Skip to main content

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးမှု တိုးမြှင့်ဆောင်ရွက်ရေးဆွေးနွေး

 
နေပြည်တော် ဇွန် ၂
 
ပဲခူးတိုင်းဒေသကြီး၏လယ်ယာကဏ္ဍဖွံ့ဖြိုးမှုတိုးမြှင့် ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို မေ ၃၀ရက်ကတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ဆွေးနွေး ကြသည်။
 
ထို့ပြင်ငါးသယံဇာတများ စဉ်ဆက်မပြတ်ရေရှည် ထိန်းသိမ်းနိုင်ရေးနှင့် ဒေသခံပြည်သူများ အလုပ် အကိုင်၊ အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန်၊ ငါးမျိုး ကောင်းမျိုးသန့်များ ရေရှည်တည်တံ့ပြန့်ပွားစေရန် အတွက် ငါးမြစ်ချင်း၊ ငါးခုံးမကြီးနှင့် ရွှေဝါငါးကြင်း ငါးကောင်ရေ နှစ်သိန်း စိုက်ထည့်ပွဲအခမ်း အနားကို မေ ၃၀ ရက် နံနက်ပိုင်းက ပဲခူးမြို့နယ် မြို့ဦးကင်း တံတား၌ ပြုလုပ်သည်။
 
အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဝင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက် ရောက်ကြပြီး ပဲခူးမြစ်အတွင်း သို့ ငါးမျိုးစိုက်ထည့်ပေးခဲ့သည်။
 
ကြည့်ရှုစစ်ဆေး
 
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူး မြို့ သမဝါယမဦးစီး ဌာနအောက်ရှိ ရွှေမြန်မာလက်မှု ပေးခဲ့သည်။ ထည်ပစ္စည်းရောင်းဝယ်ရေးနှင့် အထွေထွေစီးပွားရေး လုပ်ငန်း သမဝါယမအသင်းလီမိတက်နှင့် CO.OP အားကစားလေ့ကျင့်ရေးခန်းမများကို လည်းကောင်း၊ ပဲခူးငါးလုပ်ငန်းစခန်း၏ ငါးသားဖောက်လုပ်ငန်း၊ မျိုးငါးပြုစုခြင်း၊ ဆေးထိုးသားဖောက်ခြင်း၊ ငါးမှုန် ပြုစုခြင်း၊ ငါးမျိုးပြုစုခြင်း(ငါးသန်)၊ ငါးမျိုးစိုက်ထည့် ခြင်း၊ ငါးမျိုးရောင်းချခြင်းလုပ်ငန်း များကိုလည်းကောင်း၊ မြစိမ်းရောင်ကျေးရွာ ငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်မှုများကိုလည်း ကောင်း ကြည့်ရှုစစ်ဆေး အားပေးသည်။
 
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ပဲခူးတိုင်း ဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။
 
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန၊ မြေအသုံးချဌာနခွဲ ဓာတ်ခွဲခန်းများနှင့် မျိုးစေ့ဌာနရှိ ဓာတ်ခွဲခန်းကိုလည်းကောင်း၊ ကဝ မြို့နယ်၊ ဇွဲဘာကျေးရွာရှိပုဂ္ဂလိက ဥစားဘဲမွေးမြူရေး လုပ်ငန်းနှင့် မျိုးဘဲသားဖောက်လုပ်ငန်းများကို လည်းကောင်း ကြည့်ရှုစစ်ဆေးအား ပေးသည်။
 
ထို့နောက် ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာ စိုက်ပျိုးပညာပေးစခန်းနယ်မြေ အတွင်းရှိ မျိုးစေ့ ထုတ်တောင်သူများနှင့် တွေ့ဆုံပြီး တောင်သူမိသားစုများ အိမ်ခြံဝင်း ဟင်းသီးဟင်းရွက်စိုက်ခင်းများ ထူထောင်စိုက်ပျိုးနိုင်ရေးအတွက် ဟင်းသီးဟင်းရွက် မျိုးစေ့များကို ထောက်ပံ့ပေးအပ်ရာ တောင်သူ ကိုယ်စားလှယ်တစ်ဦးက လက်ခံရယူခဲ့ကြောင်း သိရ သည်။
 
သတင်းစဉ်