မန္တလေး ဇွန် ၂
၂၀၂၁-၂၀၂ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းများအား တစ်နိုင်ငံလုံးအတိုင်း အတာအနေ ဖြင့် ဇွန် ၁ရက်မှ စတင်ဖွင့်လှစ် လိုက်ပြီဖြစ်ရာ မန္တလေးမြို့ရှိ အခြေခံပညာ ကျောင်းအသီးသီး တွင်လည်း ကျောင်းတက်ရန် လာရောက်ကြသည့် ကျောင်းသား ကျောင်းသူများအား သက်ဆိုင်ရာ အတန်းအလိုက် ဘာသာရပ် သင်ခန်းစာများကို သင်ကြားပေး နေပြီဖြစ်ကြောင်း သိရသည်။
သင်ကြားပေးလျက်ရှိ ယခု ပညာသင်နှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း၌ အခြေခံပညာ ကျောင်းပေါင်း ၄၂၆၃ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၂၃၅ ကျောင်းနှင့် ဘကကျောင်း ၃၁၇ ကျောင်း စုစုပေါင်း ၄၈၁၅ ကျောင်းအား စတင်ဖွင့်လှစ်ကာ ပညာ သင်ကြားပေးလျက်ရှိပြီး ကျောင်းများအပ်နှံရန် စတင် ခွင့်ပြုသည့် မေ ၂၄ ရက်မှ ဇွန် ၂ရက်အထိ ကျောင်းလခရေရောက် အပ်နှံသူစာရင်းမှာ ၃၄၉၅၇၉ ဦး ရှိကြောင်း မန္တလေးတိုင်းဒေသ ကြီး ပညာရေးမှူးရုံးမှ ညွှန်ကြား ရေးမှူး (ပညာ) ဦးတင်ရွှေက ပြောသည်။
“ပြီးခဲ့တဲ့ ပညာသင်နှစ်မှာ အခြေခံပညာ ကျောင်းတွေကို ကိုဗစ်-၁၉ ရောဂါကြောင့် ခဏပဲ ဖွင့်ပြီး ပြန်ပိတ်ခဲ့ရပါတယ်။ ဒါကြောင့် အခုပညာသင်နှစ်မှာ တော့ ကလေးတွေရဲ့ ပညာရေး အဆက်မပြတ်စေဖို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ တိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီတို့ရဲ့ လမ်းညွှန်မှုနဲ့အတူ ပညာရေးဝန်ကြီးဌာန အခြေခံ ပညာဦးစီးဌာနရဲ့ ညွှန်ကြားမှုတွေ နဲ့အညီ ကျွန်တော်တို့ တိုင်းဒေသ ကြီး ပညာရေးမှူးရုံးက မန္တလေး တိုင်းအတွင်းမှာရှိတဲ့ ကလေးတွေ အားလုံးကျောင်းတွေကို ရောက်ရှိ ပညာသင်ကြားနိုင်ဖို့ ကြိုးစား ဆောင်ရွက်လျက် ရှိပါတယ်။ ကျောင်း အသီးသီးမှာလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးနိုင်ရေးအတွက် ကလေး အရွယ်အလိုက် Mask တွေ၊ Face Shield တွေ ဝတ်ဆင်နိုင်ဖို့ နဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာပြီး သင်ကြားပေးနိုင်ဖို့ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါ့အပြင်ကျောင်း တွေမှာ ကျောင်း သား ကျောင်းသူတွေ လုံခြုံမှုရှိစေ ဖို့အတွက် ကျောင်းသား ကျောင်းသူ များ စောင့်ရှောက်ရေးအဖွဲ့တွေ ကို ဖွဲ့စည်းပြီးပူးပေါင်းဆောင်ရွက် လျက်ရှိပါတယ်။ ဒါကြောင့် မိဘ များအနေနဲ့ ကျောင်းမအပ် ရသေးတဲ့ မိမိတို့သားသမီးများကို ကျောင်းအပ်နှံပေးပြီး ပညာသင် ကြားနိုင်ဖို့အတွက် အလေးထား ဆောင်ရွက်ပေးကြဖို့ တိုက်တွန်း လိုပါတယ်”ဟု ၎င်းက ပြောသည်။
ယခုပညာသင်နှစ်တွင် အခြေခံ ပညာကျောင်းများ ဖွင့်လှစ်ရာ၌ ကိုဗစ်- ၁၉ ရောဂါ ကြိုတင် ကာကွယ်တားဆီးနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ကျန်းမာရေးဝန်ထမ်း များနှင့် ဆရာ၊ ဆရာမများက ကျောင်းသားကျောင်းသူများအား Maskepaệ Face Shield eps စနစ်တကျ တပ်ဆင်စေခြင်း၊ ကျောင်းအဝင်၌ ကိုယ်ပူချိန် တိုင်းတာခြင်း၊ ကျောင်းအတွင်း ပြင်ဆင်ထားရှိသည့် လက်ဆေး ဘေစင်များတွင် စနစ်တကျ လက်ဆေးစေခြင်းများ ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရ သည်။ စနစ်တကျ ပြင်ဆင်ထား “ကျွန်မတို့ ကျောင်းမှာ ကျောင်းသား ကျောင်းသူတွေ ကိုဗစ်-၁၉ ရာဂါ ကြိုတင် ကာကွယ် တားဆီးရေးအတွက် ကျောင်းမဖွင့်ခင်ကတည်းက စာ သင်ခန်းတွေနဲ့ ကျောင်းဝင်း အတွင်းမှာ ပိုးသတ်ဆေးတွေ ဖျန်းပေးထားပြီး စာသင်ခုံတွေကို တစ်ဦးနဲ့တစ်ဦး လေးပေစီ ခြား ထားပါတယ်။ ခြေနှင်းဘေစင်၊ ခြေနင်းအမှိုက်ပုံးတွေနဲ့ လက်သန့် ဆေးတွေကိုလည်း စနစ်တကျ ပြင်ဆင်ထားပါတယ်။ ကျန်းမာ ရေးဆိုင်ရာ အသိပညာပေးဗီနိုင်း တွေကိုလည်း မြင်သာထင်သာ ရှိတဲ့နေရာတွေမှာ ချိတ်ဆွဲထားပါ တယ်။ ကျောင်းကို ရောက်ရှိလာ တဲ့ ကလေးတွေအားလုံး စိတ် အေးချမ်းသာစွာနဲ့ ပညာသင် ကြားနိုင်ဖို့ ကျွန်မတို့ဆရာ ဆရာမ တွေအနေနဲ့ ကြိုးစားဆောင်ရွက် ပေးသွားမှာပါ”ဟုအောင်မြေသာစံ မြို့နယ် အခြေခံပညာ မူလတန်း ကျောင်းမှကျောင်းအုပ်ဆရာမကြီး က ပြောသည်။
ထို့အပြင် မန္တလေးမြို့ အောင် မြေသာစံမြို့နယ် အမှတ်(၆) အခြေခံပညာ မူလတန်းလွန် ကျောင်းသို့ မိမိကလေးငယ် အား ကျောင်းတက်ရန် လာ ရောက် ပို့ဆောင်ပေးသည့် မိဘ တစ်ဦးကလည်း “ဒီနှစ်မှာ Grade (1) စတက်မယ့် ကျွန်မကလေးကို ကျောင်းလိုက်ပို့တာပါ။ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ဖို့ ကျောင်းမဖွင့်ခင်ကတည်းက အိမ် မှာ Maskဝတ်ပုံနည်း စနစ်တွေကို သင်ကြားပေးထားပါတယ်။ အခု ကျောင်းကိုလာတဲ့အခါမှာလည်း အိမ်ကနေ Mask တပ်ပြီးမှ လာခဲ့ တာပါ။ ကျောင်းမှာလည်း ရောဂါ ကာကွယ်ရေးအတွက် စနစ်တကျ ကြိုတင်ပြင်ဆင် လုပ်ဆောင် ပေးနေတာတွေကို တွေ့ရတဲ့ အတွက် အားရကျေနပ်မိပါတယ်။ ပညာတတ်မှလူရာဝင်တဲ့ခေတ်မှာ ပညာရေးက အဓိကကျတဲ့အတွက် အခုလိုကျောင်းတွေပြန်ဖွင့်ပေးတဲ့ အပေါ်မှာ မိဘတစ်ဦးအနေနဲ့ အလွန်ကို ပျော်ရွှင်မိပါတယ်။ ပညာတစ်နှစ် မသင်ရရင် တစ်နှစ် နစ်နာတဲ့အတွက် ကျောင်းမအပ်ရ သေးတဲ့ မိမိတို့ သားသမီးတွေကို ကျောင်းကို လာရောက်အပ်နှံကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ပြော သည်။
ထောက်ပံ့ပေး ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းများရှိ ကျောင်းသား ကျောင်းသူများ အတွက် အခမဲ့ပညာရေးစနစ် အဖြစ် နိုင်ငံတော်မှ မူလတန်း အဆင့်တွင် ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များ၊ ဗလာစာအုပ် တစ်ဒါ ဇင်၊ ခဲတံလေးချောင်းစီ၊ ပြန်လည် အသုံးပြုနိုင်သော Mask နှစ်ခုနှင့် Face Shield တစ်ခုစီကိုလည်း ကောင်း၊အလယ်တန်းနှင့်အထက် တန်းအဆင့် ကျောင်းသား ကျောင်းသူများအတွက် ကျောင်း သုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာ စာအုပ်တစ်ဒါဇင်၊ ခဲတံနှစ်ချောင်း နှင့် ဘောပင်နှစ်ချောင်းစီ၊ ပြန်လည် အသုံးပြုနိုင်သော Mask နှစ်ခုနှင့် Face Shield တစ်ခု စီတို့ကို ထောက်ပံ့ပေး လျက်ရှိ ကြောင်း သိရသည်။
မောင်အေးချမ်း