နေပြည်တော် ဇွန် ၂
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အခြေခံပညာကျောင်းများကို ဇွန် ၁ ရက်မှစတင်၍ ဖွင့်လှစ်ပေးခဲ့ရာ ပြည်ထောင်စု နယ်မြေ နေပြည်တော်၌ ကျောင်းသား ကျောင်းသူ များအေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ကြားလျက် ရှိပြီး ကျောင်းအပ်နှံမှုများကိုလည်း ဆက်လက် လက်ခံလျက်ရှိကြောင်းသိရသည်။
နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်း များတွင် တက်ရောက်ရန်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်အတွင်း လာရောက်အပ်နှံသူ အများ အပြားရှိခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ကျောင်း မအပ်ရသေးသည့် ကျောင်းသား ကျောင်းသူများ အတွက်လည်း ကျောင်းဖွင့်ချိန်ကာလအတွင်း ကျောင်းအပ်နှံမှုများ လက်ခံပေးနေခြင်းကြောင့် ဇွန် ၂ ရက်အထိ လာရောက်အပ်နှံရန် စာရင်းပေး ထားခြင်းများရှိကြောင်း အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) အလက(၃) ကျောင်းမှ ကျောင်းအုပ် ဆရာကြီး ဦးဝင်းခိုင်က ပြောသည်။ “ကျွန်တော်တို့ကျောင်းအနေနဲ့ ဇွန် ၁ ရက် မှာ ကျောင်းတက်ရာခိုင်နှုန်း ၆၉ ရာခိုင်နှုန်း ရှိပါတယ်။ ကျောင်းမအပ်ရသေးတဲ့ ကျောင်းသား၊ ကျောင်းသူ တွေ အတွက်လည်း ကျောင်းဖွင့်ချိန်ကာလအတွင်း မှာကျောင်းအပ်နှံမှုကို ဆက်လက်လက်ခံပေးနေပါ တယ်။ ကျောင်းတက်ဖို့က ကျောင်းသားတွေရဲ့ အခွင့်အရေးဖြစ်ပါတယ်။ ဒီနေ့ကို ကျောင်းသား အသစ်အနေနဲ့ ၃၄ ဦး လာရောက်အပ်နှံပါတယ်။
ကျောင်းတက်ရာခိုင်နှုန်းက တော်တော်များပါတယ်။ ဇွန် ၁ ရက်မှာ အထက်တန်း၊ အလယ်တန်းနဲ့ မူလတန်းကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၃၀ တက်ရောက်ပါတယ်။ ကျွန်တော်တို့ ကျောင်းရဲ့ ကျောင်းတက်ချိန်က နှစ်သုတ်ခွဲပြီး စီစဉ်ထားပါ တယ်။ နံနက်ပိုင်းမှာ ၇ နာရီကျောင်းတက်ပြီး ၁၁ နာရီ ၅၅ မိနစ်မှာ ကျောင်းဆင်းပါတယ်။ အလယ်တန်း အဆင့်တွေက နံနက်ပိုင်းကျောင်းတက်ရပါတယ်။ ညနေပိုင်းကျတော့ မွန်းလွဲ ၁၂ နာရီခွဲကျောင်းတက် ရပြီး မူလတန်းအဆင့်အနေနဲ့ ညနေ ၄ နာရီခွဲ ကျောင်းဆင်းရပြီး အထက်တန်းအဆင့်ကတော့ ညနေ ၅ နာရီ၂၅ မိနစ်မှာ ကျောင်းဆင်းပါတယ်” ဟု ၎င်းက ပြောသည်။
အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာမြင့် က “ကျွန်မတို့ကျောင်းရဲ့ ကျောင်းအပ်ရာခိုင်နှုန်းက ၈၀ ရာခိုင်နှုန်း လောက်ရှိပါတယ်။ ကျောင်းမအပ် ရသေးတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် လည်း ဆက်လက်ပြီး ကျောင်းအပ်လက်ခံပေး နေပါတယ်။ ကျွန်မတို့ကျောင်းမှာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းပျမ်းမျှ ၇၉၉ ဦး ရှိပါတယ်။ လျာထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေထဲကနေ (၈၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။ နောက်ထပ်ကျောင်းသား၊ ကျောင်းမအပ်ရသေးတဲ့ ကျောင်းသား၊ ကျောင်းသူ တွေ အတွက်လည်း ကျောင်းဖွင့်ချိန်ကာလအတွင်း မှာကျောင်းအပ်နှံမှုကို ဆက်လက်လက်ခံပေးနေပါ တယ်။ ကျောင်းတက်ဖို့က ကျောင်းသားတွေရဲ့ အခွင့်အရေးဖြစ်ပါတယ်။ ဒီနေ့ကို ကျောင်းသား အသစ်အနေနဲ့ ၃၄ ဦး လာရောက်အပ်နှံပါတယ်။
ကျောင်းတက်ရာခိုင်နှုန်းက တော်တော်များပါတယ်။ ဇွန် ၁ ရက်မှာ အထက်တန်း၊ အလယ်တန်းနဲ့ မူလတန်းကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၃၀ တက်ရောက်ပါတယ်။ ကျွန်တော်တို့ ကျောင်းရဲ့ ကျောင်းတက်ချိန်က နှစ်သုတ်ခွဲပြီး စီစဉ်ထားပါ တယ်။ နံနက်ပိုင်းမှာ ၇ နာရီကျောင်းတက်ပြီး ၁၁ နာရီ ၅၅ မိနစ်မှာ ကျောင်းဆင်းပါတယ်။ အလယ်တန်း အဆင့်တွေက နံနက်ပိုင်းကျောင်းတက်ရပါတယ်။ ညနေပိုင်းကျတော့ မွန်းလွဲ ၁၂ နာရီခွဲကျောင်းတက် ရပြီး မူလတန်းအဆင့်အနေနဲ့ ညနေ ၄ နာရီခွဲ ကျောင်းဆင်းရပြီး အထက်တန်းအဆင့်ကတော့ ညနေ ၅ နာရီ၂၅ မိနစ်မှာ ကျောင်းဆင်းပါတယ်” ဟု ၎င်းက ပြောသည်။
အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာမြင့် က “ကျွန်မတို့ကျောင်းရဲ့ ကျောင်းအပ်ရာခိုင်နှုန်းက ၈၀ ရာခိုင်နှုန်း လောက်ရှိပါတယ်။ ကျောင်းမအပ် ရသေးတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် လည်း ဆက်လက်ပြီး ကျောင်းအပ်လက်ခံပေး နေပါတယ်။ ကျွန်မတို့ကျောင်းမှာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းပျမ်းမျှ ၇၉၉ ဦး ရှိပါတယ်။ လျာထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေထဲကနေ ( ၈၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။ နောက်ထပ်ကျောင်းသား၊ ကျောင်းသူ ဦးရေတိုးလာဖို့ ရှိပါတယ်။ ကျွန်မတို့ ကျောင်းရဲ့ ကျောင်းတက်၊ ကျောင်းဆင်းကတော့ တစ်ကြိမ်တည်း ဖြစ်ပါတယ်။ နံနက် ၈ နာရီခွဲ ကျောင်းတက်ရပြီး ညနေ ၃ နာရီခွဲမှာ ကျောင်းဆင်း ရပါတယ်” ဟု ပြောသည်။
အဆင်ပြေချောမွေ့ ကျောင်းသား၊ကျောင်းသူများအဆင်ပြေချောမွေ့ စွာ ကျောင်းတက်နိုင်ရေးအတွက် ကျောင်းမဖွင့်မီ ကာလကပင် နိုင်ငံတော်အစိုးရနှင့်အတူ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ကျောင်းသား မိဘများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် စနစ်တကျ ဖြစ်စေရန် ဆောင်ရွက်ခဲ့ပြီး စာသင်ခုံများနေရာ ချထားခြင်း၊ ကျောင်းကြို/ပို့ယာဉ်များ စီစဉ်ထား ခြင်း၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးကိုလည်း ကြိုတင်စီစဉ်ထားသည့်အတွက် ကျောင်းဖွင့်သည့် အခါတွင် အစစအရာရာ အဆင်ပြေချောမွေ့ခဲ့ ကြောင်းလည်း သိရှိရသည်။
အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အလက (၃) ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းခိုင်က “ကျောင်းတွေဖွင့်နိုင်ဖို့အတွက် ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်တားဆီးရေး နည်းလမ်းတွေအတိုင်း ပြင်ဆင်ပါတယ်။ ကျောင်းအခန်းတွေကိုလည်း ကျောင်းသား၊ ကျောင်းသူတွေ လွတ်လပ်ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ပြင်ဆင်ပါတယ်။ ကျောင်းဥပဓိ ရုပ်ကောင်းမွန်ဖို့အတွက်လည်း ကျောင်းဆောင်တွေ အားလုံး ဆေးသုတ်ပါတယ်။ စာရေးခုံတွေကိုလည်း အသစ်ဖြည့်ဆည်းပေးထားပါတယ်” ဟု ပြောသည်။ ကြိုတင်စီစဉ်ထားသည့်အတွက် ကျောင်းဖွင့်သည့် အခါတွင် အစစအရာရာ အဆင်ပြေချောမွေ့ခဲ့ ကြောင်းလည်း သိရှိရသည်။
အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အလက (၃) ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းခိုင်က “ကျောင်းတွေဖွင့်နိုင်ဖို့အတွက် ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်တားဆီးရေး နည်းလမ်းတွေအတိုင်း ပြင်ဆင်ပါတယ်။ ကျောင်းအခန်းတွေကိုလည်း ကျောင်းသား၊ ကျောင်းသူတွေ လွတ်လပ်ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ပြင်ဆင်ပါတယ်။ ကျောင်းဥပဓိ ရုပ်ကောင်းမွန်ဖို့အတွက်လည်း ကျောင်းဆောင်တွေ အားလုံး ဆေးသုတ်ပါတယ်။ စာရေးခုံတွေကိုလည်း အသစ်ဖြည့်ဆည်းပေးထားပါတယ်” ဟု ပြောသည်။
ကျောင်းတက်ရန် လာရောက်သည့်ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် နိုင်ငံတော်မှ နှာခေါင်းစည်းများ၊ မျက်နှာအကာများ ထောက်ပံ့ ပေးထားပြီး ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ကျ ဆရာ၊ ဆရာမများကလည်း ကျောင်းသား၊ ကျောင်းသူ များအား ကျောင်းအတွင်းသို့ မဝင်မီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ လက်ဆေးဘေစင်များတွင် စနစ်တကျလက်ဆေး စေခြင်းများ ဆောင်ရွက်ပေး သည်ကိုလည်း တွေ့မြင်ရသည်။
မွမ်းမံ သင်တန်းများပေး ကျောင်းသား၊ ကျောင်းသူများအား စာသင်ကြား ပေးရာတွင် အထောက်အကူဖြစ်စေရန်အတွက် နိုင်ငံတော်က မေလအတွင်း မူလတန်းသင် ဆရာ၊ ဆရာမများအားလုံးကို မွမ်းမံသင်တန်းများပေးခဲ့ပြီး ဧပြီလအတွင်းတွင် အလယ်တန်းနှင့် အထက်တန်း ဆရာ၊ ဆရာမများအားလုံးကို မွမ်းမံသင်တန်းများပေး ခဲ့ကာ ကျောင်းအုပ်ကြီးများအားလုံးကိုလည်း စွမ်းရည်မြင့်သင်တန်းများ ပေးခဲ့ကြောင်းလည်း သိရှိရသည်။
ထို့ပြင် ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံတော်မှ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာ စာအုပ်များ၊ ခဲတံများ၊ ဘောပင်များ၊ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးအတွက် Mask နှင့် Face Shield များ ထောက်ပံ့ပေးပြီး ဘေးအန္တရာယ်ကင်းရှင်းစွာ ပညာသင်ကြားနိုင်ရေးအတွက်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ရပ်ရွာအခြေပြု ပြည်သူလူထုလုံခြုံရေးအဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
သတင်း - ရဲကိုကို၊ ဓာတ်ပုံ - ကိုကိုအေး