Oct 14, 2021
ဆရာတော်လောင်းလျာသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့ နယ်၊ အင်ပင်လှကျေးရွာတွင် ခမည်းတော် ဦးစိန်၊ မယ်တော် ဒေါ်ရှု တို့မှ ၁၂၉၀ ပြည့်နှစ်၊ တန်ဆောင်မုန်းလဆန်း(၅)ရက်၊ ဗုဒ္ဓဟူး နေ့တွင် ဖွားမြင်တော် မူသော သားရတနာဖြစ်ပါသည်။
Oct 14, 2021
၁၉၇၃ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော သုတပဒေသာစာစောင်ကို မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်တို့ အပြောင်းအလဲများ ပြုလုပ်ပြီး အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်းရှိ လူငယ် များကို ဦးတည်ပရိသတ်အဖြစ်ထားကာ လစဉ်ထုတ်ဝေလျက်ရှိပါသည်။ နိုင်ငံတကာထုတ် စာအုပ် စာစောင်များမှကောင်းနိုးရာခေတ်မီအကြောင်းအရာ များနှင့် ယခုလအတွက် အထူးပြုရေးသားသည့် “သိမှတ်စရာ ရှေးဦးသူနာပြုစုခြင်းပညာ” မျက်နှာဖုံး ဆောင်းပါးကြီးများပါဝင်သော သုတပဒေသာစာစောင် (အောက်တိုဘာလ)ကို ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ကဖြန့်ချိလိုက်ပြီ ဖြစ်သည်။
Oct 14, 2021
(၄၄) ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင် ကျင်းပရာ သက်ကြီးအနုပညာရှင်တို့၏ ရင်တွင်းပီတိစကားသံတို့ကို ဤသို့ ကြားသိခဲ့ရသည်။
Oct 14, 2021
(ယမန်နေ့မှအဆက်) မြန်မာနိုင်ငံသို့ပြန်လာရန် အခက်အခဲကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသားများအရေး ဖြေရှင်း ပေးရန်အတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် ချက်အရ မလေးရှားနိုင်ငံတွင် ငွေကြေးလိမ်လည် ခံရပြီး နေရပ်ပြန်ရန် အခက်တွေ့နေသူ မြန်မာနိုင်ငံ သား ၁၇ ဦးအား နိုင်ငံတော်မှ ကုန်ကျစရိတ် ကျခံ၍ ပြန်လည်ခေါ်ဆောင်ပေးခဲ့သဖြင့် စက်တင်ဘာ ၆ ရက်နှင့် ၂၀ ရက်တို့တွင် ပြန်လည်ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်သည်။
Oct 14, 2021
တရုတ်ပြည်သူ့သမ္မတနိုင်ငံက မြန်မာနိုင်ငံသို့ လှူဒါန်းသည့် Sinovad ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်သန်းအနက် ပထမအသုတ်အဖြစ် ကာကွယ်ဆေးတစ်သန်းနှင့် ဆေးထိုးအပ် ၁၀၀၁၆၀၀ တို့သည် ယနေ့ ညနေ ၆ နာရီခွဲတွင် Air china လေကြောင်းလိုင်းဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာရာ လှူဒါန်းပစ္စည်းများ လွှဲပြောင်းလက်ခံခြင်းအခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်တို့ တက်ရောက်၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Oct 14, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကို ထိရောက်စွာ ကာကွယ် ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဦးစားပေးအုပ်စုများ သတ်မှတ်၍ ဦးစားပေးအစီအစဉ်အလိုက် ဆောင်ရွက်လျက်ရှိပါသည်။ (၁၂-၁၀၂၀၂၁) ရက်နေ့အထိလူဦးရေ (၁၀.၆) သန်းခန့်အား ကာကွယ် ဆေးထိုးနှံပေးပြီးဖြစ်၍ နှစ်ကြိမ်အပြည့်ထိုးနှံပြီးစီးသူ (၄.၂) သန်းခန့်၊ ပထမအကြိမ် ထိုးနှံပြီးစီးသူ (၆.၄) သန်းခန့်နှင့် ကာကွယ်ဆေးအကြိမ်ရေ စုစုပေါင်း (၁၄.၈) သန်းခန့် ထိုးနှံပြီးဖြစ်ပါ သည်။ ကာကွယ်ဆေးနှစ်ကြိမ်အပြည့် လွှမ်းခြုံမှုရာခိုင်နှုန်းမှာ အသက် ၁၈ နှစ်နှင့် အထက် လူဦးရေ၏ (၁၂) ရာခိုင်နှုန်းခန့် ရရှိပြီးဖြစ်ပါသည်။ ကာကွယ်ဆေးလွှမ်းခြုံ မှုရာခိုင်နှုန်းများ ယခုထက်ပိုမိုတိုးတက် ရရှိစေရေး ဆက်လက်၍ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။
Oct 14, 2021
(၄၄) ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီတွင် ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ ကျင်းပပြုလုပ်သည်။
Oct 14, 2021
ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲ ညီလာခံ အဖွဲ့ဝင်နိုင်ငံများ၏ (၁၅) ကြိမ်မြောက် ဝန်ကြီးများအဆင့် အစည်းအဝေးကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကူမင်းမြို့၌ အောက်တိုဘာ ၁၂ ရက် မွန်းလွဲ ပိုင်းတွင် “ကမ္ဘာပေါ်ရှိသက်ရှိ အားလုံး မျှဝေခံစားနိုင်သည့် အနာဂတ်အတွက် ဂေဟဗေဒဆိုင်ရာ အသွင်ပြောင်းလဲ တည်ဆောက်ခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပရာသယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
Oct 14, 2021
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများအား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေး ထုတ်ပေးလျက်ရှိသည်။
Oct 14, 2021
ရန်ကုန်တွင် နိုင်ငံ့လူဦးရေ၏ ၁၅ ရာခိုင်နှုန်း နေထိုင်လျက်ရှိသည်။ ထို့အပြင် နိုင်ငံတကာနှင့် ဆက်သွယ်သွားလာနိုင်သည့် လေကြောင်း တံခါးပေါက်၊ နိုင်ငံ၏ အဓိကပင်လယ်ဆိပ်ကမ်းမြို့၊ နိုင်ငံတွင်အချက်အချာကျသော စီးပွားရေးမြို့တော်ကြီးလည်းဖြစ်ရာ ရန်ကုန်မြို့တော် တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့မှာ လွန်စွာအရေးကြီးသည်။
Oct 14, 2021
နိုင်ငံသားတစ်ဦး၏ တရားဝင်ရပ်တည်ပိုင်ဆိုင်နိုင်ခွင့်၊ လုပ်ကိုင်ဆောင်ရွက်နိုင်ခွင့် စသည်တို့အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားသည် အရေးကြီးသည့်အထောက် အထားဖြစ်သည်။ ထို့အပြင် နောင်လာမည့်ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်အားလုံး မဲပေးနိုင်ရေးတွင် အရေးပါသည့် အထောက်အထားမှာ နိုင်ငံသားစိစစ်ရေးကတ်ပြားဖြစ်သည်။
Oct 13, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ် ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် -
Oct 13, 2021
“သီတင်းကျွတ်အမီ ချစ်သူဆီ” တေးဂီတဖျော်ဖြေမှု ပွဲစဉ်(၃)ကို အောက်တိုဘာ (၁၅)ရက်၊ ည(၈)နာရီသတင်းအပြီးတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ထုတ်လွှင့်ပြသမည်ဖြစ်သည်။
Oct 13, 2021
ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ရန်ပုံငွေရှာဖွေရေးနှင့် ဘဏ္ဍာရေးလုပ်ငန်း ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Oct 13, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့်စားသုံးသူပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စားအုန်းဆီများကို တစ်ပိဿာလျှင် လက်ကားဈေး (၃၇၀ဝိ/-) ကျပ်နှုန်းဖြင့် စက်တင်ဘာ ၂၀ ရက်မှ စတင်ရောင်းချလျက်ရှိရာ ယနေ့ထိ ရန်ကုန်တိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့အတွက် စားအုန်းဆီ(၇,၄၀၁,၁၇၂)ပိဿာ၊ တန်ချိန် (၁၂,၀၉၃) တန်ရောင်းချခဲ့ပြီးဖြစ်သည်။
Oct 13, 2021
နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လိုအပ်သည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်အိုးခွံ၊ အိမ်သုံးအောက်ဆီဂျင်စက်နှင့် အခြား ဆက်စပ်ပစ္စည်းများကို လေကြောင်း၊ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆင်ပြေ ချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အခြားဆက်စပ်ဌာနများနှင့် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများနှင့် မြဝတီ၊ ကန်ပိုက်တီနှင့်ချင်းရွှေဟော် ကုန်သွယ်ရေး စခန်း(၃)ခုတို့မှ တင်သွင်းရာ၌ကုမ္ပဏီ (၂)ခုမှယာဉ်စီးရေ(၅)စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ်(၁)စီး တန် (၂၀) ၊ အောက်ဆီဂျင်(အိုးခွံ) (၁၇၁၃)ခု၊ Oxygen Plant (၁၂)ခုနှင့် နှာခေါင်း စည်း(Mask) (၂၈)တန်တင်သွင်းခဲ့သည်။ အောက်ဆီဂျင်(အရည်)Bowser ယာဉ်(၁)စီးမှာ မြဝတီမှ ရန်ကုန်မြို့သို့ဖြစ်ပြီး Oxygen Plant (၁၂) ခုမှာ ဆိပ်ကမ်းမှ ရန်ကုန်မြို့သို့(၁၀)ခုနှင့် ကန်ပိုက်တီမှ မြစ်ကြီးနားမြို့သို့(၂)ခု ဖြစ်ကြောင်း သိရှိရသည်။
Oct 13, 2021
၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာ၀ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
