Skip to main content

နေပြည်တော်၌ ရွေ့လျားယာဉ်နှစ်စီးဖြင့် ဝန်ထမ်းအိမ်ရာများအရောက် မီးဖိုချောင်သုံး စားသောက်ကုန်ပစ္စည်းများ လှည့်လည်ရောင်းချ

နေပြည်တော် အောက်တိုဘာ ၇

နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာများတွင် နေထိုင်ကြသော ဝန်ထမ်းမိသားစုများနှင့် လူပျို၊ အပျိုဆောင်များတွင် နေထိုင်ကြသည့် ဝန်ထမ်းများ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း ဈေးအသီးသီးသို့ သွားရောက်ဝယ်ယူရန်မလိုဘဲ လွယ်ကူအဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရန် နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာနမှ မော်တော်ယာဉ်နှစ်စီးဖြင့် ဝန်ထမ်းအိမ်ရာများအရောက် သန့်ရှင်းလတ်ဆတ်သော ဟင်းသီးဟင်းရွက်၊ ကုန်ခြောက်နှင့် သား/ငါးများကို သင့်တော်သောဈေးနှုန်း၊ အလေးချိန်ခွင် ပြည့်မီမှန်ကန်စွာဖြင့် နေ့စဉ် လှည့်လည်ရောင်းချ ပေးလျက်ရှိသည်။

ဈေးရောင်းမော်တော်ယာဉ်များဖြင့် ဓနသိဒ္ဓိရပ်ကွက်၊ ကံ့ကော်အိမ်ရာ၊ နေပြည်တော် စည်ပင်အိမ်ရာ၊ ဇမ္ဗူသီရိဆေးရုံအိမ်ရာနှင့် နေပြည်တော်ဖွံ့ဖြိုးရေး ဘဏ်အိမ်ရာတို့သို့ လည်းကောင်း၊ သုခသိဒ္ဓိရပ်ကွက်၊ ပိတောက်အိမ်ရာ၊ ခရေအိမ်ရာ၊ သဇင်ဆောင်နှင့် သပြေဆောင်တို့သို့ လည်းကောင်း အလှည့်ကျစနစ်ဖြင့် နေ့စဉ်လှည့်လည် ရောင်းချပေး လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်