Skip to main content

Sep 30, 2020

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် The Asia Foundation ၊ International Institute for Demo-cracy and Electoral Assistance (International IDEA) တို့ ပူးပေါင်း ဆောင်ရွက်သည့် mVoter 2020 မိုဘိုင်းအက်ပလီကေးရှင်း မိတ်ဆက် ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် အွန်လိုင်းဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2020

သွားဟယ်လာဟယ်၊ ရောင်းဝယ် ဖောက်ကားဟယ်၊ တိုးဟယ် ဝှေ့ဟယ်ဖြင့် အစဉ်အမြဲ လှုပ်ရှားနေလေ့ရှိသည့် ရန်ကုန်မြို့မြင်ကွင်းကို တိတ်ဆိတ်ခြောက်သွေ့မှုက လွှမ်းခြုံထားနေ၏။ ရန်ကုန်မြို့တွင် သာမက အခြားသော မြို့ကြီးများနှင့် နိုင်ငံအနှံ့ရှိ ဒေသအတော်များများ၌ စိုးရိမ်ကြောင့်ကြမှုများနေသည့် ပြည်သူတို့ကို တွေ့နေရ၏။ ကပ်ရောဂါ၏ အနေအထားကြောင့် ထိုသို့ စိုးရိမ်ပူပန်နေကြ သည်မှာ လူ့သဘာဝပဲဖြစ်၏ဟု သဘောရပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2020

“အို၊ နာ၊ သေ ́ဘေးသည် တရားတော်အရ လူတိုင်းလူတိုင်း မလွဲမသွေရင်ဆိုင် ကြုံတွေ့ရမည့် သဘောတရားဖြစ်သည်။ အိုခြင်း၊ နာခြင်း၊ သေခြင်းဘေးကို မည်သူမျှ မရှောင်လွှဲနိုင်ပါပေ။ အိုခြင်း၊ နာခြင်း၊ သေခြင်း ဤသုံးမျိုး၏ အဓိက လက်သည်ဖြစ်သည့် နာခြင်းသည် အနာရောဂါ အမျိုးမျိုးဖြင့် လူတို့ဘဝကို အဆုံးသတ်အောင် ကြိုးပမ်းလေသည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2020

(၂၈-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၉-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၅,၉၆၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၇၉၅)ဦး တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2020

၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်း ထားခြင်းကြောင့် ကိုရီးယားသမ္မတနိုင်ငံ၌ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ် ဆောင်ခဲ့ရာ

ဆက်လက်ဖတ်ရှုရန်

Sep 29, 2020

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၃/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2020

Corona virus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2020

ကိုဗစ် - ၁၉ ကာလအတွင်း စာပေ၊ သတင်းမီဒီယာ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ နယ်ပယ်တို့မှ အနုပညာ ရှင်များအတွက် နယ်ပယ် တစ်ခုလျှင် ငွေကျပ်သန်း ၃၀ ဖြင့် နယ်ပယ်ငါးခုအတွက် စုစုပေါင်း ငွေကျပ်သန်း ၁၅၀ ထောက်ပံ့လှူဒါန်းမည့်ကိစ္စနှင့် ပတ်သက်၍ အွန်လိုင်းအစည်းအဝေးကို ယနေ့ ညနေပိုင်းတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2020

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ အကြိမ် (၃၀) မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက Video Conferencing စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2020

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ ကလေးပြုစုရေး ဌာနများနှင့် ဝန်ကြီးဌာန အသိအမှတ်ပြု ဘိုးဘွားရိပ်သာများတွင် အသုံးပြုရန် ငွေကျပ်သိန်း (၁၀၀) တန်ဖိုးရှိ ကျန်းမာရေး အကာအကွယ်သုံး ပစ္စည်းများကို ဗိုလ်ချုပ် မောင်မောင်‌ဆွေ (ငြိမ်း) နှင့်ဇနီး ဗိုလ်ကြီး ဒေါ်တင်တင်နွဲ့ (ငြိမ်း) မိသားစုတို့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနသို့ ယနေ့နံနက်ပိုင်းတွင် လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး လက်ခံရယူ သည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2020

ရန်ကုန်တိုင်းဒေသကြီး၏ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ကူညီဖြည့်ဆည်း ထောက်ပံ့ပေးနိုင်ရေး ကိစ္စများနှင့်စပ်လျဉ်း၍ ယမန်နေ့နံနက်ပိုင်းတွင် အွန်လိုင်းစနစ်ဖြင့် ညှိနှိုင်းဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2020

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြင့်မောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်း/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့က အပူတိုင်းမုန်တိုင်း(နိုလ်)ကြောင့် ကော့သောင်းမြို့နယ်အတွင်း သဘာဝဘေးသင့်မိသားစုဝင်များအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ၊ လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2020

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ စနစ်တကျဖြင့် ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ ယမန်နေ့ နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2020

ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အမှုထမ်း၊ အရာထမ်းများက နေပြည်တော်စည်ပင်ဧည့်ရိပ်သာတွင် Quarantine ဝင်ရောက်နေသူများအတွက် ထမင်းဘူးနှင့် ရေသန့်များကို ယနေ့နံနက်ပိုင်းက သွားရောက်လှူဒါန်းကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2020

အမုန်းစကား၊ အစွန်းရောက်ဝါဒ၊ လုပ်ကြံသတင်းနှင့် သတင်းမှားများသည် ကမ္ဘာနှင့်အဝှမ်း ကပ်ဘေးသဖွယ် ပျံ့နှံ့နေသည့် သတင်းအချက်အလက်ဖရိုဖရဲဖြစ်မှု၏ တွေ့ရအများဆုံးသောပုံစံများ ဖြစ်ကြသည်။ ယင်းတို့ကို ဖေ့စ်ဘွတ်၊ တွစ်တာအစရှိသည့် ဆိုရှယ်မီဒီယာ၊ လူမှု ကွန်ရက်တို့တွင် တွေ့မြင်နေကြရသောကြောင့် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု မြှင့်တင်ရေး လုပ်ငန်း (Media and Information Literacy - MIL) သည် အလေးထားဆောင်ရွက်ရမည့် လုပ်ငန်းအဖြစ် ကမ္ဘာ့နိုင်ငံအသီးသီးက အသိအမှတ်ပြုကာ ဆောင်ရွက်နေကြသည်။ မြန်မာနိုင်ငံ တွင်လည်း MIL ပညာပေးလုပ်ငန်းများ ကို အစိုးရဌာနများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများက အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2020

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ကော့သောင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2020

“ဒုတိယအကြိမ်မြန်မာတက္ကသိုလ်များသုတေသန စာတမ်းဖတ်ပွဲ ၂၀၂၀” ကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပညာရပ်နယ်ပယ် ၉ ရပ်ဖြင့် အုပ်စု ခွဲပြီး ကျင်းပနိုင်ခဲ့ပါတယ်။ ပညာရပ်နယ်ပယ် ၉ ရပ်တို့မှာ (၁) သစ်တော၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရပ်၊ (၂) ဝိဇ္ဇာပညာရပ်၊ (၃) စီးပွားရေးပညာရပ်၊ (၄) ကွန်ပျူတာ နည်းပညာရပ်၊ (၅) ဆရာအတတ်ပညာရပ်၊ (၆) အင်ဂျင် နီယာနှင့်နည်းပညာရပ်၊ (၇) ဘာသာ၊ ယဉ်ကျေးမှုနှင့် အနုပညာရပ်၊ (၈) ဆေးနှင့်နှီးနွှယ်ပညာရပ်၊ (၉) သိပ္ပံ ပညာရပ် စသည်တို့ ဖြစ်ကြပါတယ်။ ဒီနှစ်ကျင်းပတဲ့ တက္ကသိုလ်များ သုတေသနစာတမ်းဖတ်ပွဲရဲ့ ဦးတည်ချက် ဆောင်ပုဒ်က “နိုင်ငံတော် သာယာဝပြောမှုကိုဦးတည် သော အရည်အသွေးရှိ သုတေသန” ဖြစ်ပါတယ်။ ကိုဗစ်-၁၉ အခက်အခဲကာလမှာ ကျန်းမာရေးညွှန်ကြားချက် စည်းမျဉ်းတွေနဲ့အညီ အင်တာနက်အသုံးပြုပြီး ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် အခမ်းအနားဖွင့်ပွဲ၊ စာတမ်းဖတ်ပွဲ၊ အခမ်းအနား ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲတွေကို အောင်အောင် မြင်မြင် ဦးစီးပူးပေါင်းကျင်းပပေးသွားခဲ့ကြတဲ့ အမျိုးသား ပညာရေး မူဝါဒကော်မရှင်နဲ့ ပါမောက္ခချုပ်များ ကော်မတီ တို့ အတွက်လည်း ဂုဏ်ယူဖွယ်ဖြစ်ပါတယ်။ တက္ကသိုလ် တွေရဲ့ အရည်အသွေး အဆင့်မြင့်မားရေးတွင် သုတေသန တွေရဲ့ အခန်းကဏ္ဍသည် ထိပ်တန်းမှပါဝင်ပေရာ မြန်မာတက္ကသိုလ်များ အဆင့်မြင့်မားရေးအတွက် ဤစာတမ်းဖတ်ပွဲများက များစွာအထောက်အကူ ဖြစ်စေမှာ သေချာပါတယ်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2020

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က သရက်ချောင်းမြို့နယ်အတွင်းရှိ သဘာဝဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး (အစည်းအဝေး)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2020

၂၀၂ဝ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက်နေ့ဟာ ကမ္ဘာ့နှလုံးနေ့ (World Heart Day) နေ့ ဖြစ်ပါတယ်။ ယခုနှစ်ရဲ့ ဆောင်ပုဒ်ကတော့ “Use heart to beat Cardiovascular Disease” ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံးအင်္ဂါတစ်ခုဖြစ်တဲ့ နှလုံးကို ဂရုပြုထိန်းသိမ်းကြဖို့ နှလုံးရောဂါ၊ သွေးတိုးနဲ့ လေဖြတ်ခြင်းတို့ကို လူသားများအသိ သတိရှိရှိ နိုးကြားစွာ ကာကွယ်နိုင်ကြစေဖို့ နှိုးဆော်တဲ့အနေနဲ့ ဒီလိုနေ့တစ်နေ့သတ်မှတ်ပြီး ကျင်းပကြတာ ဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုရန်