နေပြည်တော် အောက်တိုဘာ ၁၄
နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လို အပ်သည့်အောက်စီဂျင်အရည်၊ အောက်ဆီဂျင်အိုးခွံ၊ အိမ်သုံးအောက်ဆီဂျင်စက်နှင့် အခြားဆက်စပ် ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် အခြားဆက်စပ် ဌာနများနှင့် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းများ၊ မူဆယ်၊ မြဝတီနှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း (၃)ခု တို့မှ တင်သွင်းရာ၌ကုမ္ပဏီ (၅)ခုမှ ယာဉ်စီးရေ (၁၂) စီးဖြင့်အောက်ဆီဂျင်(အရည်) Bowser ယာဉ်(၄) စီး (၇၅)တန်၊ အောက်ဆီဂျင်(အိုးခွံ) အခု(၁၈၀၀)၊ Oxygen Plant (၅)ခု၊ လုပ်ငန်းသုံးအောက်ဆီဂျင်စက် (Oxygen Generator)(၃)ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၁၅၅)ခု၊ Test Kit အခု (၅၀၀၀)၊ လက်အိတ် (၃၃) တန်နှင့် နှာခေါင်းစည်း (Mask) (၃၃)တန် တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ်(၄)စီးမှာ မူဆယ်မှ မန္တလေးမြို့သို့(၃)စီးနှင့် မြဝတီမှ ရန်ကုန်မြို့ သို့(၁)စီး ဖြစ်ပြီး Oxygen Plant (၅) ခုမှာ ဆိပ်ကမ်းမှ ရန်ကုန်မြို့သို့ ဖြစ်ကြောင်းသိရှိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို ပြည်ပမှတင်သွင်းရာတွင် နှောင့်နှေးကြန့်ကြာမှု မရှိစေရေး အတွက် သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြု ပေးလျက်ရှိပါ ကြောင်းနှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်သက်ဆိုင်သည့် အသိပေး ကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေးစီစဉ်ဆောင်ရွက် ပေးထားပါကြောင်း သိရှိရသည်။
(သတင်းစဉ်)