Skip to main content

ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းနှင့် Russian Direct Investment Fund၏ CEO ဖြစ်သူ Mr. Kirill Dmitriev တို့ Virtual စနစ်ဖြင့် ဆွေးနွေး

 

နေပြည်တော် အောက်တိုဘာ ၁၄

 

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ပါမောက္ခ ဒေါက်တာအေးထွန်းသည် Russian Direct Investment Fund၏ CEO ဖြစ်သူ Mr. Kirill Dmitriev နှင့် အောက်တိုဘာ ၁၂ ရက် ညနေပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄) ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမမှ Virtual စနစ်ဖြင့် ဆွေးနွေးသည်။

 

တွေ့ဆုံဆွေးနွေးပွဲတွင် Sputnik V and Sputnik Light ကိုဗစ်-၁၉ ကာကွယ် ဆေးများနှင့် ပတ်သက်၍ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရာ၌ လက်ရှိ တွင် အောင်မြင်လျက်ရှိသည့် ထင်ရှားသော ဖြစ်ပေါ်တိုး တက်မှုများနှင့် ယင်းကာကွယ် ဆေးများ၏ အနာဂတ်အလားအလာများကို မျှဝေခဲ့ကြသည်။

 

တွေ့ဆုံဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် (ဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ကုသရေးဉီးစီးဌာန)နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

 (သတင်းစဉ်)