Skip to main content

“ရွှေမြန်မာအငြိမ့်” ဖျော်ဖြေပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ပြသမည်

 

နေပြည်တော် အောက်တိုဘာ ၁၄

 

အများပြည်သူ ပျော်ရွှင်စေရန်၊ အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တင်ဆက်လျက်ရှိရာ “ရွှေမြန်မာအငြိမ့်”   ဖျော်ဖြေပွဲကို အောက်တိုဘာ (၁၆)ရက်၊ စနေနေ့ ည(၈) နာရီ သတင်းအပြီးတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ  ထုတ်လွှင့် ပြသမည်ဖြစ်သည်။

 

ယင်းဖျော်ဖြေမှုကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၊ အနုပညာဦးစီးဌာနမှစီစဉ်ပြီး ရွာစားကျော် နိုင်လင်းဗိုလ်(ဆိုင်း)၏  တီးခတ်မှုနှင့်အတူ ခေါင်းဆောင်မင်းသမီး ဇာနည်အောင်၊ ရှေ့ထွက်မင်းသမီး မာလာမြင့်အောင်၊ လူရွှင်တော်များဖြစ်ကြသည့် အာဗြဲ၊ ရောင်နီ၊ ဝမ်းတူးနှင့် လမုန့်တို့က    ဖျော်ဖြေတင် ဆက်ကြမည်ဖြစ်သည်။

 

ထိုသို့ တင်ဆက်မှုကို အောက်တိုဘာ (၂၀)ရက်၊ မွန်းလွဲပိုင်း National News အစီအစဉ်အပြီးတွင် ဒုတိယအကြိမ် ထမ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)