Skip to main content

Jun 04, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ဥက္ကဋ္ဌ Mr. Peter Maurer ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 04, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး (၈/၂၀၂၁) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 04, 2021

မြန်မာနိုင်ငံတွင် မေလ ၂၇ ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ ရောဂါကူးစက်မှု အစုလိုက် ဖြစ်ပွားလာခဲ့သည်။ အစုလိုက်ဖြစ်ပွားလာရခြင်းမှာ မြန်မာနိုင်ငံ၏အနောက်ဘက် နယ်စပ်မြို့အချို့တွင် စတင်တွေ့ရှိလာရပြီး ယခုအခါ အဆိုပါမြို့များကို နေအိမ်အတွင်းသာ နေထိုင်ရေး (Stay at Home) အစီအစဉ်ထုတ်ပြန်ကာ ရောဂါကာကွယ် ထိန်းချုပ်ရေးကို အလေးထားဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 04, 2021

မြေသည် အကန့်အသတ်ရှိသော သယံဇာတဖြစ်သည်။ နိုင်ငံအတွင်း လူဦးရေတိုးလာမည်ဖြစ်သော်လည်း နိုင်ငံ၏အကျယ်အဝန်း ပိုင်နက် နယ်မြေမှာမူ တိုးလာမည့်အရာမဟုတ်။ မြို့ပြဒေသများ တိုးချဲ့ခြင်း၊ မြို့သစ်ရွာသစ်များ တည်ထောင်ခြင်း၊ စက်ရုံ အလုပ်ရုံရပ်ဝန်းများ တည်ဆောက်ခြင်း၊ လမ်းများဖောက်လုပ်ခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးလုပ်ငန်းများ လုပ်ကိုင်ခြင်း၊ ဆည်မြောင်းတာတမံများ တည်ဆောက်ခြင်းစသည်ဖြင့် လူတို့၏ အကျိုးစီးပွားအတွက် မြေများကို အသုံးချရာတွင် ထိထိရောက်ရောက် အကျိုးရှိစွာအသုံးချဖို့လိုအပ် သလို သဘာဝပတ်ဝန်းကျင်နှင့်ဂေဟစနစ်ကို မပျက်စီးစေရန်လည်း ထည့်သွင်းစဉ်းစားကာ ထိန်းသိမ်းဆောင်ရွက်ဖို့လိုသည်။

ဆက်လက်ဖတ်ရှုရန်

Jun 03, 2021

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန အောက်ရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များတွင် ဖွင့်လှစ်မည့် (၂၀၂၁) ခုနှစ် ပညာသင်နှစ်၊ ဘွဲ့လွန်ဆေးပညာသင်တန်းသားရွေးချယ်ရေးအဖွဲ့၏ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 03, 2021

(၂-၆-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃-၆-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁,၄၄၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁၂၂) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၆၂၆,၄၆၈) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၃,၉၄၅) ဦး ရှိပြီ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 03, 2021

ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားကို ဇွန် ၂ ရက် နံနက်ပိုင်းက နေပြည်တော် ဇေယျသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာ၊ ပေါင်းလောင်းချောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 03, 2021

ကိုဗစ် - ၁၉ ကပ်ရောဂါကူးစပ်ပြန့်ပွားမှုများကြောင့် ခေတ္တပိတ်ထားခဲ့ရသည့် အခြေခံ ပညာကျောင်းများကို ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇွန် ၁ ရက်နေ့မှ စတင်ဖွင့်လှစ်ပေးခဲ့ရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ အခြေခံကျောင်း များတွင်လည်း ကိုဗစ် -၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျောင်းသား/ ကျောင်းသူများ သက်ဆိုင်ရာ အတန်းအလိုက်သင်ခန်းစာများကို အေးချမ်းပျော်ရွှင်စွာ သင်ကြားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 03, 2021

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေသည် ဒုတိယဝန်ကြီး များဖြစ်ကြသော ဒေါက်တာဇော်မြင့်နှင့် ဦးဇော်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းနှင့် ဒက္ခိဏသီရိမြို့နယ် အမှတ် (၁၈) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ကျောင်းအပ်နောက်ကျကာ ကျောင်းအပ်နှံ လာကြသည့် ကျောင်းသားမိဘများနှင့် ကျောင်းသားကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံ နုတ်ဆက်အားပေးစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 03, 2021

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် ဗဟိုဝန်ထမ်းတက္ကသိုလ်များရှိ သင်တန်းများတွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဘာသာရပ်ထည့်သွင်းပို့ချနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 03, 2021

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ပထမအကြိမ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အတီးနှင့် ပန်းချီ၊ ပန်းပုပြိုင်ပွဲကျင်းပရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၃၅) သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 03, 2021

ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ဥပဒေရေးဆွဲခြင်းနှင့် ဥပဒေ(မူကြမ်း) စိစစ်အကြံပြုခြင်းဆိုင်ရာ သင်တန်းအမှတ်စဉ်၊ ၁/၂၀၂၁ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပြည်ထောင်စု ရှေ့နေချုပ်ရုံး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 03, 2021

CMP လုပ်ငန်းများ စစ်ဆေးရေးဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 03, 2021

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၊ အရှေ့အလယ်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် မုတ်သုံလေ အားနည်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 03, 2021

ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။လွန်ခဲ့သော(၂၄)နာရီအတွင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့်မန္တလေးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့် အတင့် ဖြစ်ထွန်းခဲ့ပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ကျောက်တော်မြို့တွင် (၂.၀၅)လက်မ၊ ချောင်းဆုံမြို့တွင် (၁.၃၈)လက်မ၊ ပူတာအိုမြို့တွင် (၁.၂၂)လက်မ၊ မြစ်ဆုံမြို့တွင် (၀.၉၄)လက်မ၊ မိုးမိတ်မြို့၊ မင်းကင်းမြို့၊ ကော့ကရိတ်မြို့နှင့် ကျိုက္ခမီမြို့တို့တွင် (၀.၆၃) လက်မစီနှင့် သီပေါမြို့တွင် (၀.၅၄)လက်မတို့ ဖြစ်ကြပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 03, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် ယနေ့နံနက် ၉ နာရီခွဲကကျောက်ဖြူအထူးစီးပွားရေး ဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြင့်သိန်းနှင့်အဖွဲ့ကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်