Skip to main content

မြန်မာနိုင်ငံ စာကြည့်တိုက်ဖောင်ဒေးရှင်းသို့ စာအုပ်များလှူဒါန်း

 
ရန်ကုန် ဇွန် ၂
မြန်မာနိုင်ငံ စာကြည့်တိုက်ဖောင်ဒေးရှင်းသို့ ဦးဝိလာသ(စာရေးဆရာ၊ ကဗျာဆရာ ဝေမိုးကျွန်းလှ)က စာအုပ်များ လှူဒါန်းသည့် အခမ်းအနား ကို ဇွန် ၂ ရက် မွန်းလွဲ ၂ နာရီက အဆိုပါ ဖောင်ဒေးရှင်းရုံးခန်းမ၌ ကျင်းပရာ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးညွန့်ဆွေ (စာရေးဆရာ မောင်ဆွေသက်)၊ ဒုတိယဥက္ကဋ္ဌ ဦးအုန်းမောင် (စာရေးဆရာ ကဗျာ ဆရာ မြင်းမူမောင်နိုင်မိုး)၊ဗဟိုအမှုဆောင် ကော်မတီ ဝင်များနှင့် အလှူရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ အလှူရှင်ဦးဝိလာသ (စာရေးဆရာ ကဗျာဆရာ ဝေမိုး- ကျွန်းလှ) က ဓမ္မဂုဏ်ရည် စာပေဆုရစာအုပ်များဖြစ်သည့်ပန်းမြိုင်လယ်စိန်ဝင်း ရေးသားသော လူသားနှင့် မူးယစ်ဆေးစာအုပ် ၆၁၄ အုပ်၊ အရှင်ရေဝတ (သရက်ကောင်း) ရေးသားသော ဘာ့ကြောင့်ဗုဒ္ဓဘာသာနိုင်ငံတွေ ကွယ်ပျောက်ခဲ့ရသလဲ စာအုပ် ၂၃၂ အုပ် စုစုပေါင်း တန်ဖိုးငွေကျပ် ၁၀၅၀၀၀၀ ခန့် တန်ဖိုးရှိ စာအုပ်များ ကို ပေးအပ်လှူဒါန်းရာ အသင်းဥက္ကဋ္ဌက လက်ခံ ရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ဆက်ကပ် ပေးအပ်သည်။
မြန်မာနိုင်ငံ စာကြည့်တိုက်ဖောင်ဒေးရှင်းသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖောင်ဒေးရှင်း များ ဖွဲ့စည်းထားရှိပြီး ပြည်သူများ စာဖတ်ရှိန် မြှင့်တင်ရေး၊ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် တတ်နိုင်သည့်ဘက်မှကြိုးပမ်းကူညီ ဆောင်ရွက်လျက်ရှိကြောင်းနှင့် စာအုပ်များ လှူဒါန်းလိုပါက ဖုန်း ၀၉-၄၂၀၇၀၀၃၂၆ နှင့် ၀၉-၉၇၃၆၅၃၆၂၅ တို့သို့ ဆက်သွယ်လှူဒါန်း နိုင်ကြောင်း သိရှိရသည်။
သတင်းစဉ်