Mar 18, 2021
နိုင်ငံတော်အတွင်း လူစုလူဝေးများအနေဖြင့် သာမန် ဆန္ဒပြမှုမှ ဆူပူဆန္ဒပြခြင်း၊ ဆူပူဆန္ဒပြရာမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရန်ပြုခြင်း၊ လူပုဂ္ဂိုလ် ဆိုင်ရာအငြိုးအတေးများကို အခြေခံ၍ ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ စက်ရုံအလုပ်ရုံများ၊ လုံခြုံရေးစခန်း များအား မီးကွင်းပစ်ခြင်း၊ မီးရှို့ ဖျက်ဆီးခြင်း၊ ပစ္စည်း များ လုယူခြင်းနှင့် ရဲကင်းစခန်းများအား အသိဉာဏ် ဆင်ခြင်တုံ တရားကင်းမဲ့စွာ ဝင်ရောက်စီးနင်းရန် ကြံစည်အားထုတ်နေမှုများကို တွေ့ရှိနေရသည်။
Mar 18, 2021
ကောလင်းမြို့နယ် ခံသာနယ်မြေ ရဲစခန်းကို လူစုလူဝေးများက အကြမ်းဖက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏သတင်းထုတ်ပြန်ချက် အရ သိရသည်။
Mar 18, 2021
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် အင်းစိန်လမ်းမ ပေါ်၌ နှောင့်ယှက်လိုသူများက ပိတ်ဆို့တားဆီးထားသော အတားအဆီးများကို ယနေ့ မွန်းလွဲ ၂ နာရီတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာဝန်ထမ်းများပါဝင်သော ပူးပေါင်း အင်အားဖြင့် ရှင်းလင်းနေမှုအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင် ဒေါက်တာ ဇော်ဝင်းနှင့် ဦးအောင်နိုင်တို့ သွားရောက် ကြည့်ရှုသည်။
Mar 18, 2021
၂၀၂၁ ခုနှစ်၊ မတ် ၁၇ ရက် ညနေ ၄ နာရီကျော်ခန့်တွင် မြင်းခြံမြို့ အမှတ် (၁၃) ရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ကျိုက်ထီးရိုး လမ်းထောင့်ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းဝင်း အတွင်းမှ ဝါးကပ်မိုး၊ ထရံကာ အလျားပေ ၄၀၊ အနံ ၁၅ ပေအကျယ်အဝန်းရှိသည့် အဆောက်အအုံ တစ်လုံး မီးလောင်နေကြောင်း သိရှိရသဖြင့် မီးသတ်ယာဉ် ၆ စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ရွာလူထုများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ မီးငြှိမ်းသတ်ရာ ညနေ ၄ နာရီ ၅၅ မိနစ်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။
Mar 18, 2021
နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်သူ လူစုလူဝေးများ အနေဖြင့် လမ်းများအား အကြောင်းမဲ့ပိတ်ဆို့တားဆီးခြင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လမ်းကြောင်းရှင်းလင်းရေး ဆောင်ရွက်စဉ်တွင် ရန်ပြုမှုများအား နေရာအနှံ့အပြားတွင် တွေ့ရှိလာရသည်။
Mar 18, 2021
လတ်တလော နိုင်ငံတစ်ဝန်း CDM (Civil Disobedience Movement) လှုပ်ရှားမှု၊ ဆူပူအကြမ်းဖက်မှု အခြေအနေများနှင့် ပတ်သက်၍ ပြည်သူများအကြားသာမက ဝန်ထမ်းများအကြားပါ သွေးကွဲမှုများ ဖြစ်လာနေသည်။ CDM လှုပ်ရှားမှုသည် ဒီမိုကရေစီလမ်းစဉ်ကို ဆန့်ကျင်နေပြီး အဖျက်အမှောင့်လုပ်ရပ်များကိုသာ ဦးတည်နေသည်။ တိုင်းပြည်အေးချမ်းတည်ငြိမ်မှုကို မလိုလားသော လူတချို့က နိုင်ငံရေး အမြတ်ထုတ်၍ နိုင်ငံ့ဝန်ထမ်းများအား မက်လုံးပေး သွေးထိုးနေသည့် လုပ်ရပ်များကြောင့် နိုင်ငံတစ်ဝန်း အလုပ်လက်မဲ့နှုန်း မြင့်သထက် ပိုမိုမြင့်လာတော့မည်။ CDM လှုပ်ရှားမှုကို အကြောင်းပြုကာ ဝန်ထမ်းထု အကြား ဖြစ်ပေါ်ကြုံတွေ့နေမှုများအား ပြန်လည်မျှဝေရေးသား ဖော်ပြလိုက်ပါသည်။
Mar 18, 2021
၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်းပွဲအခမ်းအနားအောင်မြင် စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မကွေးတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အောက်ထပ်အစည်း အဝေးခန်းမ၌ မတ် ၁၅ ရက်က ကျင်းပသည်။
Mar 18, 2021
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ယမန်နေ့က တိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီရုံး အစည်းအဝေး ခန်းမ၌ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ် လှူဒါန်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပသည်။
Mar 18, 2021
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပုဂ္ဂလိကပိုင်ဘဏ်များကို ဖေဖော်ဝါရီလမှစတင်ကာ ယာယီပိတ်ထားခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ကမ္ဘောဇဘဏ် (ဈေးကြိုဘဏ်ခွဲ) ပြန်လည်ဖွင့်လှစ်၍ ပြည်သူများ အေးချမ်းစွာ ငွေသွင်းငွေထုတ်လျက်ရှိကြောင်း သိရသည်။
Mar 18, 2021
နေပြည်တော်စည်ပင်သာယာရေးကော်မတီသုခတော်ဝင်အိမ်ရာတွင် ဒုတိယအဆင့် ဆောက်လုပ်ပြီးစီးသည့် တိုက်များမှငွေပေးသွင်းပြီးသော မြေညီထပ် အခန်း (၃၀)၊ ပထမထပ် (၂၂)ခန်းနှင့် ဒုတိယထပ် (၁၄)ခန်း၊ စုစုပေါင်း (၆၆) ခန်းတို့အား မဲနှိုက်နေရာချထားခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော်စည်ပင်သာယာရေးကော်မတီ မင်္ဂလာခန်းမ၌ ကျင်းပသည်။
Mar 18, 2021
(၂၀၂၁ ခုနှစ်၊ မတ်လ (၁၈)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Mar 17, 2021
(၁၆-၃-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီမှ (၁၇-၃-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း ဓာတ်ခွဲ နမူနာစုစုပေါင်း (၁,၂၃၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ် (၁၁) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၅၁၃,၄၇၂) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၂,၁၄၇) ဦး ရှိပြီ ဖြစ်ပါသည်။
Mar 17, 2021
ဦးမန်း၀င်းခိုင်သန်း(ဘ)ဦးမန်းသန်းရှိန် ကို ဥပဒေနှင့်အညီ တရားစွဲဆိုထားကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Mar 17, 2021
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၉) အခြေခံပညာအထက်တန်း ကျောင်းနှင့် ဇေယျာသီရိမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ကျောက်ချပ်) တို့၌ ဖွင့်လှစ်ပို့ချနေသည့် အခြေခံပညာ အထက်တန်း၊ အလယ်တန်းကျောင်းအုပ်ကြီး များ စီမံအုပ်ချုပ်ရေး (စီမံ၊ ဘဏ္ဍာ၊ ပညာ) အရည်အသွေးမြှင့် မွမ်းမံသင်တန်း (မြို့နယ့်အဆင့်) သို့ သွားရောက်ကြည့်ရှုသည်။
Mar 17, 2021
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့ နံနက် ၁ဝ နာရီတွင် တာဝန်ရှိသူများနှင့်အတူ ရန်ကုန် အနောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းသည်။