Skip to main content

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မန္တလေးတိုင်းဒေသကြီးရှိ အားကစားကွင်း/ အားကစား ရုံများအား ပြုပြင်မွမ်းမံမှု တည်ဆောက်ပြီးစီးမှုများ ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဧပြီ ၁၈

         

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ဧပြီ ၁၆ ၊ ၁၇ နှင့် ၁၈ ရက်များတွင် မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီး ဌာနအောက်ရှိ  အားကစားကွင်း/ အားကစားရုံများ တည်ဆောက် ပြုပြင် မွမ်းမံမှု လုပ်ငန်း များ ကြည့်ရှု စစ်ဆေးသည်။

          ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဧပြီ ၁၆  ရက်တွင် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်း တောင်းမြို့နယ် မြို့နယ်အားကစားကွင်းကို ကြည့်ရှုစစ်ဆေးပြီး ဘောလုံးကွင်း စိမ်းလန်း စိုပြည်ရေး၊ ရေလုံလောက်စွာရရှိရေးအတွက် အဝီစိတွင်း ပေ (၉၀၀') တူးခြင်းလုပ်ငန်းများ၊ ရေဂါလန်(၃၂၀၀)ဆံ့ အမြင့်ပေ ၃၀ ရေစဉ် တည်ဆောက်ခြင်းလုပ်ငန်းများ၊ ဘောလုံးကွင်း အရှေ့ဘက် အုတ်တံတိုင်း ပေ(၆၀၀) ပြုလုပ်ခြင်း လုပ်ငန်းများ၊ အရှည်ပေ(၃၀၀) အမြင့်ပေ(၇) ရှိ မြေထိန်း နံရံပြုလုပ်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များကို မှာကြားသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဧပြီ ၁၇ ရက်တွင် မန္တလေးမြို့ ရွှေမန်း တောင်အားကစားကွင်းကို ကြည့်ရှုစစ်ဆေးရာ ဒုတိယညွှန်ကြားရေးမှူးက နေအိမ် တည်ဆောက်နေမှုလုပ်ငန်းများ၊ အားကစားသမားများ အိပ်ဆောင်(၄) ထပ်နှင့် ဝန်ထမ်း အိမ်ရာ တည်ဆောက်နေမှုလုပ်ငန်းများ၊ ဗထူးအားကစားကွင်း ပြန် လည် ပြုပြင် မွမ်းမံ ထားရှိမှု စိမ်းလန်းဆိုပြည် သန့်ရှင်းသာယာလှပမှု၊ ကာယ ဗလနှင့် ကာယအလှ အားကစားရုံ တည်ဆောက်နေမှုလုပ်ငန်းများ ၊မန္တလေး (အားကစားနှင့် ကာယပညာ သိပ္ပံကျောင်း) (၁၀)ခန်းတွဲ ဝန်ထမ်းအိမ်ရာ(၃)ထပ် တည်ဆောက်မည့် မြေနေရာများ၊ ရေဂါလန် (၂၀၀၀)ဆံ့ Ground Tank တည်ဆောက်နေမှုလုပ်ငန်းများ၊ စက်ရေတွင်း ၄'(၁၃.၅) PVC ပေ (၅၀၀) တူးဖော်နေသောလုပ်ငန်းများ၊ မီတာ(၄၀၀) ပြေးလမ်းပါ ဘောလုံးကွင်း မြက်ခင်းကို Spinkler ဖြင့် ရေဖျန်းတပ်ဆင်ခြင်းလုပ်ငန်းများနှင့် ပုသိမ်ကြီးမြို့နယ် ဘောလုံး အားကစား ကွင်းနှင့် မြို့နယ်အားကစားခန်းမတို့ကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိ သူများအား လိုအပ်သည်များကို မှာကြားသည်။

          ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် တံတားဦးမြို့နယ် ဘောလုံးကွင်းအား ကြည့်ရှုစစ်ဆေးပြီး (၄)ခန်းတွဲ (၁)ထပ် ဝန်ထမ်းအိမ်ရာ တည် ဆောက်ပြီးစီးမှု လုပ်ငန်းများ၊ (၄)ခန်းတွဲ အများသုံးသန့်စင်ခန်း(၂) တည် ဆောက် ပြီးစီးမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား မြို့နယ်တွင်း အား ကစားပြိုင်ပွဲများ၊ မြို့နယ် ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲများ ပြန်လည်ကျင်း ပရန် မှာကြားသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြင်ဦးလွင် အားကစားလေ့ကျင့်ရေး စခန်းရှိ ခရိုင်အားကစားကွင်းကို ကြည့်ရှုစစ်ဆေး၍ ပွဲကြည့်စင် တည်ဆောက်နေမှု၊ အားကစား နည်းအလိုက် လေ့ကျင့်ရန်လျာ ထားသော အားကစားရုံများ၊ ခန်းမများကို လည်းကောင်း၊ အားကစားသမားများ ကျွေးမွေးစားသောက်ရန်အတွက် စားရိပ်သာတို့ကို လည်းကောင်း၊ ပြင်ဦးလွင် မြို့နယ် အားကစားကွင်းကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။

          ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနေရှင်နယ်လိဒ် ရတနာပုံယူနိုက်တက် ကလပ် ဘောလုံးအသင်းမှ ငှားရမ်းပြီး ပြန်လည် အပ်နှံထား သော မန္တလေး အောင်မြေသာစံမြို့နယ်ရှိ အောင်မြေမန္တလာဘောလုံးကွင်းသို့ သွား ရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဘောလုံးကွင်းအား ပြန်လည်ပြုပြင်မွမ်းမံရန် မှာကြား ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)