းအရ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။