Oct 15, 2021
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက် ပေးလျက်ရှိရာ အောက်တိုဘာ ၁၃ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂၀၂ ဦး၊ အမျိုးသမီး ၁၅၁ ဦး၊ စုစုပေါင်း ၃၅၃ ဦး၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက် လာသူ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၆ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁ ဦးတို့ကိုလည်းကောင်း၊ ယနေ့တွင် ကရင် ပြည်နယ်၊ မြဝတီမြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂၆၅ ဦး၊ အမျိုးသမီး ၂၃၃ ဦး၊ စုစုပေါင်း ၄၉၈ ဦးတို့ကိုလည်းကောင်း အသီးသီး လက်ခံခဲ့သည်။
Oct 15, 2021
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦးစီးဌာနမှ (၉) ကြိမ်မြောက် “ကမ္ဘာ့စံချိန် စံညွှန်းနေ့အခမ်းအနား ၂၀၂၁” ကို ယနေ့ နံနက် ၁၀ နာရီတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Oct 15, 2021
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲတင့်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဝင်္ကပါလမ်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ၌ အရာထမ်းများနှင့် တွေ့ဆုံသည်။
Oct 15, 2021
သတ္တမအကြိမ်မြောက် အာဆီယံနိုင်ငံများ မူးယစ်ဆေးဝါးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးကို ယနေ့ နံနက် ၈ နာရီတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် အလှည့်ကျအိမ်ရှင် ကမ္ဘောဒီးယားနိုင်ငံ၊ အမျိုးသား မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ (NACD) က ကြီးမှူးကျင်းပသည်။
Oct 15, 2021
အာဆီယံသဘာဝဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီးများ အဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များကို အောက်တိုဘာ ၈ ရက်မှ ၁၄ ရက်အထိ ကျင်းပရာ အောက်တိုဘာ ၁၄ ရက်တွင် ကျင်းပသော ဝန်ကြီးများအဆင့် အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် တာဝန်ရှိ သူများ ပါဝင်တက်ရောက်ခဲ့သည်။
Oct 15, 2021
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့လှူဒါန်းသည့် Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ် သန်းအနက် ပထမအသုတ်အဖြစ် ကာကွယ်ဆေးတစ်သန်းနှင့် ဆေးထိုးအပ် ၁၀၀၁၆၀၀ ကို အောက်တိုဘာ ၁၃ ရက်တွင်လက်ခံရရှိခဲ့ပြီးကျန်ရှိသည့်ကာကွယ်ဆေးတစ်သန်းနှင့်ဆေးထိုးအပ်(၉၉၈၄၀၀)ချောင်းသည် ယနေ့ ညနေပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့မှ Air China လေကြောင်းလိုင်းဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ရောက်ရှိခဲ့ကြောင်း သိရသည်။
Oct 15, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပြီးသူများ ထပ်ဆောင်းကာကွယ်ဆေး (Booster Doses) ထိုးနှံခြင်းနှင့်စပ်လျဉ်း “၍ ဝေဖန်ငြင်းခုံမှုများရှိရာ အထူးသဖြင့် ကာကွယ်ဆေးတစ်ကြိမ် မျှ မထိုးနှံရသေးသူများ မြောက်မြားစွာရှိနေသေးသည့်အခြေအနေ တွင် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းကြောင့် ဆေးဖြန့်ဝေမှု သာတူညီမျှမရှိခြင်းအပေါ်တွင် စောဒက တက်ကြခြင်းဖြစ်သည်။ တစ်ဖက်တွင်လည်း ကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံပေးရန် အမှန်တကယ်လိုအပ်ကြောင်း ပြသနိုင်လောက်သည့် သိပ္ပံနည်းကျ အထောက်အထားများမရှိဟူ၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပညာရှင် များက ပြောကြားထားသည်။
Oct 15, 2021
မြန်မာနိုင်ငံသည် သမိုင်းမတင်မီကာလမှစ၍ ယဉ်ကျေးမှုများ စဉ်ဆက်မပြတ် ဖြစ်ပေါ်တိုးတက်ခဲ့သည်။ မြန်မာ့ယဉ်ကျေးမှု အဆင့်ဆင့်တိုးတက်ဖြစ်ပေါ်မှုတွင် အခြားဒေသများထက် ပို၍ထူးခြားသည်မှာ မြန်မာ့မြေတွင် လူမျိုးနွယ်အစ အဆင့်မြင့်ပရိုင်း မိတ်ရုပ်ကြွင်းအထောက်အထားများ တွေ့ရှိရခြင်းဖြစ်သည်။ ရှေးဦးလူသားတို့ နေထိုင်ခဲ့ကြကြောင်း ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ယဉ်ကျေးမှုဆိုင်ရာ အထောက်အထားများက အထင်အရှား သက်သေထူလျက်ရှိသည်။
Oct 14, 2021
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ပါမောက္ခ ဒေါက်တာအေးထွန်းသည် Russian Direct Investment Fund၏ CEO ဖြစ်သူ Mr. Kirill Dmitriev နှင့် အောက်တိုဘာ ၁၂ ရက် ညနေပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄) ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမမှ Virtual စနစ်ဖြင့် ဆွေးနွေးသည်။
Oct 14, 2021
နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လို အပ်သည့်အောက်စီဂျင်အရည်၊ အောက်ဆီဂျင်အိုးခွံ၊ အိမ်သုံးအောက်ဆီဂျင်စက်နှင့် အခြားဆက်စပ် ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် အခြားဆက်စပ်
Oct 14, 2021
ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနသို့ ထိုင်းနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (TICA) မှ ကိုဗစ်-၁၉ ရောဂါ ရှာဖွေရေးဆိုင်ရာ RT-PCR စက်(၂)စုံ၊ ဓာတ်ခွဲခန်းသုံး ဆေးရည်များနှင့် Negative Pressure Isolation Room (5) rooms နှင့် Positive Pressure Isolation Chamber – Swab Units (10) units တို့အား လှူဒါန်းခြင်းအခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီခွဲတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၊ ရန်ကုန်မြို့တွင် ကျင်းပသည်။
Oct 14, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Oct 14, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် -
Oct 14, 2021
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့ ညပိုင်းက Global Summit on Sputnik V and Sputnik Light Russian Direct Investment Fund Gamaleya National Center မော်စကိုမြို့၌ Virtual စနစ်ဖြင့် ပြုလုပ်သည့် Sputnik-V နှင့် Sputnik Light ၏ ကိုဗစ်-၁၉ ရောဂါအပေါ် ထိရောက်စွာ ကာကွယ်ပေးနိုင်မှု နှင့်ပတ်သက်သည့် ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက် သည်။
Oct 14, 2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံမြို့၊ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ လောကနန္ဒာစွယ်တော်မြတ်စေတီနှင့် လောကနန္ဒာဘေးမဲ့တောဥယျာဉ်တို့ကို မြစ်ရေ တိုက်စားမှုမှ ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပသည်။
Oct 14, 2021
အများပြည်သူ ပျော်ရွှင်စေရန်၊ အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တင်ဆက်လျက်ရှိရာ “ရွှေမြန်မာအငြိမ့်” ဖျော်ဖြေပွဲကို အောက်တိုဘာ (၁၆)ရက်၊ စနေနေ့ ည(၈) နာရီ သတင်းအပြီးတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့် ပြသမည်ဖြစ်သည်။
Oct 14, 2021
ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပသော Russian Energy Week International Forum (REW 2021)သို့ တက်ရောက်ရန် မော်စကိုမြို့၌ ရောက်ရှိနေသည့် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးနှင့်အဖွဲ့သည် အောက်တိုဘာ ၁၃ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် ROSGEO (Russian State Geological Holding)ကုမ္ပဏီမှ CEO (Chairman of the Management Board) Mr. Sergey N. GORKOV ခေါင်းဆောင်သောအဖွဲ့နှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ စူးစမ်းရှာဖွေ ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် တွေ့ဆုံဆွေးနွေးကြသည်။
Oct 14, 2021
ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာ များမှ တိုက်ပွဲရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေး အတွက် နေအိမ်အသစ် ဆောက်လုပ်ခြင်းနှင့် နေအိမ်များ ပြန်လည်ပြုပြင်ရန် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းတွင် ပလက်ဝမြို့ မြို့မရပ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း သင်ခန်းမ၌ ပြုလုပ်ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တိုက်ပွဲရှောင် ပြည်သူများ တက်ရောက်ကြသည်။
Oct 14, 2021
ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏စားသောက်ရေးကို အထောက်အကူဖြစ်စေရန် အတွက် ယနေ့တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့်အဖွဲ့ဝင်များသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယန်းမြို့နယ် ယမ်းခိုင်ကျေးရွာရှိ မိုးစပါးစံပြစိုက်ကွင်းနှင့် သဘာဝမြေဩဇာ (အီးအမ်ဘိုကာရှီ) မြေဆွေးပြုလုပ်ထားရှိမှုတို့ကို သွားရောက်ကြည့်ရှု၍ (ယာပုံ) တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။
Oct 14, 2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၂)ရပ်ကွက်၊ ပုခန်းကျောင်းတိုက် ဦးစီးပဓာန နာယက နိုင်ငံတော်ဩဝါဒါစရိယ ဘဒ္ဒန္တဝိမလာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက) မဟာထေရ်မြတ်ကြီးသည် သက်တော်(၉၃)နှစ်၊ သိက္ခာတော်(၇၃)ဝါအရ ၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လဆန်း (၆)ရက်၊ (၁၁-၁၀-၂၀၂၁)၊ တနင်္လာနေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဘဝနတ်ထံပျံလွန်တော်မူကြောင်းနှင့် ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနကို (၁၇-၁၀-၂၀၂၁)ရက်နေ့ တွင် ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သာသနာရေး ဦးစီးဌာနမှ သတင်းရရှိပါသည်။
